This post is also available in:
English
အခုရက်ပိုင်း facebook မှာ ခေတ်စားနေတာကတော့ gg ဆိုတဲ့ စာလေးရိုက်လိုက်ရင် စာလုံးက ပန်းရောင်လေး ပြောင်းသွားပြီး နှိပ်လိုက်ရင် Animation လေးတွေ ထွက်လာတာပါ။ Text Delights လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် ထည့်သွင်းပေးထားတာပြီး အကောင့်လုံခြုံရေး နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
gg အပြင် တခြား စာလုံးတွေလည်း ရှိပါသေးတယ်။ အဲ့ထဲကမှ တစ်ချို့စာလုံးတွေကတော့_
- Congratulations
- Congrats
- xoxo
- Best Wishes
- Lovely Time
- Wonderful Time
- You’re the Best တို့ပဲ ဖြစ်ပါတယ်။
ဒီစာလုံးတွေအပြင် တခြားစာလုံးတွေ ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် စာလုံး အတိအကျကိုတော့ သိရဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီစာရင်းကို facebook က အတိအကျ ထုတ်ပြန်ထားတာ မဟုတ်လို့ပါပဲ။ တစ်ချို့စာလုံးတွေက အထိမ်းအမှတ်နေ့တွေမှာသာ အသုံးပြုလို့ ရတာ ဖြစ်ပြီး အမြဲတမ်း အသုံးမပြုနိုင်ပါဘူး။ ဥပမာအားဖြင့် Happy Mother’s Day လို စာလုံးမျိုး၊ Happy Earth Day လို စာလုံးမျိုးတွေပါ။
ဒီစာလုံးတွေက လူတိုင်းအတွက် အသုံးပြုလို့ ရနိုင်မှာ မဟုတ်တဲ့အတွက် အသုံးပြုလို့ မရခဲ့ရင်လည်း အကောင့်လုံခြုံရေးနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုတာ သတိချပ်စေလိုပါတယ်။