Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

by idigital news
November 14, 2022
Reading Time: 1 min read

တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း လူသုံးအများဆုံးတွေထဲက Brand တစ်ခုဖြစ်တဲ့ Xiaomi ကိုတော့ အားလုံးသိကြမှာပါ။စမတ်ဖုန်းနည်းပညာပိုင်းမှာ Giant ကြီးလို့ပြောနိုင်တဲ့ Xiaomi ဟာ စမတ်ဖုန်းတွေနဲ့ DSLR ကင်မရာတွေကြားက ကွာဟချက်တွေကို ဆွဲညှိပစ်ဖို့ S12 Ultra စမတ်ဖုန်းနဲ့ ပြင်ဆင်နေပါတယ်။

S12 Ultra က ဈေးကွက်ထဲကို ရောက်မလာသေးတဲ့ Concept စမတ်ဖုန်းဖြစ်ပြီး အဲ့ဒီဖုန်းကို ထူးခြားစေတဲ့ အကြောင်းရင်းက တစ်လက်မထိရှိတဲ့ Camera နှစ်ခုဖြစ်ပါတယ်။ Module က Leica ရဲ့ Summilux-M 35mm f/1.4 ASPH ဖြစ်ပြီး ပုံရိပ်တွေဟာ ဆင်ဆာကို တိုက်ရိုက်ရောက်တာကြောင့် တခြားစမတ်ဖုန်းကင်မရာတွေထက် ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ပါတယ်။

ခုတော့ အဲ့ဒီ Concept ဖုန်းကနေ နောက်ထပ် အံ့အားသင့်စရာတစ်ခုကို ချပြလိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ သူ့ရဲ့ Camera Module မှာ တခြား Full-size DSLR Camera Lens တွေ တပ်ဆင်အသုံးပြုနိုင်မှာပါ။ M Mount Attachement နဲ့မလို့ ပုံမှန် M-Lens တွေဖြစ်တဲ့ Canon နဲ့ Sigma Lens တွေတပ်ဆင်အသုံးပြုနိုင်ပြီး Focus Peaking,Zebra Lines,Histogram တို့အပြင် Professional Camera Man တွေအသုံးပြုနိုင်မယ့် Feature တွေအများကြီးပါဝင်ပါတယ်။ပုံမှန်ကင်မရာတွေမှာ အသုံးပြုသလိုပဲ Lens ကို Click & Twist လိုက်တာနဲ့ အသုံးပြုနိုင်မယ်လို့သိရပါတယ်။

လက်ရှိချိန်မှာတော့ Xiaomi ကဒီဖုန်းကို Concept အဖြစ်ပဲဆက်ထားဦးမှာဖြစ်ပြီး ဈေးကွက်ထဲဖြန့်ဖို့ အစီအစဥ်မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ဘယ်လောက်ပဲနည်းပညာတွေတိုးတက်လာလို့ စမတ်ဖုန်းပေါ်မှတောင် Lens တင်ရိုက်လို့ရတယ်ပြောပေမဲ့ ဒီ Idea ဟာ Concept အဖြစ်သာရှိပြီး လက်တွေ့မှာအသုံးမဝင်နိုင်လောက်ပါဘူး။ပုံမှန် Camera တွေလို သယ်ရကူရမလွယ်တာရယ် ရှေ့မှာဝိတ်လေးနေမှာရယ်၊ဘယ်လိုပဲ Feature စုံပါစေ DSLR Camera တစ်လုံးလိုမျိုးတော့ ပြီးပြည့်စုံနေနိုင်မှာမဟုတ်တာကြောင့် နောက်နှစ်ပေါင်းများစွာကြာသင့်တိုင် Concept အဖြစ်ပဲဆက်ရှိနေဦးမယ့် စမတ်ဖုန်းတစ်လုံးလို့ ထင်မိပါတယ်။

Tags: DSLR lens in smartphonesPhone with DSLR lens
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version