စောစောရှာ Contacts Tracing app ကို MOHS Myanmar မှ ဖြန့်ချီ

မြန်မာနိုင်ငံတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိသည်မှာ တစ်လကျော်ရှိပြီး ယနေ့အထိ ရောဂါပိုးကူးစက်ခံရသည့် အတည်ပြုလူနာ ၁၀၇ ဦးအထိ ရှိလာပြီး ဖြစ်သည်။ ယနေ့အထိ သက်ဆိုင်ရာမှ ရောဂါပိုးထိန်းချုပ်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိပြီး ယခုအခါ စောစောရှာ   အမည်ရှိ Contacts Tracing app ကို ဖြန့်ချီလိုက်ပြီဖြစ်သည်။

Coronavirus Disease 2019 (COVID-19) ကူးစက်ခံရနိုင်ခြေရှိသူများအား ရှာဖွေဖော်ထုတ်နိုင်မည့် “ စောစောရှာ” Mobile Application အသုံးပြုနိုင်ရေး အများပြည်သူသို့ တိုက်တွန်းနှိုးဆော်ချက်ကို Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန် (18-4-2020)

ဆိုသည့် စာသားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဖေ့စ်ဘုတ် စာမျက်နှာမှ ထုတ်ပြန်ခဲ့သော်လည်း အသုံးပြုပုံအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် Contacts Tracing app အနေဖြင့် ယခု စောစောရှာ မိုဘိုင်းအက်ပ်မတိုင်မီ Care Together  app ကို လူငယ်နည်းပညာရှင်များမှ ရေးသားဖြန့်ချီထားပြီး အသုံးပြုသူ တစ်သိန်းတစ်သောင်းကျော်ခန့် ရှိနေပြီဖြစ်ကြောင်း Care Together app မှ တာဝန်ရှိသူတစ်ဦးက သူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

(၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀) အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၀၇)ဦး၊  ပိုးတွေ့ပြန်လည်သက်သာလူနာ (၅)ဦးနှင့်  ပိုးတွေ့သေဆုံးလူနာ (၅)ဦး ရှိနေပြီ ဖြစ်သည်။