This post is also available in: English
Xiaomi ဟာ သူ့ရဲ့ Flagship series ဖုန်းတွေကို ဖေဖော်ဝါရီလမှာ ကြေညာလေ့ရှိပေမယ့် ဒီတခါတော့ ပုံမှန်ထက် ပိုစောဖို့ ရှိနေပါတယ်။ Xiaomi ရဲ့ Flagship ဖုန်းအသစ် ဖြစ်လာမယ့် Mi 11 ဖုန်းကို ဒီဇင်ဘာလမှာ ကြေညာဖို့ ရှိနေတယ်လို့ နာမည်ကြီး ခန့်မှန်းသူ Ice Universe က ထုတ်ဖော်ပြောကြားထားပါတယ်။ Snapdragon 888 နဲ့ ထွက်ရှိလာမယ့် Xiaomi Mi 11 ဖုန်းကို ဒီဇင်ဘာလကုန်ပိုင်းမှာ ကြေညာဖို့ ရှိတယ်လို့ Ice Universe က ခန့်မှန်းထားပါတယ်။
Exclusive: Xiaomi Mi 11, the first mobile phone with Snapdragon 888, will be released at the end of December, with a four-curved screen design, which is its protective film. pic.twitter.com/fYbWq8tSUB
— Ice universe (@UniverseIce) December 3, 2020
Xiaomi အနေနဲ့ Snapdragon ရဲ့ နောက်ဆုံးထွက် Snapdragon 888 ကို သုံးပြီး ထွက်လာမယ်လို့ တရားဝင်ကြေညာထားပါတယ်။ Mi 11 ရဲ့ တခြား အချက်အလက်တွေကို သေချာမသိရသေးပေမယ့် ပိုပြီး powerful ဖြစ်ပြီး ဈေးပိုများမယ့် Mi 11 Pro ကိုတော့ quad-curved QHD+ AMOLED display ကို သုံးထားမယ်လို့ ခန့်မှန်းနေကြပါတယ်။