Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး စစ်ကောင်စီ တက်ခွင့် မရ

by Ye Yint
June 18, 2021 - Updated on March 3, 2022
Reading Time: 1 min read

နိုင်ငံတကာ အသိအမှတ်ပြုရန် အပြင်းအထန် ကြိုးပမ်းနေသည့် စစ်ကောင်စီအနေဖြင့် ဇွန်လတွင် ကျင်းပရန် ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၄၇ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ခွင့်မရ သလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လည်း တက်ရောက် မခွင့်မရသေးကြောင်း သိရသည်။

ယင်း ၄၇ကြိမ်မြောက် ကုလသမဂ္ဂ လူအခွင့်အရေး ကောင်စီ၏ ပုံမှန်အစည်းအဝေးကို ဇွန်လ၂၁ ရက်မှ ဇူလိုင် ၁၃ ရက် အထိ ကျင်းပမည် ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် စစ်ကောင်စီသာမက NUG အစိုးရပါ ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ၇၄ ကြိမ်မြောက် ညီလာခံ၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတို့တွင်လည်း တက်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရပြီး၊ ယခု တတိယမြောက်အဖြစ် ၄၇ကြိမ်မြောက် ကုလသမဂ္ဂ လူအခွင့်အရေး ကောင်စီ၏ ပုံမှန်အစည်း အဝေး တက်ရောက်ရန်လည်း ငြင်းပယ်ခံရခြင်းဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) အနေဖြင့်လည်း အလားတူ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် အပြင်းအထန် ကြိုးစားနေပြီး လက်ရှိ အခြေအနေတွင် စစ်ကောင်စီအနေဖြင့် တက်ရောက်ခွင့် မရသည့် အခြေအနေမျိုးကပင် အောင်မြင် မှု တရပ် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“NUG က တရားဝင် ကိုယ်စားပြုခွင့် မရှိသည့်တိုင်အောင် ကျနော်တို့က ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။ ကျနော်တို့ကို အသိ အမှတ်ပြုမှု လမ်းကြောင်းတွေ ပိုအားကောင်းလာတယ်။ အခုလိုမျိုး စစ်အုပ်စုက ကိုယ်စားပြုမှု အသိအမှတ် မပြုခြင်းကိုက အောင်မြင်မှု တခုလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

ဦးအောင်မျိုးမင်း (လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး)

ဆက်လက်ပြီး “လက်ရှိနိုင်ငံတကာရဲ့ သုံးသပ်ချက်ကတော့ စစ်ကောင်စီရဲ့ လုပ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒါတွေကို သိရှိနေတယ်။ ဒါကြောင့်မလို့ တရားဝင် အစိုးရအဖြစ် ဘယ်သူကမှ လက်မခံသေးဘူး။ အာဏာသိမ်းထားတယ်ပဲ ပြောပြော၊ အာဏာထိန်းထားပဲ ပြောပြော သူတို့ကို အစိုးရအဖြစ် အသိအမှတ် မပြုသေးဘူးဆိုတဲ့ သဘောကို တွေ့နေရ တယ်” ဦးအောင်မျိုးမင်းက ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ယခု ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး တက်ရောက်ရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရက အမည်စာရင်း တင်သွင်းထားခြင်း ဖြစ် သည်။

ဦးကျော်မိုးထွန်းသည် အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် ရှုတ်ချကြောင်း တရားဝင် ကြေညာချက်ထုတ်ရန် အပါအဝင် မြန်မာစစ်တပ်နှင့် စစ်ကောင်စီကို မည်သည့်နည်းနှင့်မျှ အသိအမှတ် မပြုရန်၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို မြန်မာစစ်တပ်က လေးစားလာရေး တိုက်တွန်းကြရန် ဖေဖော်ဝါရီ လကုန်ပိုင်းက ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ အလွတ် သဘော အစည်းအဝေးတွင် ပြောဆိုထားခြင်းလည်း ဖြစ်သည်။

လူ့အခွင့်အရေး ကောင်စီသို့ တက်ရောက်ခွင့် မရရှိသဖြင့် အဖွဲ့ဝင် နိုင်ငံအားလုံး လေးနှစ်တကြိမ် အလှည့်ကျ သုံးသပ် အစီ ရင်ခံမည့် လုပ်ငန်းစဉ် (Universal Periodic Review- UPR) ကို ၂၀၂၂ မှ အပြီးသတ် တင်သွင်းရမည် ဖြစ်ကြောင်း သိရ သည်။

“UPR ဆိုတာကတော့ ဇန်နဝါရီလမှာ တခါ တင်သွင်းပြီးပါပြီ။ အခုကတော့ နောက်ဆက်တွဲ ဇူလိုင်မှာ လုပ်ဆောင်မယ့် နောက်ဆက်တွဲ အစည်းအဝေး ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးမှာတော့ အစိုးရတရပ်က ဘယ်ကိစ္စတွေကို နောက် ၄ နှစ်ကာလမှာ လုပ်ဆောင်မလဲ ဆိုတဲ့ ကတိကဝတ် ပြုတာပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ရှေ့နှစ်ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တဲ့အတွက် ဒါက သိပ်ဆိုးရွားတဲ့ကိစ္စ မဟုတ်ပါဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

Universal Periodic Review – UPR ဆိုသည်မှာ UN လူ့အခွင့်ရေးကောင်စီ အဖွဲ့အဝင်များ အနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာ ပုံမှန်သုံးသပ် စစ်ဆေးခြင်းများကို ပြုလုပ်ပြီး အစီရင်ခံစာ တင်သွင်းကာ အကြံပြုချက်ကို ရယူပြီး နောက်လေးနှစ် အတွက် လူ့အခွင့်အရေးဆိုင်ရာ အကောင်အထည် ဖော်မှုများကို ပြုလုပ်ရခြင်း ဖြစ်သည်။

Source: ဧရာဝတီ
Tags: NUGWHOကုလသမဂ္ဂအမျိုးသားညီညွတ်ရေးအစိုးရ
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

ဒီပဲယင်းတွင် စစ်ကောင်စီခန့် သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာကိုဝင်စီး

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version