Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Future Tech

Meta က မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၁၅၀၀ တန် Quest Pro VR Headset အသစ်

by idigital news
October 14, 2022
Reading Time: 2 mins read

Virtual World ကိုခုနောက်ပိုင်း တောက်လျှောက်အာရုံစိုက်နေတဲ့ Meta ကုမ္ပဏီဟာ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ VR တွေအားလုံးထက်ရှေ့ပြေးတဲ့  Quest Pro VR Headset အသစ် ကိုကြေညာလိုက်ပါတယ်။ Quest 2 ကို Upgrade လုပ်လိုက်တာတင်မကပဲ ဒီဇိုင်းကအစ လုံးဝအသစ်ပြောင်းပစ်လိုက်တာပါ။

Spec ပိုင်းမသွားသေးပဲ ဒီဇိုင်းပဲကြည့်လိုက်ရင်တောင် မြင်ဖူးနေကျ VR Headset တွေနဲ့လုံးဝကွာခြားနေတာ သိသာပါတယ်။ပုံမှန် VR Headset တွေမှာ ရှေ့က Bump ကြီးကြီးနဲ့ အလေးချိန်များတာတွေပဲ မြင်ခဲ့ရပေမဲ့ Quest Pro ကတော့ ရှေ့မျက်နှာစာပိုင်းပါ တော်တော်သေးသွားတာတွေ့ရမှာပါ။ Battery ကိုလည်းနောက်ကိုပို့ထားလိုက်လို့ ရှေ့နောက် Balance ညီသွားတာကို ကြည့်တာနဲ့တင်သိနိုင်ပြီး တပ်လိုက်တာနဲ့ သက်တောင့်သက်သာရှိနေမှာလည်း သိသာပါတယ်။

Quest Pro VR Headset အသစ် က အရင် VR Headset တွေလိုမျက်လုံးတစ်ခုလုံးကို အုပ်ပိတ်ပစ်လိုက်တာမျိုးလည်းမဟုတ်တော့ပဲ တပ်ထားရင်အောက်မှာ မျက်လုံးနေရာလေး လွတ်နေတာကိုတွေ့ရပါတယ်။မျက်လုံးကိုခြေရာခံနိုင်တဲ့ နည်းပညာပါလာပြီး ရုပ်ထွက်ပိုင်းမှာလည်း High-Resolution နဲ့ပါ။ Quest 2 ထက်လည်း Contrast ပိုင်းမှာ 75% လောက်ပိုသာပါတယ်။

မျက်လုံးတစ်လုံးကို 1800×1920 Pixel ထိပြသနိုင်ပြီး VR ရော AR ရော နှစ်ခုလုံးအတွက် အဆင်ပြေပါတယ်။ဘေးပတ်ဝန်းကျင်နဲ့ လုံးဝသက်သက်ကြီးဖြစ်သွားသလို မခံစားစေရဖို့ အပြင်အလင်းရောင်ကို Headset ထဲဘယ်လောက်ထိပေးဝင်မလဲဆိုတာကိုလည်း ချိန်ညှိနိုင်ပါတယ်။ Controller တွေကိုကြည့်ရင်လည်း ဆင်ဆာတွေအများကြီးပါတဲ့အပြင် ဒီဇိုင်းကိုကြည့်လိုက်ရင် Sony ရဲ့ PS VR 2 လိုမျိုး User friendly ဖြစ်မယ့်ပုံလေးပါ။

နောက်တစ်ပိုင်းကတော့ အပြင်ကမျက်နှာအမူအရာအတိုင်း VR ထဲက Avatar ကလိုက်လုပ်နိုင်မှာပါ။အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် Headset ကမျက်နှာဆင်ဆာပေါင်း ၅ ခုလောက်ကိုအသုံးပြုထားတယ်လို့သိရပါတယ်။ Quest Pro ရဲ့ Promo Video ထဲမှာလည်း အဲ့ဒီလုပ်ဆောင်ချက်ကိုထည့်ပေးထားပါတယ်။ Horizon World ထဲက မက်ဇူကာဘတ် Avatar ရဲ့ Sefile ပုံကို ဝိုင်းဝေဖန်ကြတဲ့နောက် Avatar တွေကိုပိုပြီးတော့ လူသားပုံစံပေါက်အောင်လုပ်ပေးထားတာက အလုပ်ဖြစ်သွားတာပါ။

Specs ပိုင်းကိုကြည့်မယ်ဆိုရင်တော့ သုံးထားတဲ့ Chipset က Snapdragon XR2-Plus Memory က 12GB Storage က 256GB ထိသုံးထားပါတယ်။ Quest 2 နဲ့တော်တော်လေးကွာပါတယ်။

Promo ထဲမှာကြည့်ပုံအရတော့ Meta ဟာ ဒီ Headset ကို Bussiness ပိုင်းအတွက် ပိုဦးစားပေးထုတ်ထားသလိုပါပဲ။ Horizon World တင်မက Horizon Workroom ထဲမှာလည်း Quest Pro ကိုအသုံးပြုနိုင်မှာပါ။ Meta က Miscrosoft နဲ့လက်တွဲထားတဲ့အတွက်ကြောင့် Miscrosoft 360 ကိုပါ Quest Pro နဲ့အသုံးပြုနိုင်ပါလိမ့်မယ်။

အားနည်းချက်တွေရှိတာကတော့ ဒီ VR Headset က Battery တော်တော်သေးတာပါ။ဈေးကလည်း ဒေါ်လာ ၁၅၀၀ ထိတောင်မလို့ Headset တစ်ခုအတွက် တော်တော်ကိုဈေးကြီးတဲ့ နှုန်းထားတစ်ခုလို့ အပြောခံနေရပါတယ်။ Quest 2 ကဆိုတစ်ခုကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်လောက်သာရှိပါတယ်။

Tech Review Website ကြီးတွေရဲ့ အသုံးပြုပြီး Review တွေအရတော့ ပုံမှန် VR တွေထက် သုံးရတာ တော်တော်ပိုကောင်းတယ်လို့သိရပါတယ်။ VR User တစ်ယောက်လိုအပ်မယ့် လိုအပ်ချက်တွေကိုတော့ ထည့်ပေးထားတာသိပ်မတွေ့ရပဲ Next Gen နည်းပညာတွေကိုသာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးထည့်ပေးထားတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ VR Headset ကြီးကတော့ အရမ်းလန်းနေပေမဲ့ ခုထိဘာမှသိသိသာသာပြောင်းလာတာမျိုးမရှိသေးတဲ့ Virtual World ကြီးကိုတော့ Meta ဘယ်လိုမျိုးတွေ ဆက်ပြင်မလဲ စောင့်ကြည့်ရမှာပါ။

Tags: ARMeta QuestQuest ProVRVR Headset
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Android လား IOS လား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version