This post is also available in: English
Samsung ဟာ Note 20 Series နဲ့ Galaxy Fold 2 ကို ဩဂုတ်လအတွင်းမှာ မိတ်ဆက်လာနိုင်ခြေရှိပါတယ်။ ဒီမတိုင်ခင်မှာ ဒီဖုန်းနှစ်ခုရဲ့ feature အသစ်တွေရဲ့ သတင်းတွေဟာ တောက်လျှောက်ထွက်ပေါ်လျက်ရှိပါတယ်။ အခု နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ Galaxy Note 20 Ultra ဟာ Snapdragon 865 plus နဲ့ ပွဲထွက်လာနိုင်ခြေရှိပါတယ်။
Meizu ရဲ့ CMO ဖြစ်တဲ့ Wan Zhigiang က ဒီနှစ်အတွင်းမှာ Snapdragon 865 plus ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးထားတာ ရှိပါတယ်။ ဒါပေမယ့် Snapdragon 865 plus ထွက်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိပြီး ထွက်ခဲ့မယ်ဆိုရင်လည်း လက်ရှိ Snapdragon 865 ကို အနည်းငယ် ပြုပြင်မွမ်းမံထားတာ ဖြစ်နိုင်ပါတယ်။
ဒီအချက်အလက်တွေကို နာမည်ကြီး Ice Universe အဖွဲ့က ထုတ်ပြထားတာဖြစ်ပြီး အဆိုပါအဖွဲ့ရဲ့ အဆိုအရ Samsung ရဲ့ Galaxy Note 20 Ultra ဟာ Snapdragon 865 plus နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Display ဟာ QHD+ LTPO AMOLED panel ဖြစ်ပြီး QHD+ resolution မှာဆိုရင် 120Hz refresh rate ပါဝင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ S-Pen လုပ်ဆောင်ချက်တွေ ပါဝင်လာနိုင်ပြီး Camera feature အသစ်တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။