Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

idigital news by idigital news
April 21, 2023
Reading Time: 1 min read

သင်မှာ ဖေ့စ်ဘွတ်အကောင့်တစ်ခု ရှိလား။ ဒါဆိုရင် Facebook ကပေးမယ့် လျော်ကြေးငွေ ၇၂၅ သန်းကို ရနိုင်ဖို့ အခွင့်အလမ်းရှိပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလျော်ကြေးကို ရဖို့ ပထမဆုံး လိုအပ်ချက်က သင့်မှာ ‌၂၀၀၇ မေလ ကနေ ၂၀၂၂ ဒီဇင်ဘာလအတွင်း အသုံးပြုနေတဲ့ Facebook အကောင့်တစ်ခု ရှိရမှာ ဖြစ်ပြီး ဒုတိယအနေနဲ့ သင်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူ ဖြစ်ရပါမယ်။

၂၀၁၈ ခုနှစ်မှာ Facebook ဟာ Cambridge Analytica လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုထံကို အသုံးပြုသူ ၈၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မပါပဲ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်း‌ပေါက်ကြားလာခဲ့ပါတယ်။ ဒီ သတင်းပေါက်ကြားလာပြီးတဲ့နောက်မှာ တကမ္ဘာလုံးတုန်လှုပ်ခဲ့ရပြီး ဒီအတွက် Facebook အနေနဲ့ တာဝန်ခံဖို့ တရားစွဲဆိုမှုတွေ ရှိလာခဲ့ပါတယ်။

တရားခွင်မှတ်တမ်းတွေအရ Facebook ဟာ Cambridge Analytica လို့‌ ခေါ်တဲ့ နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့အစည်းကို အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေ ပေးခဲ့တာ ပေါ်ပေါက်ခဲ့ပါတယ်။ Cambridge Analytica ဟာ ၂၀၁၆ ခုနှစ် အမေရိကန်အထွေထွေရွေးကောက်ပွဲမှာ သမ္မတဟောင်း ‌‌ဒေါ်နယ်ထရန့်ကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီတော့ ဒီအချက်အလက် ပေါက်ကြားမှုရဲ့ အကျိုးဆက်က ခန့်မှန်းလို့ မရအောင် ကြီးမားလှပါတယ်။

ဒီပေါက်ကြားမှုကြောင့် Facebook CEO မာ့ခ် ဇူကာဘတ်ကို အမေရိကန်လွှတ်တော်က တရားစွဲဆိုခဲ့ပါတယ်။

ဒီတရားစွဲဆိုမှု အပြီးမှာ Facebook ဟာ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် ‌‌ဒေါ်လာ ၇၂၅ သန်း ပေးလျော်ရတော့မှာ ဖြစ်ပါတယ်။ သင်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ၂၀၀၇ မေလကနေ ၂၀၂၂ ဒီဇင်ဘာလအတွင်း အသုံးပြုနေတဲ့ facebook အကောင့်တစ်ခု ရှိမယ်ဆိုရင် ဒီမှာ ဖောင်ဖြည့်ပြီး လျော်ကြေးတောင်းနိုင်ပါပြီ။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

Tags: Cambridge Analytica and FacebookFacebook LawsuitFacebook Privacy Concerns
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

10 AI Tools for Content Writers: Supercharge Your Writing with Artificial Intelligence!

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.