Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Apple

Apple က ကိုယ်တိုင် ထုတ်လုပ်သည့် Processor M1 ကို စတင်မိတ်ဆက်

idigital news by idigital news
November 13, 2020 - Updated on November 26, 2020
Reading Time: 1 min read

Apple က သူတို့ရဲ့ ပထမဆုံး Processor ကို စတင်မိတ်ဆက်ခဲ့ပြီး M1 လို့ နာမည်ပေးထားပါတယ်။ M1 chip ဟာ Mac device တွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ M1 ဟာ အရွယ်အစားသေးငယ်ပြီး စွမ်းအင်သုံးစွဲမှု နည်းတာကြောင့် Mac စနစ်တွေမှာ အလွန် အသုံးဝင်မှာ ဖြစ်ပါတယ်။

Apple အနေနဲ့ Intel Processors သုံးစွဲနေမှုကို ရပ်တန့်ပြီး ကိုယ်တိုင်ထုတ်လုပ်တဲ့ Processor တွေကို စတင်သုံးစွဲဖို့ စီစဉ်နေတယ်လို့ WWDC ပွဲမှာ ပြောခဲ့ပါတယ်။ Apple ဟာ Intel Processors တွေကို ၂၀၀၆ ခုနှစ်ကတည်းက စတင် သုံးစွဲခဲ့ပြီး အခုအခါမှာတော့ M1 chip ကို ထုတ်လုပ်နိုင်ခဲ့ပါပြီ။ M1 chip ကြောင့် Apple အနေနဲ့ Mac device တွေနဲ့ MacOS ရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထွက်ရှိလာမယ့် MacOS Big Sur ဟာလည်း M1 chip အတွက် ပိုမိုသင့်တော်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mac device တွေအနေနဲ့ ပါဝါသုံးစွဲမှု အနည်းဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးကို ရဖို့ မျှော်လင့်နိုင်ပါပြီ။

CPU စွမ်းဆောင်ရည်

M1 မှာ CPU core 8 လုံး ပါဝင်ပြီး ၄ လုံးဟာ စွမ်းဆောင်ရည် မြင့်မားဖို့နဲ့ အခြား ၄ လုံးကိုတော့ စွမ်းအင်သုံးစွဲမှုအနည်းဆုံးနဲ့ ထိရောက်တဲ့ ရလဒ်တွေ ရရှိဖို့ ရည်ရွယ်ပါတယ်။ စွမ်းအင်သုံးစွဲမှု ဆယ်ပုံ တစ်ပုံနဲ့ စွမ်းဆောင်ရည် မြင့်မြင့် ရရှိနိုင်မယ်လို့ Apple က ဆိုပါတယ်။ တကယ်တော့ high-effiency cores တွေဟာ သူတို့ချည်းပဲကို အစွမ်းထက်နေပါပြီ။ core တစ်ခုဟာ Intel ရဲ့ dual core ကို အသုံးပြုတဲ့ Macbook Air တွေလောက် စွမ်းဆောင်ရည် ရရှိနိုင်မှာဖြစ်ပြီး ပါဝါသုံးစွဲမှုမှာတော့ ပိုနည်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် core ၈ ခုစလုံးဟာ ပေါင်းစပ်အလုပ်လုပ်တဲ့အခါမှာ မယုံကြည်နိုင်လောက်တဲ့ တွက်ချက်စွမ်းရည်ကို ရရှိနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး CPU စွမ်းရည်မျိုး ဖြစ်လာမယ်လို့ Apple က ဆိုပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Photo – Apple

GPU စွမ်းဆောင်ရည်

CPU လိုပဲ GPU ဟာလည်း core ၈ လုံး ပါဝင်မှာ ဖြစ်ပြီး လုပ်ငန်းပေါင်း နှစ်သောင်းခွဲလောက်ကို တပြိုင်တည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် GPU ဟာ 4K video streaming တွေကို ကြည်ကြည်လင်လင် ကြည့်နိုင်ဖို့နဲ့ 3D လုပ်ငန်းတွေ render လုပ်ဆောင်ရာမှာလည်း ကောင်းမွန်စွာ ကူညီပေးနိုင်မယ်လို့ Apple က ပြောပါတယ်။ Apple က M1 ဟာ တကိုယ်ရည်သုံးကွန်ပျူတာတွေထဲမှာ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာဂရပ်ဖစ် ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Photo – Apple

Neural Engine

M1 chip မှာ Apple ရဲ့ Neural Engine ကို ထည့်သွင်းထားပြီး Neural Engine ဟာ Machine Learning လုပ်ငန်းတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ Neural Engine မှာ Apple ရဲ့ 16-core ဖွဲ့စည်မှု ပါရှိပြီး တစက္ကန့်အတွင်း လုပ်ငန်းပေါင်း ၁၁ ထရီလီယံကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Neural Engine ဟာ Apple ရဲ့ Machine Learning ကို ၁၅ ဆလောက် ပိုမြန်စေမယ်လို့ ဆိုပါတယ်။ ဘယ်လို Machine Learning လုပ်ငန်းတွေ ဖြစ်မလဲ။ Video သုံးသပ်မှုတွေ၊အသံ မှတ်မိနိုင်စွမ်းတွေနဲ့ ပုံရိပ် စစ်ဆေးခြင်းတွေမှာ အရင် Mac တွေနဲ့ မတူတဲ့ နောက်ထပ် အဆင့်တခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo – Apple
ShareTweetSharePin1Send

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Google Photos will stop free unlimited storage

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.