This post is also available in: English
လွန်ခဲ့တဲ့လက Social Media တွေမှာ နာမည်ကြီးခဲ့တဲ့ Oneplus ရဲ့ Photochrom color filter ကို OxygenOS ရဲ့ နောက်ဆုံး update 10.5.10 မှာ ပြန်လည် ထည့်သွင်းပေးခဲ့ပါပြီ။ Photochrom color filter ဟာ X-Ray လိုမျိုး အနက်ရောင် သတ္တုပစ္စည်းတွေကို ဖောက်မြင်နိုင်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူပြောများခဲ့ပါတယ်။ တစ်ချို့သော စမ်းသပ်မှုတွေအရ အနက်ရောင် အဝတ်အစားတွေကိုပါ ဖောက်မြင်နိုင်တယ်လို့ ဆိုကြပါတယ်။
တစ်ချို့ကလည်း ဒီ color filter ဟာ လူတွေရဲ့ privacy ကို ထိခိုက်နိုင်တယ်လို့ ပြောဆိုလာကြတာကြောင့် Oneplus က OxygenOS update 10.5.9 မှာ Photochrom filter ကို ပြန်ဖြုတ်ခဲ့ပါတယ်။ Oneplus အနေနဲ့ China market အတွက်သာ အဆိုပါ filter ကို ပြန်ဖြုတ်မယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်တကယ်မှာတော့ global market မှာပါ Photochrom filter ကို မှားယွင်းပြီး ပြန်ဖြုတ်ခဲ့ပါတယ်။
အခု OxygenOS 10.5.10 မှာတော့ Photochrom filter ကို ပြန်လည် အသုံးပြုနိုင်နေပြီဖြစ်ပြီး Oneplus အနေနဲ့ update changelog မှာတော့ အဆိုပါဖြစ်ရပ်ကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ တကယ်လို့ သင့်ရဲ့ Oneplus ဖုန်းဟာ 10.5.9 version တင်ပြီး Photochrom filter ကို အသုံးပြုလို့ မရတော့ဘူးဆိုရင် 10.5.10 ကို update ပြုလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။