Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Burma Spring Revolution

ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ အရာရှိ အရာခံအပါအဝင် (၂၅) ဦး သေဆုံး

by idigital news
February 18, 2022 - Updated on March 3, 2022
Reading Time: 1 min read

ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ) တွင် ယနေ့ ဖေဖော်ဝါရီ (၁၈) ရက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အရာရှိ အရာခံ အပါအဝင် (၂၅) ဦး သေဆုံးခဲ့ကြောင်း DMO PDF က မြေပြင်သတင်းထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို (DMO-PDF) မှ​ ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွင်လည်း ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။

အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် သံချပ်ကာ အမြှောက်ကား (၂) စီးဖြင့် ပစ်ကူခဲ့သည့်အပြင် ညနေ (၄) နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း DMO-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မနက်(၆)နာရီဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဝါှရီဆူးပလိုင်​ကျေးရွာ​ရှိ နေအိမ် အ​မြောက်အများကိုလည်း မီးရှို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့​သောရှမ်း-ကယားနယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာ​သော​ကြောင့် အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းခဲ့သည်ဟု သိရသည်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Donald Trump's Truth Social App Lauches on Apple App Store

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version