မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာ (၉) ရက် နံနက် (၁၁) နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ် (၂) စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်ကျေးရွာ အနောက်ဖက် ၂ မိုင်ခန့်ဝေးသော နေရာတွင် အကြမ်းဖက် စစ်ကောင်စီက ဂျက်လေယာဉ် (၂) စီးဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မိုင်းနောင် ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ဒေသခံသတင်းမီဒီယာ KNG သတင်းဌာနက သတင်းဖော်ပြထားသည်။
ရွာရဲ့အနောက်ဘက်ခြမ်းဟုတ်တယ်။ ဂျက်လေယာဉ် ၂ စီးနဲ့ လာပစ်သွားတယ်။ ရွာကနေ အသံတွေ အကျယ်ကြီးကြားရတယ်။ နေရာအတိအကျတော့ မသိဘူး။ KIA နဲ့ PDF အဖွဲ့ရှိတယ် ထင်လို့ လာပစ်တယ်လို့ဘဲကြားတယ်
မိုင်းနောင်ဒေသခံတစ်ဦး
အကြမ်းဖက် စစ်ကောင်စီက ယနေ့ ဗုံးကြဲတိုက်ခိုက်သည့်နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) လက်အောက်ခံ နယ်မြေ ဖြစ်ပြီး ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပဲ
Copy this code to get iMovies Points.