Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tips & Tricks Bugs & Fix

[နောက်ဆုံးရသတင်း] ၈ နာရီဝန်းကျင်ကြာ ဝန်ဆောင်မှုများ ပြတ်တောက်ပြီးနောက် Gmail နှင့် Google Services များ ပုံမှန် ပြန်လည် အသုံးပြုနိုင်ပြီ

idigital news by idigital news
August 20, 2020 - Updated on March 4, 2022
Reading Time: 2 mins read

This post is also available in: English

တကမ္ဘာလုံးက ဂျီမေးလ်အသုံးပြုသူများဟာ ယနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်ခန့်မှ စတင်ကာ ဖိုင်များ upload တင်ခြင်းနှင့် အီးမေးလ်ပို့ရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရှိရသည်။ ယခု ပြဿနာကို ပုံမှန် Gmail အသုံးပြုသူများသာမက G Suite အသုံးပြုသူများပါ ကြုံတွေ့နေရခြင်း ဖြစ်သည်။ Gmail အပြင် Google Drive အသုံးပြုသူများပါ ဖိုင်တင်ခြင်း၊​မျှဝေခြင်းများ ပြုလုပ်၍ မရနိုင် ဖြစ်နေသည်။

Down Detector တွင် ဖော်ပြချက်အရ မြန်မာအချိန် မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှ​စတင်ကာ ယခုအခက်အခဲကို ကြုံတွေ့ရခြင်း ဖြစ်ပြီး အသုံးပြုသူအများစုမှာ ဖိုင် attachment များ တင်ရန် အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

Big Spike in outage reported around 12 PM. (Down Detector)

ယခု ပြဿနာကို Google ကလည်း အတည်ပြုထားပြီး G Suite Status Dashboard တွင် အခုလို ဖော်ပြထားသည်။

“ကျွန်တော်တို့ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒီနေ့ ညနေ ၄ နာရီမှာ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပြီး အသေးစိတ်ကို ဖော်ပြပေးသွားပါမယ်။”

Google အနေနဲ့ ယခုပြဿနာကို “ဝန်ဆောင်မှု အခက်အခဲဖြစ်ခြင်း” အဆင့် သတ်မှတ်ထားပြီး “ဝန်ဆောင်မှု ပြတ်တောက်ခြင်း” အဆင့်ဟု သတ်မှတ်ထားခြင်း မရှိပေ။

G Suite Status Dashboard

User reports indicate Gmail is having problems since 12:36 AM EDT. https://t.co/EsWw2oLYjH RT if you’re also having problems #Gmaildown

— Downdetector (@downdetector) August 20, 2020

နောက်ဆုံးသတင်း [မြန်မာစံတော်ချိန် ညနေ ၃း၀၀] : Google Status Page တွင် ရေးသားချက် –

“ကျွန်တော်တို့ ပြဿနာကို ဆက်လက်အဖြေရှာနေပါတယ်။ နောက်ဆုံးရအခြေအနေကို ယနေ့ ညနေ ၄ နာရီ ပတ်ဝန်းကျင်တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါသည်။

Gmail sending issues, Meet recording issues, Creating files issues in Drive, CSV user upload issues in Admin Console, Posting message issues in Google Chat, Sites adding new pages issues, Keep issues, Voice mail issues”

နောက်ဆုံးသတင်း ( ၂ ) [မြန်မာစံတော်ချိန် ညနေ ၄း၁၀ ] : Google Status Page တွင် ရေးသားချက် –

“Gmail ဝန်ဆောင်မှုကို အချို့သောသူများအတွက် ပြန်လည် အသုံးပြုနိုင်နေပြီဖြစ်သည်။ အသုံးပြုသူအားလုံးအတွက် မကြာခင် ပြန်လည်အသုံးပြုနိုင်အောင် ကြိုးစားနေပါသည်။ “

နောက်ဆုံးသတင်း (၃) [ မြန်မာစံတော်ချိန် ညနေ ၅း၄၀ ] : Google Status Page တွင် ရေးသားချက် –

” Gmail ပြဿနာများကို ပြန်လည် ဖြေရှင်းပြီးခဲ့ပါပြီ။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ အခုလို စိတ်ရှည်ရှည် စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
စနစ် တည်ငြိမ်ဖို့ဟာ ဂူးဂဲလ်ရဲ့ ပထမဦးစားပေးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် တိုးတက်အောင် ဆက်လက် ဆောင်ရွက်နေပါတယ်။”

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Apple

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

November 14, 2022
Apple

Apple ရဲ့ iPad အသစ်များနဲ့ 4K TV Media Player အသစ်

October 20, 2022 - Updated on November 14, 2022
Android vs iOS
Mobile

Android လား IOS လား

October 17, 2022
Next Post

Pixel ဖုန်းများအတွက် ဓါတ်ပုံ ဖိုင်နာမည်များကို အများနှင့် မတူအောင် ပြောင်းလဲတော့မည်

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist