This post is also available in: English
Facebook က အချို့သော iOS user တွေအတွက် dark mode ကို ထုတ်ပေးနေတယ်လို့ Social Media today ကို အတည်ပြုပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အသုံးပြုသူအနည်းငယ်ကိုသာ စတင်ထုတ်ပေးထားတာ ဖြစ်ပါတယ်။
Facebook dark mode ရရှိထားတဲ့ iOS အသုံးပြုသူအချို့ကလည်း twitter မှာ ပြန်လည် မျှဝေထားကြပြီး dark mode ရရှိဖို့ iOS 14 ဖြစ်ဖို့ လိုမလိုဆိုတာ မသေချာသေးပါဘူး။ Android အသုံးပြုသူတွေအတွက်တော့ ဒီနှစ်စကတည်းက dark mode ကို စတင်စမ်းသပ်နေပြီး iOS ရော Android ရောမှာ တပြိုင်တည်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Facebook ဟာ Desktop အတွက် dark mode ကို ထုတ်ပေးထားပြီးဖြစ်ပြီး ဒီဇိုင်းအသစ်နဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အခုချိန်မှာ app အများစုက dark mode ကို ထုတ်ပေးထားပြီဖြစ်ပေမယ့် facebook mobile app တွေကတော့ နောက်ကျနေတာ အတော်လေး ထူးဆန်းပါတယ်။ Facebook ဟာ သူ့ရဲ့ အခြား app တွေဖြစ်တဲ့ messenger, instagram နဲ့ whatsapp အတွက် dark mode ကို အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပေမယ့် facebook အတွက်တော့ dark mode ရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။