Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
No Result
View All Result
Home Editors' Picks

Tesla ရဲ့ပထမဆုံးသော စက်ရုပ် Tesla Bot သို့မဟုတ် Optimus

idigital news by idigital news
October 3, 2022
Reading Time: 1 min read

လျှပ်စစ်ကားကုမ္ပဏီတွေထဲ အကြီးဆုံးတစ်ခုဖြစ်တဲ့ Tesla ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွမ်းကျင်ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့ AI Event ကိုကျင်းပခဲ့ပါတယ်။အဲ့ဒီ Event မှာလူစိတ်အဝင်စားခံရဆုံးတစ်ခုကတော့ မနှစ်ကတည်းကချပြမယ်ဆိုပြီး ကြေညာထားတဲ့ စက်ရုပ်‌လေးပါ။မနှစ်ပြပွဲမှာတုန်းကတော့ စက်ရုံဝတ်စုံနဲ့ကနေတဲ့ လူတစ်ယောက်ကိုပဲ ချပြခဲ့ပြီး ခုဒီနှစ်တော့ တကယ့်စက်ရုပ်ကို မိတ်ဆက်ခဲ့ပါတယ်။

လက်ရှိကားကုမ္ပဏီတော်တော်များများက စက်ရုပ်တွေကို ဖန်တီးနေကြချိန်မှာ Tesla ကပါနောက်ဆုံးဝင်လာတာပါ။အဲ့ဒီစက်ရုပ်ကို Optimus နဲ့ Tesla Bot လို့နာမည်ပေးထားပြီး လူသားတွေအတွက် အကျိုးအများကြီးရှိစေမယ့် စက်ရုပ်လို့ Tesla ရဲ့ CEO အီလွန်မက်စ်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

Tesla Bot ဟာစင်ပေါ်မှာလမ်းဖြည်းဖြည်းချင်းလျှောက်ပြ၊ပရိသတ်တွေဆီ လက်အမူအယာတွေကို အထိန်းကြိုးမပါပဲနဲ့ လုပ်ပြခဲ့ပါတယ်။ပုံမှန်စက်ရုပ်တွေရွေ့လျားသွားလာတဲ့အခါ လဲကျပြီး ပျက်စီးတာတွေကို မဖြစ်စေဖို့ ကြိုးနဲ့သွယ်ပြီး ထိန်းထားတတ်ပါတယ်။ Tesla Bot ကတော့ခုစင်ပေါ်မှာလမ်းလျှောက်တာဟာ ကြိုးမပါပဲ ပထမဆုံးလှုပ်ရှားခြင်းလို့လည်း သိရပါတယ်။

Tesla စက်ရုပ်က အပင်ရေလောင်းနေစဉ်

Tesla Bot အပင်တွေကိုရေလိုက်လောင်းနေတဲ့ Video ကိုလည်း ပြသခဲ့ပါသေးတယ်။အီလွန်မက်စ်ရဲ့ပြောစကားအရ ခုလက်ရှိမြင်ရတာတွေထက်ကို Tesla Bot ကပို‌စွမ်းဆောင်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဈေးကွက်ထဲမှာရှိနေတဲ့ တခြားစက်ရုပ်တွေထက်ပိုသာတာက Tesla Bot က Tesla ကားတွေမှာအသုံးပြုတဲ့ မောင်းသူမဲ့စနစ်ထည့်သွင်းထားတာကြောင့် အကူအညီမပါပဲ ကိုယ်တိုင် Navigate လုပ်နိုင်တာလို့သိရပါတယ်။တကယ်လို့ဈေးကွက်ထဲမှာ ဖြန့်ဖြစ်ရင် ဒေါ်လာနှစ်သောင်းထက်မကျော်တဲ့ဈေးနဲ့ ဖြန့်မယ်လို့လည်းတစ်ခါတည်းကြေညာသွားပါတယ်။

Boston Dynamics

တကယ်တော့ အီလွန်မက်စ်ရဲ့ ဒီ Tesla Bot ကအရမ်းကြီးထူးထူးခြားခြားကောင်းမွန်နေတာမျိုးတော့မရှိပါဘူး။ဘာကြောင့်လဲဆို Hyundai ကထုတ်လုပ်တဲ့ Boston Dynamics စက်ရုပ်တွေက လမ်းလျှောက်နေတာအပြင် နောက်ဂျွမ်းတွေပါ ထိုးပြနေနိုင်တာကြောင့်ပါ။ဒါပေမဲ့ Tesla မှာက Space X တို့ပါရှိနေတာမလို့ နည်းပညာပိုင်းပိုစုံတဲ့အတွက် နောက်ပိုင်းမှာ Tesla Bot နဲ့အတူ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Copy this code to get iMovies Points.
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Apple

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

November 14, 2022
Future Tech

သင့်ရဲ့ဖုန်းနဲ့ Small Gadget တွေကို အားသွင်းပေးနိုင်မယ့် အဝတ်စ

November 14, 2022
Next Post

iPhone 14 Series ရဲ့ Dynamic island ကို Android ဖုန်းတွေပေါ်မှာ ခံစားခြင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist