This post is also available in: English
ဖုန်းကင်မရာများနှင့် DSLR ကင်မရာများတွင်သာမက ကင်မရာအများစုတွင် ဖိုင်နာမည်ကို IMG နှင့် အစပြုထားတာကို သတိပြုမိကြမယ်ထင်ပါတယ်။ အခုတော့ Google က သူ့ရဲ့ Pixel ဖုန်းများမှာ ဖိုင်နာမည်ကို အများနှင့် မတူအောင် ပြောင်လဲပေးတော့မှာ ဖြစ်ပါတယ်။ Android 11 beta မှာ Google Camera ဗားရှင် 7.5 ကစပြီး IMG အစား PXL နဲ့ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။
ပြောင်းလဲတော့မယ့် နာမည်ပေးစနစ်အရ Night Shots ဓါတ်ပုံများကို အဆုံးမှာ NIGHT လို့ ထည့်ပေးမှာ ဖြစ်ပြီး Portrait ဓါတ်ပုံများကိုတော့ အဆုံးမှာ PORTRAIT လို့ ပါမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် _
- PXL_20200820_141005222.jpg
- PXL_20200820_143015285.NIGHT.jpg
- PXL_20200820_143019420.PORTRAIT-01.COVER.jpg
- PXL_20200820_142352990.mp4
Motion ဓါတ်ပုံများတွင်လည်း MVIMG အစား MP လို့ ပြောင်းလဲမှာ ဖြစ်ပြီး Video ဖိုင်များတွင်လည်း VID အစား PXL ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ Google Camear 7.5 ဟာ Android 11 အတွက်သာ ရရှိပါသေးတယ်။ တကယ်လို့ သင့်ဖုန်းဟာ Android 10 နဲ့အောက် ဆိုရင် Google Camera 7.5 ကို အပြင်က ရယူထည့်သွင်းခဲ့ရင်တောင် ဖိုင်နာမည်ပေးစနစ် အသစ်က အလုပ်လုပ်မှာ မဟုတ်သေးပါဘူး။