Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

idigital news by idigital news
June 16, 2023 - Updated on September 5, 2025
Reading Time: 3 mins read

AI Summary

Email Marketing အကြောင်းနဲ့ Sendpulse ရဲ့ဝန်ဆောင်မှုတွေကိုမိတ်ဆက်ထားပါတယ်။ Sendpulse မှာ MailChimp နဲ့မတူတာက Facebook Messenger Bot, Telegram Bot, Whatsapp Bot တွေကိုပါသုံးနိုင်ပါတယ်။ Sendpulse ရဲ့ Startup Program ကစွန့်ဦးတီထွင်လုပ်ငန်းသစ်တွေကို ဒေါ်လာ ၅၀၀၀ ထောက်ပံ့ပေးပါတယ်။ လုပ်ငန်းသက်တမ်း ၃ နှစ်အောက်ဖြစ်ရပါမယ်။ အကောင့်ဖွင့်ပြီး Startup Program ကိုလျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ℹ️ This summary was generated by AI and may contain inaccuracies or omissions. Please refer to the full article for complete information.

ပထမဆုံး Email Marketing အကြောင်း ပြောပြချင်ပါတယ်။ Email Marketing ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက် ဒစ်ဂျစ်တယ်မားကတ်တင်းနည်းစနစ်တွေထဲက တစ်ခုပါ။ ကိုယ့်လုပ်ငန်းအတွက် Email Subscriber List ကို စုဆောင်းပြီး ကိုယ့်လုပ်ငန်းရဲ့ ပရိုမိုးရှင်းတွေမိတ်ဆက်တာမျိုး၊ ကုန်ပစ္စည်းတွေ မိတ်ဆက်တာမျိုးကို ပြုလုပ်ကြပါတယ်။

Email Marketing Service တွေထဲမှာ ထင်ရှားတာကတော့ MailChimp, Sendgrid အစရှိသဖြင့် ရှိပါတယ်။ ဝန်ဆောင်ခအနေနဲ့လည်း ကိုယ့်ရဲ့ Subscribers အရေအတွက်ပေါ်မူတည်ပြီး တစ်လကို 5 USD လောက်ကနေ ဒေါ်လာ ထောင်ကျော်ထိ ပေးရတတ်ပါတယ်။ အခု ပြောပြပေးမယ့် Email Marketing ဝန်ဆောင်မှုက Sendpulse ပါ။ တခြားဟာတွေနဲ့ မတူတာက Sendpulse မှာ Facebook Messenger Bot, Telegram Bot နဲ့ Whatsapp Bot တို့ကိုပါ အလွယ်တကူ ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Sendpulse ရဲ့ တစ်နှစ်စာအတွက် သိန်း ၁၅၀ တန်ကြေးရှိတဲ့ Email Marketing ဝန်ဆောင်မှုကို အခမဲ့ ရယူနိုင်မယ့်အခွင့်အရေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဟုတ်ပါတယ်။ သိန်း ၁၅၀ တန်ကြေးရှိတဲ့ ဝန်ဆောင်မှုကို အခမဲ့ ရယူနိုင်မှာပါ။

အဲ့တာကတော့ Sendpulse ရဲ့ Startup Program ပဲ ဖြစ်ပါတယ်။ Sendpulse ကနေ စွန့်ဦးတီထွင်လုပ်ငန်းသစ်တွေအတွက် ဒေါ်လာ ၅၀၀၀ ကို ကူညီပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို ရယူနိုင်ဖို့အတွက် Sendpule က သတ်မှတ်ထားတဲ့ အောက်က သတ်မှတ်ချက်တွေတော့ ကိုက်ညီဖို့ လိုပါတယ်။

၁။ စွန့်ဦးတီထွင် လုပ်ငန်းသစ်တစ်ခု ဖြစ်ရပါမယ်။
၂။ လုပ်ငန်းသက်တမ်းက သုံးနှစ်အောက် ဖြစ်ရပါမယ်။
၃။ Online Shop တို့လို အများစုလုပ်ကိုင်နေတဲ့လုပ်ငန်းမျိုးတော့ ဖြစ်လို့ မရပါဘူး။

Sendpulse ရဲ့ startup program မှာ ပါဝင်ဖို့အတွက် အရင်ဆုံး Sendpulse မှာ အကောင့်ဖွင့်ထားရပါမယ်။ ဒီကိုနှိပ်ပြီး အကောင့်ကို Register လုပ်ပါ။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

အကောင့်ဖွင့်ပြီးရင် အောက်ကလင့်ခ်ကို သွားပြီး Startup Program အတွက် လျှောက်ထားရပါမယ်။

Join Startup Program here

Apply now ကို နှိပ်ပြီး ဖောင်ဖြည့်ရပါမယ်။ Comment မှာ ကိုယ့်လုပ်ငန်းအကြောင်းကို စိတ်ဝင်စားအောင် ရေးနိုင်ရင် ပိုကောင်းပါတယ်။

ဖောင်ဖြည့်ပြီး လျှောက်ထားပြီးတာနဲ့ Sendpulse က စိစစ်တာကို စောင့်ရပါမယ်။ အောက်ကလို Email ရောက်လာပြီဆိုရင် Sendpulse က လက်ခံပါပြီ။

အပေါ်ကလို Email ရောက်လာပြီဆိုရင် ကိုယ်အကောင့်ဖွင့်ထားတဲ့ Email Address ကို သူတို့ဆီ ပြန်ပို့ပေးလိုက်တာနဲ့ ကိုယ့်အကောင့်ထဲကို ဒေါ်လာ ၅၀၀၀ ထည့်ပေးပါလိမ့်မယ်။

ရလာတဲ့ Balance USD 5000 ကို Email Marketing အတွက်သာမကပဲ Messenger Bot, Telegram Bot နဲ့ Whatsapp Bot တွေကိုပါ အသုံးပြုနိုင်မှာပါ။ တစ်ခုရှိတာက ဒီ USD 5000 က တစ်နှစ်စာအတွက်ပဲ ဖြစ်ပါတယ်။

တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် အခုလို Startup Program လေးတွေကို ရှာဖွေမိတ်ဆက်ပေးပါမယ်။ ကျွန်တော်တို့ ပို့စ်အသစ်တင်တိုင်း သိရဖို့ အောက်မှာ Subscribe လုပ်ထားနိုင်ပါတယ်။

We will send you occasional emails about promotions and updates.

Tags: SendpulseStartup Program
ShareTweetSharePin2Send

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.