အိမ်ထဲနေရတာ ပျင်းနေတဲ့သူတွေအတွက် Google Search ထဲက 3D Animals လေးတွေအကြောင်း ပြောပြချင်ပါတယ်။
Google အနေနဲ့ Google Search ရဲ့ ရှာဖွေမှုရလဒ်တွေထဲမှာ 3D Animals လေးတွေ ထည့်ပေးထားတာ တစ်နှစ်လောက် ရှိပါပြီ။ ဒါပေမယ့် တော်တော်များများ မသိကြသေးပါဘူး။
- အရင်ဆုံး Google app ဒါမှမဟုတ် Browser တစ်ခုခုကနေ www.google.com ကို သွားပါ။
- ကျွန်တော်တို့ အရင်ဆုံး Tiger ကို ရှာကြည့်ပါမယ်။ Search box ကနေ Tiger လို့ ရိုက်ရှာပါ။
- အောက်ကလိုမျိုး View in 3D ဆိုတာမျိုး တွေ့ပါလိမ့်မယ်။

- View in 3D ကို နှိပ်လိုက်ရင် အောက်ကလို 3D image တွေ့ပါမယ်။
View in your space ကို နှိပ်ကြည့်ရင် ကိုယ့်ရဲ့ ပြင််ပနေရာမှာ 3D animal ကို နေရာချကြည့်လို့ ရပါပြီ။
အခုလောလောဆယ် ရှာလို့ ရမယ့် 3D animals list ကို ဖော်ပြပေးလိုက်ပါတယ်။
| Land animals | Tiger, giant panda, leopard, goat, cheetah, pony, brown bear, timber wolf, Shetland pony, python, Arabian horse, raccoon, hedgehog, and deer |
| Underwater and wetland animals | Mallard duck, alligator, great white shark, octopus, angler fish, and sea turtle |
| Birds | Macaw, emperor penguin, and eagle |
| House pets | Pomeranian, golden retriever, labrador, rottweiler, French bulldog, pug, and cat |
| More | Chauvet cave, Neil Armstrong, and Apollo 11 command module |