Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း ရှေ့တန်းထွက်နေသော အရာရှိ၊တပ်သားများ၏ ဇနီးမယားများ အဓမ္မပြုကျင့်ခံရမှု၊ ဖောက်ပြန်မှုများ ပေါ်ထွက်လာ

idigital news by idigital news
November 27, 2021 - Updated on March 3, 2022
Reading Time: 1 min read

အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း ဗိုလ်မှူးအဆင့်အပါအဝင် အရာခံဗိုလ်များသည် စစ်ဆင်ရေးထွက်နေသော တပ်သားများ၏ ဇနီးမယားများကို အဓမ္မပြုကျင့်ခြင်း၊ အဓမ္မပြုကျင့်ရန် ကြံစည်မှုများ ပြုလုပ်ခဲ့သောကြောင့် အရေးယူရသည့် တပ်တွင်းလျှို့ဝှက်စာများ လူမှုကွန်ယက်တွင် ပျံ့နှံ့လာခဲ့သည်။

အဆိုပါစာတွင် တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိနှင့် စစ်သည်များအနေဖြင့် တပ်တွင်း၊တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူမှုရေး ဖောက်ပြန်မှုများ တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။ ပျံ့နှံ့လာသည့် လျှို့ဝှက်စာတွင် ဖြစ်စဉ် (၅) ခု ဖော်ပြထားပြီး ဖြစ်စဉ်များမှာ ယခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမှတ် (၇) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကိုယ်ပိုင်အမှတ် ၈၁၂၉၆ တပ်ကြပ်ကြီး ဇော်မျိုးသည် ၅.၇.၂၀၂၁ ရက်နေ့ ည (၉) နာရီအချိန်တွင် တစ်တပ်တည်းမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ဖိုးအေး၏ နေအိမ်လိုင်းခန်းသို့ တပ်ကြပ်ဖိုးအေး မရှိခိုက် သွားရောက်ကာ တပ်ကြပ်ဖိုးအေး၏ဇနီး ဒေါ်ခင်နှင်းသက်အား ၎င်းနှင့်အတူ ကာမစပ်ယှက်ရန် (၂) နာရီခန့်ကြာ စည်းရုံးပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမှတ်(၃) ဝန်တင်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ-၄၉၁၀၄၄ တပ်သားရဲမင်းကြိုင်သည် အမှတ်(၁) ဂိတ်ကင်းတွင် ကင်းတာဝန်ထမ်းဆောင်နေစဉ် ၂၀.၆.၂၀၂၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန့်ခန့်တွင် စစ်သည် (၆) ခန်းတွဲ၊ လိုင်းအမှတ် (RMB-407) အခန်းအမှတ် (B) သို့ အိမ်အနောက်တံခါးမှ ဝင်ရောက်ပြီး စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်သား ဒီမိုနိုင်၏ ဇနီး ဒေါ်မေထူးဝေ အိပ်ပျော်နေစဉ် အဓမ္မပြုကျင့်ရန် ကိုယ်လုံးတီးဖြင့် အိပ်ယာပေါ်သို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

အမှတ် (၁၄၂) ခြေလျင်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ် ကြည်း (၄၅၄၁၀) ဗိုလ်မှူးတင်ကိုထက်သည် ဌာနချုပ်၏ တပ်ခွဲမှူးတာဝန်ထမ်းဆောင်စဥ် တစ်တပ်တည်း​​​နေ ဒုတပ်ကြပ်သံချောင်း၏ ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်ကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှ ချစ်ကြိုက်ကြောင်းအပြန်အလှန်​ပြော ခြင်း၊ဗီဒီယို ကောအပြန်အလှန်ခေါ်ခြင်းနှင့် နေအိမ်လိုင်းခန်းအား အဝင်၊ အထွက် ပြုလုပ်ခဲ့သည့်အတွက် စစ်စည်းကမ်းအရ အရေးယူခဲ့သည်ဟု ပါရှိသည်။

အလားတူ ခြေလျင်တပ်ရင်း အမှတ်(၁၂၁)မှ ကိုယ်ပိုင်အမှတ် (၂၉၂၁၂) ဒုတိယ အရာခံဗိုလ်ထွန်းအောင်ကျော်သည် တစ်တပ်တည်းနေသည့် စစ်ဆင်ရေးတာဝန်ထွက်နေသော တပ်သားဇင်ကိုရှိုင်း၏ ဇနီးရွှေဇင်ထွန်း နှင့်အတူ နှစ်ဦးသ​ဘောတူနှစ်ကြိမ် ကာမစက်ယှက်မှုပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါလျှို့ဝှက်စာတွင် ဖော်ပြပါရှိသည်။

ထို့အပြင် အမှတ် (၄၃၇)ခြေလျင်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ (၂၅၇၅၈၃) တပ်ကြပ် ဇာနည်အောင်သည် အနံ့ ပျောက်သည်ဟုဆိုကာ အရက်သောက်၍ တစ်တ​ပ်တည်းနေ စစ်ဆင်ရေး ထွက်နေသော ဒုတပ်ကြပ်သန်းထိုက်၏ နေအိမ်သို့သွားရောက်ကာ ၎င်း၏ ဇနီးဒေါ်သဲသဇင်ထွန်းနှင့် ကာမစပ်ယှက်ရန် သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

Cryptocurrency USDT ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုကြောင်း NUG ကြေညာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.