This post is also available in: English
Xiaomi ဟာ သူ့ရဲ့ Fitness Tracker မျိုးဆက်သစ် အဖြစ် Mi Band 5 ကို feature အသစ်တွေနဲ့ လွန်ခဲ့တဲ့ တစ်ပတ်က မိတ်ဆက်ခဲ့ပြီး မနေ့က တရုတ်ပြည်မှာ စတင်ရောင်းချခဲ့ပါတယ်။ စတင်ရောင်းချတဲ့နေ့မှာပဲ Mi Band 5 ရဲ့ NFC version ဟာ အချိန်ခဏလေးအတွင်း stock ပြတ်သည်အထိ ဝယ်ယူအားပေးခဲ့ကြပါတယ်။
Mi Band 5 ကို NFC ပါတာနဲ့ မပါတာ နှစ်မျိုး ထုတ်လုပ်ရောင်းချခဲ့ပြီး NFC ကလွဲပြီး ကျန်တဲ့ လုပ်ဆောင်ချက်များအားလုံးဟာ အတူတူပဲ ဖြစ်ပါတယ်။ NFC ပါဝင်တဲ့အတွက် mobile payment တွေကို အထောက်အပံ့ပေးနိုင်ပြီး တရုတ်ပြည်တွင်းက မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်းတွေဖြစ်တဲ့ Alipay, Unionpay တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကောလဟလတွေအရ Global market အတွက် Google pay နဲ့ Alexa ပါဝင်လာမယ်လို့လည်း ပြောဆိုနေကြပါတယ်။
Mi Band 5 NFC ကို 229 Yuan (32 ဒေါ်လာဝန်းကျင်) နဲ့ Mi Band 5 regular ကို 189 Yuan (27 ဒေါ်လာဝန်းကျင်) နဲ့ ရောင်းချတာ ဖြစ်ပါတယ်။