Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

idigital news by idigital news
November 18, 2022
Reading Time: 2 mins read

Smart phone camera တွေနဲ့ ဓာတ်ပုံရိုက်လို့ရတာဟာ ယနေ့‌ခေတ်မှာ တော်တော်လေးအသုံး၀င်တဲ့အချက်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့နေ့စဉ်အမှတ်တရတွေ ပျော်ရွှင်မှုတွေကို မှတ်တမ်းတင်ရတတ်တဲ့၊ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတွေမျှဝေရတတ်တဲ့ လူငယ်တွေအတွက် ဖုန်းကင်မရာတစ်လုံးရဲ အရည်အသွေးကောင်းမွန်မှုဟာ အတော်လေးအရေးပါပါတယ်။

ဒါ့ကြောင့် လူငယ်တွေဟာ smart phone ၀ယ်ယူတဲ့အခါမှာ cameraအရည်အသွေး ဘယ်လောက်ကောင်းမွန်လဲဆိုတဲ့အချက်ကို ထည့်သွင်း‌စဥ်းစားလာကြပါပြီ။အထူးသဖြင့် Selfileပုံ တွေအရိုက်များတဲ့၊ဘယ်နေရာရောက်ရောက် ဓာတ်ပုံမရိုက်ရရင်မနေနိုင်တဲ့ မိန်းကလေးတွေအတွက် ကင်မရာဆိုတာ အသက်လို့တောင် ဆိုနိုင်ပါတယ်။ Smart phone ထုတ်လုပ်ကြတဲ့ company တွေဟာလည်း ကင်မရာအရည်အသွေးပိုကောင်းမွန်လာအောင် အပြိုင်အဆိုင်ကို ကြိုးစားနေကြပါတယ်။

ဆက်စပ်သတင်းများ

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

လူငယ်တော်တော်များများက smart phone တွေမှာပါတဲ့ camera တွေဟာ Megapixel များလေ၊ကင်မရာအလုံးအရေအတွက်များလေ ကောင်းလေလို့ အကြမ်းမျဉ်းအားဖြင့် သိထားကြပါတယ်။တကယ်တမ်မှာတော့ ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးကောင်းမွန်မှုဟာ ကင်မရာ မှန်ဘီလူးအရေအတွက်၊ Megapixel အနည်းအများနဲ့ တိုက်ရိုက် အချိုးကျနေတာ မဟုတ်ပါဘူး။ အခြားသော software, hardware ပိုင်းနဲ့လည်းဆိုင်နေပါသေးတယ်။

 Camera တွေမှာ Aperture ဆိုတာရှိပါတယ်။Aperture ဆိုတာကတော့ မြန်မာလိုဆိုရင်တော့ အလင်း၀င်ပေါက်ဖြစ်ပါတယ်။ အလင်း၀င်ပေါက်ကြီးလေ အလင်း‌ရောင် ကောင်းကောင်း ဖမ်းနိုင်ပြီးတော့ အမှောင်ထဲမှာပါ ဓာတ်ပုံကောင်းကောင်းရိုက်နိုင်လေပဲ ဖြစ်ပါတယ်။ ရှေ့ကြည်နောက်ဝါး portrait ပုံစံလေးတွေလည်း ရိုက်လို့ရလေပါပဲ။

Aperture သေးတာကြီးတာကို Aperture number နဲ့ဖော်ပြပြီးတော့ number သေးလေလေ အလင်း၀င်ပေါက်ကြီးလေလေ ဖြစ်ပြီး number ကြီးလေလေ အလင်း၀င်ပေါက်သေးလေလေပဲဖြစ်ပါတယ်။ Sensor လည်း ဒီလိုပါပဲ။Sensor size ကြီးလေလေ အလင်းပိုရလေဖြစ်ပြီး ပုံရိပ်ပိုကောင်းလေပါပဲ။ 

ကင်မရာတွေအကြောင်းပြောရင် Zoom တွေကို ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ကင်မရာမှာ optical zoom, digital zoom နဲ့ hybrid zoom ဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။ဒီတော့ ဒီ zoom တွေက တစ်ခုနဲ့တစ်ခု ဘာကွာလဲ၊ဘယ်လို အလုပ်လုပ်သလဲဆိုတာ တစ်ချက်လောက် ကြည့်ကြတာပေါ့။

Optical zoom ဆိုတာကဝောာ့ smart phone တစ်လုံးမှာပါတဲ့ lens ပေါ်မူတည်ပြီးတော့ ပုံရိပ် အကျယ်ချဲ့နိုင်စွမ်းမတူတာပါ။ နှစ်ဆချဲ့နိုင်တာလား သုံးဆချဲ့နိုင်တာလားဆိုတာ အသုံးပြုထားတဲ့ lens ပေါ်မှာပဲမူတည်ပြီး ပုံသေပဲသွားပါတယ်။

‌Digital zoom ကတော့ ကျွန်တော်တို့ရိုက်လိုက်တဲ့ပုံကို ဒီအတိုင်းပဲ အကျယ်ချဲ့ပြီး အနီကပ်ကြည့်တဲ့သဘောပါပဲ။ Digital zoom ဟာရိုက်ပြီးသားပုံကို အကျယ်ပြန်ချဲ့တာဖြစ်လို့ image quality ကျပါတယ်။ အဲ့ဒါကြောင့်မို့ Digital zoom ဟာ Optical zoom လောက်မကောင်းပါဘူး။

နောက်ဆုံးတစ်ခု Hybrid zoom ဆိုတာကတော့ အပေါ်က zoom နှစ်မျိုးလုံး ပေါင်းပြီးအလုပ်လုပ်တာပါ။ Hybrid zoom မှာ lens တစ်လုံးထက်ပိုပြီး အလုပ်လုပ်ပါတယ်။ ဥပမာ Hybrid zoom ပါတဲ့ဖုန်းတစ်လုံးဟာ သူ့မှာပါတဲ့ main camera နဲ့ အခြားအပိုပါတဲ့ lens ရဲ့ ပုံတွေက detail အသေးစိတ် ကို ယှဉ်လိုက်ပြီး အကောင်းဆုံးပုံ result ကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။

Photo – Tech Radar

Hybrid zoom ဟာ computational photography လို့ခေါ်တဲ့ AI ရဲ့တွက်ချက်မှုတွေနဲ့ ပြုလုပ်ထားတဲ့ ပုံဖြစ်တာကြောင့် AI မကောင်းရင် အလုပ်မလုပ်ပါဘူး။အမှောင်ထဲမှာ ဓာတ်ပုံတွေကောင်းကောင်းရိုက်နိုင်ဖို့အတွက်လည်း OIS နဲ့ EIS လိုအပ်ပါသေးတယ်။ အဲ့ဒါတွေကို Image stabilization လို့ခေါ်ပါတယ်။

Image stabilization ဟာ ဓာတ်ပုံရိုက်တာအပြင် ဗီဒီယိုရိုက်တဲ့နေရာမှာပါ ကူညီပေးပြီး လက်ငြိမ်အောင်လုပ်ပေးတဲ့အရာတွေပဲဖြစ်ပါတယ်။ OIS လို့ခေါ်တဲ့ optical image stabilization ကတော့ lens ကိုယ်တိုင်အလုပ်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ phone နဲ့ဓာတ်ပုံရိုက်တဲ့အခါ လက်မငြိမ်တာကြောင့် ဖြစ်သွားတဲ့ လှုပ်ရှားတဲ့အပေါ်မူတည်ပြီး lens က ဆန့်ကျင်ဘက်ကိုလိုက်ရွေ့ပြီး လှုပ်ရှားမှုကို ချေဖျက်ပေးတာပဲဖြစ်ပါတယ်။

OIS ပါတဲ့ camera တွေကိုလှုပ်ရှားကြည့်ရင် lens လေးတွေ လှုပ်စိလှုပ်စိဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ရဲ့လှုပ်ရှားမှုကို ချေဖျက်ပေးနေတာဖြစ်ပါတယ်။ EIS ကတော့ electrical image stabilization လို့ခေါ်ပြီး Digital zoom နဲ့အလုပ်လုပ်ပုံ တူညီပါတယ်။

EIS မှာကတော့ phone ရဲ့လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုကို AI ကနေ စစ်ဆေးပြီး ချေဖျက်ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် EIS မှာက လှုပ်ရှားမှုတွေ အရမ်းများသွားပြီး ချေဖျက်ပေးနိုင်တဲ့ ပမာဏထက်ကျော်လွန်သွားရင်တော့ အဆင်မပြေနိုင်ပါဘူး။ OIS နဲ့ EIS နှစ်မျိူးလုံးပါပြီး အလုပ်လုပ်တဲ့ဖုန်းကတော့ အကောင်းဆုံး သော ပုံရိပ်တွေကို ရရှိနိုင်မှာပါ။

Tags: Smartphones Camera
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist