Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

သင်တန်းရောက် ရဲဘော်တစ်ယောက်ရဲ့ အတွေ့အကြုံ

idigital news by idigital news
June 12, 2021 - Updated on March 3, 2022
Reading Time: 1 min read
Nobel Aung via Myanmar graphic dot com

Nobel Aung via Myanmar graphic dot com

အောက်ကစာက စခန်းရောက် ရဲဘော်တစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။
အခုတလော လိုအပ်ချက်ရှိတာလေးတွေအတွက် ညည်းနေကြတာတွေကြားရတာတချို့လည်း ရှိပါတယ်။ ဒီစာကို ဖတ်ရတော့ ဒီလိုစိတ်ဓါတ်ပြင်ဆင်ထားတဲ့သူတွေလည်း ရှိတယ်ဆိုတော့ အားဖြစ်ပါတယ်။
ကျွန်တော့်လိုပဲ ကိုယ်တိုင် မသွားနိုင်တဲ့သူတွေအတွက် ဖတ်ရင်း အားရှိမယ်လို့ မျှော်လင့်ပါတယ်။
တစ်ချိန်တည်းမှာ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ကြပါလို့။


“အရေးကြီးပြီ ညီနောင် အပေါင်းတို့
သွေးစည်းကာ ညီစေညီကြစို့
ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည်
သွေးသစ္စာလည်း ပြုခဲ့ပြီ။”

မနက်ခင်း ၅ နာရီကျော်ရင် သွေးသစ္စာ သီချင်း ကြားရတယ်။ ဒါက အဆောင်တွေထဲက ရဲဘော်တွေ အားလုံးကို အိပ်ယာက နှိုးတဲ့သီချင်း။ နိုးတဲ့သူက ဒီသီချင်းဆိုပြီး ကျန်တဲ့သူတွေကို နှိုးကြတယ်။ မနက်ခင်း မိုးလင်းတာနဲ့ သွေးသစ္စာသီချင်းသံက စခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေတယ်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

စခန်းထဲက ရဲဘော်တွေကို ကြည့်ရင် အားတက်ရတယ်။ အလွှာပေါင်းစုံက လာကြပေမယ့် သူတို့မှာ အာဏာရှင်ကို တော်လှန်မယ်ဆိုတဲ့ ညီညွတ်တဲ့စိတ်ရှိတယ်။ ကောင်မလေး နုနုနယ်နယ်ကလေးတွေလည်း ပါတယ်။ ဂေါ်လီစတိုင် တက်တူးနဲ့ ကောင်မလေးတွေလည်း ပါတယ်။ တက္ကသိုလ်က ဆရာမလည်း ပါတယ်။ ဆရာမကို ကျွန်တော်နဲ့ တခြားတစ်နေရာ ပညာရေးအတွက် လိုက်လုပ်မလား မေးတော့ ဆရာမက သေနတ်ပစ်ချင်သေးတယ်တဲ့။ အဲဒါနဲ့ ဆက်မပြောတော့ဘဲ ငြိမ်နေရတယ်။

ယောက်ျားလေးတွေလည်း ပုံစံကြည့် စကားပြောကြည့်တာနဲ့ အရင်က ဘယ်လိုကောင်ဆိုတာ ခန့်မှန်းလို့ ရတယ်။ ဒီကောင့်ရုပ်ကတော့ အားရင် ရှပ်ကီထုနေမယ့် ရှပ်ကီဘဲ။ ဒီကောင်ကတော့ ဂိမ်းသမား။ ဒီကောင်ကတော့ စာဂျပိုး။ ဒီကောင်က အားရင် ဖွန်ကြောင်နေမယ့်ကောင်။ စသည်ဖြင့်ပေါ့။ အခုတော့ သူတို့ ရှပ်ကီလည်း စည်းကမ်းအရ ကစ်လို့ မရတော့ဘူး။ ဖုန်းသိမ်းထားလို့ ဂိမ်းလည်း ဆော့လို့မရတော့ဘူး။ ဒါပေမယ့်လည်း အားလုံးက တက်ကြွနေတယ်။ ငါတို့ စစ်အာဏာရှင်ကို တော်လှန်မယ်။ ငါတို့ အခုစစ်ပညာသင်နေတာ ဒီအတွက် ငါတို့ ရှေ့ဆက်လျှောက်နေတယ် ဆိုတဲ့စိတ်နဲ့ သူတို့ တက်ကြွနေကြတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲ

စွန့်လွှတ်နိုင်ကြတာတော့ ကြက်သီးထစရာ ကောင်းလွန်းတယ်။ ဆရာဝန်တွေ ပါတယ်။ အင်ဂျင်နီယာတွေပါတယ်။ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ ပါတယ်။ နိုင်ငံခြားက ဘွဲ့ရလာတဲ့သူတွေပါတယ်။ အနောက်နိုင်ငံတစ်ခုမှာ ဘွဲ့ရခါနီး နောက်ဆုံးနှစ်မှ တော်လှန်ရေးလုပ်ဖို့ ကျောင်းထွက်ပြီး ပြန်လာတဲ့သူတောင် ရှိတယ်။ အခုတော့ အားလုံး စစ်ဝတ်စုံဝတ်၊ လက်နက်ကိုင်၊ စစ်ဗျူဟာသင် ရွှံ့အလူးလူး ဒဏ်ရာဗရပွနဲ့။ မတန်ပေမယ့် ဒီလို အားမျိုးနဲ့ အာဏာရှင်ကို တိုက်ရင် မနိုင်စရာ ဘာအကြောင်းရှိလဲ။

ရုံးခန်းမှာ ဖုန်းလာပြောတာကို ဘေးကနေ တစွန်းတစ ကြားရတယ်။ မိန်းမရယ် ငါ့သားကို ငါတော်လှန်ရေးမှာ ဘယ်လို ပါဝင်ခဲ့တယ် ဆိုတာ ပြန်ပြောပြမယ် ဆိုတာလည်း ပါတယ်။ ငါတို့ တစ်သက်လုံး ဦးနှောက်ဆေးခံခဲ့ရတယ်။ တိုင်းရင်းသားတွေဆိုတာ သောင်းကျန်းသူတွေ မဟုတ်ဘူး။ ငါတို့ လူမျိုးချင်း ရက်ရက်စက်စက် သတ်နေတဲ့အချိန် သူတို့က မငြိုမငြင် စောင့်ရှောက်ပြီး ငါတို့ကိုတောင် ယုံယုံကြည်ကြည်နဲ့ စစ်ပညာ သင်ပေးကြသေးတယ်။ သူတို့လောက် နွေးထွေးတာ ဖြူစင်တာ သူတို့ပဲ ရှိတယ်။ ဆိုတာလည်း ပါတယ်။ တစ်ယောက်က စပီကာ ဖွင့်ပြောနေတာ ကြားတာ ရန်ကုန်ကို တပ်နဲ့ အတူ ဝင်ခဲ့နော်။ ရန်ကုန်ကနေ ကြိုနေမယ် ဆိုပြီး အားလှမ်းပေးတာလည်း ကြားရတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲ

သူတို့ ထမင်းမစားခင် ဆိုနေတဲ့ သစ္စာအဓိဌာန်ကို ကြားရတဲ့ အခါ စိတ်ထဲမှာ လှိုက်ခနဲ ဖြစ်ရတယ်။ အားတက်သလို စိတ်မကောင်းသလို ဘာမှန်း မသိဘူး။ သူတို့ ဆိုနေတဲ့ သစ္စာအဓိဌာန်က

* ငါတို့သည် လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် နိုင်ငံသားတို့၏ ချွေးနှဲစာ မှ ပေးလှူသော ဤစားသောက်ဖွယ်ရာများကို တာဝန်ထမ်းဆောင်ရန် စားသောက်ပါသည်။
* ငါတို့ စားသုံးမှုမှဖြစ်သည့် ခွန်အားနှင့် အသွေးအသားတို့ကို ငါ့နိုင်ငံသားများ၏ မျှော်လင့်ချက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ထွန်းရန် အသုံးချပါမည်။
*ငါတို့ ကြိုးစားသမျှ အာဏာရှင် ပျက်သုဉ်းပါစေသား
*ငါတို့ ကြိုးစားသမျှ တိုင်းရင်းသား အခွင့်အရေး တန်းတူ ရရှိပါစေသား။
ညနေဖက် ရောက်တော့ ထမင်းစားဆောင်ထဲမှာ စာကြည့်တဲ့သူကြည့် ဂစ်တာတီးပြီး သီချင်းဆိုတဲ့သူ ဆိုနဲ့။ အဲဒီအချိန် ဂစ်တာတီးတဲ့ တစ်ယောက်က အလိုမရှိ သီချင်းကို တီးတော့ တဆောင်လုံး ရှိနေတဲ့သူ အပြင်၊ အပြင်က ကြားတဲ့သူ အားလုံးပါ လိုက်ဆိုကြတော့ အလိုမရှိ သီချင်းသံက စခန်းတစ်ခုလုံး ညံ သွားတယ်။ ဒီအဖွဲ့ထဲက အတော်များများဟာ သပိတ်မှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးတဲ့သူတွေ။ အခြေအနေ အရ လက်နက် ကိုင်ဖြစ်သွားတာ။

လူတိုင်းမှာ တူညီတာ တစ်ခုတော့ သတိထားမိတယ်။ အဆင်မပြေတာ တစ်ခုခု ရှိတိုင်း ငါလိုးမ မင်းအောင်လှိုင်၊ မအေလိုး မင်းအောင်လှိုင် မင်းမွှေလို့ ဖြစ်တာ ဆိုပြီး တညီတညွတ်တည်း ဆဲကြတာပဲ။

Tags: နွေဦးတော်လှန်ရေးသင်တန်းအတွေ့အကြုံ
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

KIA ကန့်ကွက်ထားတဲ့ တပ်မဟာ KNO ဖွဲ့စည်းကြောင်း ကြေညာ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.