Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Apple

iPhone 12 မှာ နားကြပ်နဲ့ charger မပါဝင်တော့ပဲ သီးသန့် ဝယ်ယူရမည်

idigital news by idigital news
June 29, 2020 - Updated on November 26, 2020
Reading Time: 1 min read
Image - 9to5mac

Image - 9to5mac

This post is also available in: English

Apple က ရောင်းချမယ့် iPhone 12 မှာ နားကြပ်နဲ့ charger ပါဝင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုပါတယ်။ လေ့လာသုံးသပ်သူတွေက အစဦးပိုင်းမှာ နားကြပ် မပါဝင်နိုင်ဘူးလို့ ခန့်မှန်းထားကြပြီး အခုအခါမှာတော့ နားကြပ်အပြင် charger ကိုပါ သီးသန့်ဝယ်ယူရနိုင်တယ်လို့ ဆိုပါတယ်။

Apple နှင့် ပတ်သက်ပြီး လေ့လာသုံးသပ်သူ Kuo က Apple ဟာ iPhone 12 ရဲ့ ဈေးနှုန်းကို iPhone 11 နဲ့ သိပ်မကွာစေလိုတာကြောင့် အခုလို ဆက်စပ်ပစ္စည်းတွေ ထည့်မပေးတော့တာလို့ ဆိုပါတယ်။ ဒါဟာ 5G ပါဝင်ခြင်းရဲ့ ကုန်ကျစရိတ်ကိုလည်း တဖက်တလမ်းက ကာမိစေမှာပါ။ ဒါ့အပြင် ထုတ်ပိုးမှုအရွယ်အစားလည်း သေးငယ်သွားနိုင်ပြီး သယ်ယူပို့ဆောင်တဲ့စရိတ်ကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

Lightning cable ပါဝင်လာမလားဆိုတာတော့ သေသေချာချာမသိရသေးပါဘူး။ Apple ရဲ့ အခြား ထုတ်ကုန်ဖြစ်တဲ့ Apple Watch Series 3 မှာ Magnetic charging cable သာ ပါဝင်ပြီး power adapter/wall plug မပါဝင်ခဲ့ပါဘူး။

သတင်းထွက်ပေါ်နေတဲ့ 20W charger ဟာ မှန်ကန်သလောက်ရှိပေမယ့် iPhone 12 နဲ့အတူ ပါဝင်လာမှာ မဟုတ်ပဲ သီးသန့်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ 20W charger model အသစ်ကို လူသုံးများစေဖို့အတွက် ထွက်ရှိထားတဲ့ 5W နဲ့ 18W charger တွေကိုလည်း ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ Kuo က ဆက်လက်ပြောဆိုပါတယ်။

iPhone အသုံးပြုသူတွေအနေနဲ့ charger တွေနဲ့ နားကြပ်တွေက အများအပြားရှိပြီးသားဖြစ်လို့ အခုလို စီစဉ်တာဟာ လက်ရှိ အသုံးပြုသူတွေအတွက် လက်တွေ့မှာ အဆင်မပြေမှု ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။ နားကြပ်မပါဝင်လာတော့တာဟာ Apple ရဲ့ AirPods ရောင်းအားကို တိုးမြှင့်လိုတဲ့ ရည်ရွယ်ချက်ကြောင့်လို့လည်း ပြောဆိုနေကြပါတယ်။

“People that don’t have them can just buy them, no big deal” …. That’s an extra $63 and change at the Apple Store. 10% of an iPhone 11’s price right there. pic.twitter.com/xIv5Y0CrLC

— Benjamin Mayo (@bzamayo) June 28, 2020

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022
Next Post

Tik Tok, Viva Video, Mi Video အပါအဝင်တရုတ် applications ၅၉ ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist