Tik Tok နဲ့ Facebook Videos အတွက် အဆင်ပြေမယ့် Samsung ရဲ့ The Sero TV

တီဗီတစ်လုံးကို ဒေါင်လိုက်လှည့်ကြည့်ဖို့ဆိုတာ ကျွန်တော်တို့ စိတ်ကူးထဲမှာတောင် ရှိမယ် မထင်ပါဘူး။ Samsung ရဲ့ The Sero TV ကတော့ မူလ Horizontal အပြင် ဖုန်းတွေလို Rotate လုပ်ပြီး ဒေါင်လိုက်ပါ ထောင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ Samsung ဟာ The Sero ကို မနှစ်က ကိုရီးယားမှာ စတင်ဖြန့်ချီခဲ့ပြီး ဒီနှစ် ၂၀၂၀ ထဲမှာ Global Market ကို ဖြန့်ချီရောင်းချမှာ ဖြစ်ပါတယ်။

 

The Sero ဟာ ဖုန်းနဲ့ အလွယ်တကူ ချိတ်ဆက်ပြီး ဖုန်းရဲ့ screen အနေအထားအတိုင်း အဆင်ပြေအောင် ပြောင်းလဲ ပြသပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါင်လိုက် ကြည့်ရတဲ့ Tik Tok Video တွေ၊ Instagram Video တွေအပြင်၊ Facebook, Youtube တို့က ဗီဒီယိုတွေကိုပါ အဆင်ပြေပြေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

လူတွေက တီဗီကို လူမှုဘဝတွေမှာ ပိုပြီး အသုံးချလာကြပါပြီ။ ဒါကြောင့် ဆမ်ဆောင်းအနေနဲ့ လူမှုဘဝတွေအတွက် ပိုပြီး အဆင်ပြေစေဖို့ လုပ်ဆောင်ချက်အသစ်တွေ၊ အပြင်အဆင်အသစ်တွေနဲ့ Screen တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။

Grace Dolan, Vice President, Home Entertainment Integrated Marketing at Samsung Electronics America