Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home နွေဦးတော်လှန်ရေး

ဒီပဲယင်းနယ်မှာ စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်ဗုံးခွဲတိုက်ခိုက်ခံရ

by idigital news
August 31, 2021 - Updated on March 3, 2022
Reading Time: 1 min read

ဒီပဲယင်းမြို့နယ်အတွင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ကားများကို ယနေ့နေ့ခင်းတွင် သုံးကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမှထွက်ခွာလာသော စစ်ကောင်စီတပ်ကားကြီးသုံးစီးသည် ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာကားဂိတ်အနီးတွင်တစ်ကြိမ်၊ နောက်ထပ်လေးမိုင်ခန့်အကွာ ကြခတ်ရွာအနီးတွင်တစ်ကြိမ်နှင့် စိုင်ပြင်ကြီးရွာအနီးတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

“တန့်ဆည်ဘက်က ကပေါင်းကျရွာနဲ့လိပ်ခြံရွာကိုဝင်မွှေပြီးထွက်လာတဲ့ယာဉ်တန်းပါ၊ သုံးစီးကိုပထမအကြိမ် မိုင်းနှစ်လုံးခွဲတော့ တစ်စီးထိတယ်၊ မီးခိုးတွေအတော်ထွက်လာတယ်၊ အထိအခိုက်များနိုင်တယ်၊သူတို့ဆက်မောင်းသွားပြီး ကြခတ်ရွာနားရောက်တော့ နောက်တစ်ကြိမ် ထပ်ခွဲတယ်၊ အဲ့မှာလည်းအထိအခိုက်များမယ်၊ ဘယ်လိုသိရလဲဆိုရင် မိုင်းကွဲတဲ့နေရာရောက်တော့ အဲနေရာမှာသွေးကွက်ကြီးတွေတွေ့တယ်လို့သတင်းပို့တယ်၊ စစ်သားအလောင်းတွေတော့မတွေ့ဘူး၊ သူတို့သယ်သွားတာထင်တယ်၊ နောက်ထပ် စိုင်ပြင်ကြီးရွာနားရောက်တော့လဲ ၅ လုံးလောက်ထပ်အခွဲခံရသေးတယ်” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်းလွဲ ၂ နာရီခွဲ၊၄ နာရီဝန်းကျင်နှင့် ၄ နာရီခွဲအချိန်ဖြစ်ပွားသောပေါက်ကွဲမှုများအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအားစစ်ဆေးပြီးနောက် ဘုတလင်ဘက်သို့ဆက်လက်ထွက်ခွာသွားသည်။

Source: Mizzima
Tags: PDFစစ်ခွေးသင်္ချိုင်းဒီပဲယင်း
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

Radio NUG - Sep 1, 2021 - 8 AM

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version