Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile Android

ဒီဇိုင်းအသစ်၊ လိုဂိုအသစ်၊ feature အသစ်တွေနဲ့ Google Photos

idigital news by idigital news
June 26, 2020 - Updated on November 26, 2020
Reading Time: 2 mins read
Image - Google

Image - Google

This post is also available in: English

Google Photos ဆိုတာ ဖုန်းသုံးတဲ့လူတွေအတွက် အသုံးဝင်တဲ့ application တစ်ခုပါ။ အထူးသဖြင့် High Quality Photos တွေကို unlimited storage နဲ့ သိမ်းပေးလို့ လူကြိုက်များလှပါတယ်။

Picasa ကနေ နာမည်ပြောင်းပြီး ငါးနှစ်သက်တမ်းထဲ ဝင်လာပြီဖြစ်တဲ့ Google Photos ကို logo အသစ်၊ ဒီဇိုင်းအသစ်တွေအပြင် လုပ်ဆောင်ချက်အသစ်တွေနဲ့ update ရရှိနိုင်တော့မှာပါ။

ဆက်စပ်သတင်းများ

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

Logo အသစ်

Image – google

Google Photos ရဲ့ logo ကို အသစ်ပြန်လည် ပြုပြင်ထားပြီး နဂို စက်ြာပုံအတိုင်းကို တစ်ခုနဲ့တစ်ခု မထပ်ထားတော့ပဲ flat ပုံစံ ပြောင်းလဲထားပါတယ်။

ဒီဇိုင်းအသစ်

လိုဂိုသာမကပဲ app ရဲ့ UI ကိုလည်း ပိုမိုရှင်းလင်းတဲ့ ပုံစံ ပြောင်းလဲထားပါတယ်။ အရင်က အောက်ခြေဘားမှာ tab ၄ ခု ရှိရာကနေ Photos, Search, Library ဆိုတဲ့ tab သုံးခုကို ပြောင်းလဲထားပါတယ်။

Photos – ထုံးစံအတိုင်း Main Tab ဖြစ်တဲ့ Photos မှာ ပုံတွေ၊ ဗီဒီယိုတွေ အကုန်လုံးကို စုစည်းပေးထားပါတယ်။ Thumbnail က ပိုမိုကြီးမားပြီး Video thumbnail ကို autoplay ပြောင်းလဲထားပါတယ်။

Search – ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ များလာတာနဲ့ အမျှ Search က အရေးကြီးလာပါတယ်။ ဒါကြောင့် Google က search ကို အလွယ်တကူ ပြုလုပ်နိုင်မယ့် နေရာကို ပြောင်းရွှေ့လိုက်တာပါ။

Library – Library မှာတော့ Photo Gallery တွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Albums, Favorites , Trash, Archive အစရှိတဲ့ လုပ်ဆောင်ချက်တွေကို စုစည်းပေးထားပါတယ်။

Feature အသစ်

Google Photos ရဲ့ လုပ်ဆောင်ချက် အသစ်အနေနဲ့ Search ထဲမှာ မြေပုံတစ်ခု ထည့်ပေးထားပြီး တည်နေရာအလိုက် ဓါတ်ပုံတွေကို ပြန်ရှာနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဥပမာ – ပုဂံမှာ ရိုက်ခဲ့တဲ့ ပုံတွေ ဗီဒီယိုတွေ ပြန်ရှာချင်ရင် မြေပုံမှာ ပုဂံကို ရွှေ့လိုက်ရုံပါပဲ။

Memories Features

နောက်တစ်ခုက Memories ပါ။ Memories ဟာ ၂၀၁၉ စက်တင်ဘာမှာ အသစ်ထည့်သွင်းလိုက်တဲ့ လုပ်ဆောင်ချက်ပါ။ အခု ဗားရှင်းအသစ်မှာ အရင်ထက် ပိုမို ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ Memories ကို ထည့်သွင်းပေးထားပါတယ်။ ကိုယ်ချစ်ခင်ရသူတွေနဲ့ သွားခဲ့တဲ့ ခရီးတွေ၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ ရိုက်ခဲ့တဲ့ အကောင်းဆုံးဓါတ်ပုံတွေ အစရှိသဖြင့် ပြန်ကြည့်လို့ရမှာပါ။

ဟုတ်ပါတယ်။ အချိန်အခါအလိုက် ပြောင်းလဲနေတတ်တဲ့ သဘာဝအတိုင်း တချို့သော Memories တွေဟာ ပြန်မကြည့်ချင်လောက်အောင် ရှိတတ်ပါတယ်။ အဲ့အတွက် Google က ကိုယ်ပြန်မကြည့်ချင်တဲ့ လူတွေ၊ အချိန်ကာလတွေကို hide လုပ်ထားလို့ ရအောင် ထည့်သွင်းပေးထားပါတယ်။

Update လုပ်ပြီးပြီ။ အရင်အတိုင်းပဲ​ ဖြစ်နေသေးတယ်။

Google က ဒီဇိုင်းအသစ်ကို တရားဝင် ထုတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် အသုံးပြုသူတွေဆီ ချက်ချင်း ရောက်ရှိဦးမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ server update တွေ ပြုလုပ်နေပြီး နောက်တစ်ပတ်အတွင်းမှာ ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Apple

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

November 14, 2022
Apple

Apple ရဲ့ iPad အသစ်များနဲ့ 4K TV Media Player အသစ်

October 20, 2022 - Updated on November 14, 2022
Next Post

Games for Weekend! - Games Week

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist