Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

မင်းတပ်မြို့နယ်က ယနေ့ အကြမ်းဖက် စကစတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ

idigital news by idigital news
July 26, 2021 - Updated on March 3, 2022
Reading Time: 1 min read

ယနေ့မင်းတပ် မြို့နယ်ရှိ့ မကွီအိမ်နူးမြို့နယ်ခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုကို ဒေသခံ Mindat CDF တပ်ဖွဲ့ထံ လက်နက် အပ်နှံပြီး စစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် လူဦးရေ ဆယ်ဂဏန်း ခန့် ပြည်သူနှင့် ပူးပေါင်းကြောင်း သိရသည်။

Mindat CDF မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ထားသော်လည်း စခန်းမှူးဖြစ်သူ စစ်ကောင်စီအရာရှိ မှ တိုက်ပွဲ မဖြစ်စေချင်ဘဲ လက်နက်အပ်နှံ ပူးပေါင်းမည် ဆိုသောကြောင့် ၂ ဘက် သွေးမြေကျစရာမလိုဘဲ စခန်း သိမ်းနိုင်ခြင်းဖြစ်သည်။ ယနေ့ညနေပိုင်းတွင် DVB မီဒီယာမှ တဆင့် အင်တာဗျူးများ နှင့် မြေပြင် ဗီဒီယိုဖိုင်များ ပျံ့နှံ့လာခဲ့သည်။

စစ်ကောင်စီ တပ် ကားများ မကွေးတိုင်းမှ မင်းတပ် မြို့အတွင်းသို့ တောက်လျှောက် အဝင်အတွက် ရှိနေပြီး စစ်ကောင်စီတပ်များ ကား/ဆိုင်ကယ် များဖြင့် မြို့တွင်း ကင်းလှည့်နေကြောင်း သိရသည်။ စက်သေနတ်များပါ တပ်ဆင်ထားကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် မင်းတပ်-မတူပီ လမ်း ၅/၆ မိုင်ပတ်ဝန်းကျင်တွင် လက်နက်ကြီးသံများ ကြားနေရကြောင်းသိရသည်။ နယ်မြေခံ တပ်ရင်း ၂၇၄ အနီးတဝိုက်တွင်ဖြစ်ပြီး ခြောက်လှန့် ပစ်ခတ်ခြင်းမျိုး ဖြစ်နိုင်ကြောင်း သိရသည်။ ယနေ့ ညနေ ၆ နာရီတွင် စစ်ကောင်စီတပ်များအချင်းချင်း မူးရူးပြီး ပစ်ခတ်ရာ ရဲတစ်ယောက်ဒဏ်ရာရရှိကြောင်းသိရသည်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

ယနေ့ မင်းတပ်တွင် Covid-19 positive ထပ်တိုး လူနာ ၃ ဦးရှိပြီး၊ စုစုပေါင်း ၁၅ ဦးရှိကြောင်းသိရပြီး သံဃာ ၂ ပါး ပါဝင်ကြောင်း နယ်မြေခံ ပရဟိတမိတ်ဆွေ နာရေးကူညီမှု အသင်း၏ facebook စာမျက်နှာအရ သိရသည်။

ဒေသခံပြည်သူများ စစ်ရှောင်နေရာမှ ထပ်မံတိမ်းရှောင် ထွက်ပြေးနေကြရပြီး မိုးများဆက်တိုက်ရွာသွန်းနေသည့်အတွက် ရိက္ခာနှင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့နေကြရသည်။

မကွေးတိုင်း တွင်းရှိ စစ်ရှောင်စခန်း များတွင်လည်း Covid-19 သံသယ လူနာများ စတင်တွေ့ရှိနေရကြောင်း သိရသည်။

မင်းတပ်တွင် ၁၆.၇.၂၀၂၁ နေ့၌ အပစ်အခတ် ရပ်နားခြင်း သဘောတူညီမှု ကုန်ဆုံး ပျက်ပြယ် ခဲ့ပြီး UNHCR အကူညီစတင်ဝင်ရောက်သည့် နောက်နေ့ ၂၁ ရက်နေ့မှ စ၍ တကျော့ပြန် တိုက်ပွဲ ပြန်ဖြစ်လာခဲ့သည်။

ယနေ့ ညနေ ၆ နာရီဝန်းကျင် ၅ မိုင်နားက ဦးမောင်းထန်းအိမ်နေရာနားကနေ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ် ၁၀ ချက်ဝန်း ကျင် ဖောက်ကြပါတယ်။ ပြီးနောက် မင်းတပ်ဖက်သို့ ကား ၂ စီးနှင့် ပြန်ဆင်းလာကြသည်။

မတူပီ နှင့် မင်းတပ်ကြားက လည်မျိုချောင်း အပေါ်မှာ ပုံမှန် စစ်ဆေးတဲ့ဂိတ်တွင် ယနေ့ အကြမ်းဖက်စကစတပ် ၅၀ ဝန်းကျင် နှင့် အစစ်အဆေးကြပ် နေတယ်လို့ သိရပါသည်။ ညနေပိုင်း မတူပီ-မင်းတပ်ကြားကားလမ်းပေါ်က ချန်ပြန်း ရွာသစ်နား မြေပြို လမ်း ပိတ်တဲ့ နေရာကို အကြမ်းဖက်စကစတပ်တွေ ၂ ခေါက်လာကြည့် ကြတယ်လို့ သိရပါသည်။

Source: Zalen
Tags: CDFCDF Mindatမင်းတပ်
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

ကိုဗစ်ကာကွယ်ဆေးများအကြောင်း သိကောင်းစရာ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.