Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Burma Spring Revolution

အကြမ််းဖက် စစ်ကောင်စီက လူနေအိမ်များဘက်သို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး

by idigital news
March 24, 2022
Reading Time: 1 min read

မတ်လ (၂၄) ရက် နံနက် (၆း၃၀) နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ – ၃၅၅ သင်္ကန်းညီနောင်တပ်ရင်းမှ ထီးမူးထရွာအတွင်း လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမရှိ မူးလာ့ချောင်း တံတားအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) နှင့် KNLA တပ်မဟာ လုံခြုံရေးစစ်ကြောင်းတို့ ယနေ့ မတ်လ (၂၄) ရက်နေ့ နံနက် (၅း၄၅) နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအပြီး နံနက် (၆း၃၀) နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ် (ခမရ – ၃၅၅) သင်္ကန်းညီနောင်တပ်ရပ်မှ ထီးမူးထရွာ လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် အချက် (၂၀) ကျော် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထီးမူးထကျေးရွာမှ ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU – ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ စောဖါးနူဝါး အသက် (၄၄) နှစ်၊ နော်မု့လားပို့ အသက် (၄၀)နှစ်နှင့် နော်မုလုခေး အသက် (၃၃) နှစ်တို့ဖြစ်သည်။

ထို့အပြင် လူနေအိမ် (၃)လုံးနှင့် ကား (၁)စီး လက်နက်ကြီးထိမှန်ကာ ပျက်စီးမှုများလည်း ရှိသည်။

Tags: KNLAKNUတိုက်ပွဲသတင်း
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Editors' Picks

The best VPN software for 2024: Security, Speed, and Features Compared

March 5, 2024 - Updated on September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
AI

10 AI Tools for Content Writers: Supercharge Your Writing with Artificial Intelligence!

June 5, 2023
Next Post

မြန်မာ့နွေဦးတော်လှန်ရေး ဓါတ်ပုံများကို World Press Photo က ဆုချီးမြှင့်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version