Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Editors’ Picks

FaceApp နဲ့ သတိထားရမယ့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များ

by idigital news
June 21, 2020 - Updated on November 26, 2020
Reading Time: 2 mins read

အခုရက်ပိုင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ခေတ်စားနေတဲ့ FaceApp အကြောင်းနဲ့ သတိထားရမယ့် မိမိရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုတွေအကြောင်း ပြောပြချင်ပါတယ်။

တကယ်တော့ FaceApp ဟာ အခုမှ ထုတ်လုပ်ထားတဲ့ app အသစ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ကလည်း အနှစ်ငါးဆယ်ကြာရင် ဖြစ်လာမယ့် သင့်ရဲ့ မျက်နှာ ဆိုတာမျိုးနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ခေတ်စားခဲ့ပါသေးတယ်။ အခုအခါမှာတော့ ယောက်ျားနဲ့ မိန်းမ အသွင်အပြင် ပြောင်းလဲနိုင်တဲ့ filter အသစ်တစ်ခု ထပ်ထည့်လိုက်ပြီးနောက်မှာ နောက်တစ်ခါ ပြန်လည် လူသိများလာပါတယ်။

တကယ်တော့ ဒါဟာ ပျော်စရာပါပဲ။ လူတွေဟာ ဓါတ်ပုံတွေကို အလွယ်လေးပြင်လို့ရမယ်ဆိုရင် စိတ်ဝင်စားကြပါတယ်။ ပျော်စရာလည်း ကောင်းတော့ တစ်ယောက်ပြီး တစ်ယောက် ရှဲရင် လူသိများလာပါတယ်။ ဒါပေမယ့် FaceApp ဟာ အပျော်သက်သက်ပဲလား။ နောက်ကွယ်က ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိနိုင်လား။

FaceApp အကြောင်း

FaceApp ကို ၂၀၁၇ ခုနှစ်မှာ ရုရှားကုမ္ပဏီတစ်ခုက စတင် ဖြန့်ချီခဲ့ပါတယ်။ ဒါပေမယ့် မနှစ်ကမှ လူသိများလာပြီး အသုံးပြုသူတွေရဲ့ ဓါတ်ပုံ သန်းပေါင်းများစွာကို သိမ်းဆည်းထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ မနှစ်က ဒီဇင်ဘာလမှာ FBI က ရုရှားထုတ် FaceApp ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီး အသုံးချနေတယ်လို့ ထုတ်ပြန်ပါတယ်။

FaceApp နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှု

လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန်လည်ခေတ်စားလာတာနဲ့ တဆက်တည်း လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ Faceapp ဟာ ဘယ်လို အချက်အလက်တွေကို စုဆောင်းသလဲ၊ အချက်အလက်တွေကို ဘာအတွက် အသုံးချသလဲ၊ ဘယ်သူတွေက ဒီအချက်အလက်တွေကို ရယူနိုင်သလဲ၊ တကယ်လို့ မိမိရဲ့ အချက်အလက်တွေကို ပြန်ဖျက်ချင်တယ်ဆိုရင် ဘယ်လို ဖျက်ရမလဲ။

အခြား အက်ပ်တွေနည်းတူ Faceapp ဟာလည်း အချက်အလက်တွေကို စုဆောင်းပါတယ်။ ဒါပေမယ့် FaceApp ရဲ့ ပိုင်ရှင် Yaroslav Goncharov ကတော့ စုဆောင်းထားတဲ့ အချက်အလက်တွေကို ရုရှားအာဏာပိုင်တွေဆီ မျှဝေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

တကယ်တော့ ဓါတ်ပုံပြင်တဲ့ app တစ်ခုဟာ နောက်တစ်ကြိမ် ပြန်လည်အသုံးပြုဖို့ မိမိရဲ့ပုံတွေကို cloud မှာ သိမ်းထားတယ်ဆိုတာ အရမ်းစိုးရိမ်စရာတော့ မဟုတ်ပါဘူး။ Faceapp ဟာ ဓါတ်ပုံ ပြင်ဖို့ ရည်ရွယ်ချက်ကလွဲပြီး သိမ်းဆည်းထားတဲ့ ပုံတွေကို တခြားဘယ်နေရာမှာမှ သုံးမှာ မဟုတ်ဘူးလို့ Goncharov ထပ်ပြောပါတယ်။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ ပုံတွေဟာ လည်း ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ cloud ကနေ အပြီးဖျက်ပစ်ပါတယ်။ နောက်တစ်ခုက ပုံတွေကို encrypt ပြုလုပ်ထားပြီး encryption key ကို မိမိရဲ့ ဖုန်းထဲမှာသာ သိမ်းဆည်းတာဖြစ်လို့ ဒီပုံတွေကို ကြည့်နိုင်တာဟာလည်း မိမိကိုယ်တိုင်ပဲ ဖြစ်မှာပါ။

FaceApp ရဲ့ ကိုယ်ရေးအချက်အလက် မူဝါဒကို ဆန်းစစ်ခြင်း

FaceApp ဟာ သူ့ရဲ့ ကိုယ်ရေးအချက်အလက်မူဝါဒကို မကြာသေးခင်က ပြန်လည် ပြုပြင်ထားပြီး အသစ်ပြုပြင်ထားတဲ့ မူဝါဒဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေအတွက် ပိုမိုစိတ်ချရတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။

ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ရိုဝမ်နာဖီးဒင်းက FaceApp ရဲ့ အသစ်ပြုပြင်ထားတဲ့ မူဝါဒတွေဟာ ပိုမိုကျစ်လစ်ပြီး ပိုမိုစိတ်ချရတယ်လို့ ဆိုပါတယ်။ ဓါတ်ပုံတွေကို ဓါတ်ပုံပြုပြင်တဲ့ ရည်ရွယ်ချက်ကလွဲပြီး အခြားမည်သည့်အကြောင်းနဲ့မှ အသုံးမပြုဘူးလို့လည်း မူဝါဒ အသစ်မှာ ဖော်ပြထားပါတယ်။

နောက်တစ်ချက်က အသုံးပြုသူတွေဟာ မိမိရဲ့ Gallery access ကို ခွင့်ပြုပေးထားခဲ့ရင်တောင် FaceApp အနေနဲ့ အသုံးပြုသူက upload ပြုလုပ်တဲ့ ဓါတ်ပုံကိုသာ ရယူမှာ ဖြစ်ပြီး ဖုန်းထဲက အခြား အယ်ဘမ်တွေကို ရယူမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဓါတ်ပုံမှာ ပါလာတဲ့ metadata တွေကိုလည်း စုဆောင်းထားမှာ မဟုတ်ပဲ အပြီးဖျက်ပစ်မှာပါ။

ဒါပေမယ့် ဒီအချက်တွေကြောင့် FaceApp ဟာ စိတ်ချလက်ချ သုံးလို့ ရပါတယ်လို့ မှတ်ယူလို့ မရသေးပါဘူး။ Facebook တို့၊​Google တို့လို အခမဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ မိမိတို့ဆီက တစ်စုံတစ်ခု ရယူနေတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ အခမဲ့ရတဲ့ ဘယ်လိုဝန်ဆောင်မှုမျိုး၊ app မျိုးမဆို အသုံးမပြုခင်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဆန်းစစ်ဖို့ ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

FaceApp ရဲ့ သတိထားရမယ့်အချက်များ

FaceApp ဟာ ထင်ထားသလောက် အန္တရာယ်မများဘူးဆိုပေမယ့် အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ ဘယ်လို အချက်အလက်တွေကို ရယူထားလဲ၊ ဘယ်နေရာတွေမှာ ပြန်အသုံးချနေလဲဆိုတာ သိထားဖို့ လိုပါတယ်။

FaceApp ရဲ့ ကိုယ်ရေးအချက်အလက် မူဝါဒတွေအရ FaceApp ဟာ အသုံးပြုသူတွေရဲ့ အောက်ပါအချက်အလက်တွေကို ရယူပါတယ်။

၁။ ဓါတ်ပုံပြုပြင်ဖို့ upload ပြုလုပ်တဲ့ ဓါတ်ပုံတွေ၊
၂။ App ကို အသုံးပြုတဲ့ အချက်အလက်တွေ၊ (ဘယ်အချိန်တွေမှာ သုံးတတ်လဲ၊ ဘယ်အချိန်မှာ စအသုံးပြုလဲ၊ နောက်ဆုံးသုံးခဲ့တာ ဘယ်အချိန်လဲ။)
၃။ Subscription history
၄။ လူမှုကွန်ယက် အချက်အလက်များ (Facebook နဲ့ ချိတ်ဆက် အသုံးပြုခဲ့လျှင် မိမိရဲ့ နာမည်၊ သူငယ်ချင်းအရေအတွက် အစရှိသဖြင့်)
၅။ မိမိ ဖုန်းရဲ့ အချက်အလက်​ (​ဖုန်းအမျိုးအစား၊ မော်ဒယ်၊ Advertising ID, Apple ID, ဘယ်Website တွေ ကြည့်ထားလဲ အစရှိသဖြင့် )
၆။ Online Activity (မိမိရဲ့ ဖုန်းအသုံးပြုမှု၊ app အသုံးပြုမှု)

ဒီအချက်အလက်တွေကို ဘယ်နေရာတွေမှာ အသုံးချလဲ။

FaceApp ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို app ပိုမိုကောင်းမွန်ဖို့ အတွက် အသုံးပြုပါတယ်။ နောက်ထပ် အချက်အလက်တွေကို မူတည်ပြီး ကြော်ငြာတွေ ပြသဖို့၊ မားကတ်တင်းနဲ့ ပရိုမိုးရှင်း သတင်းတွေ ပို့ဖို့ အပြင် တရားဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အစိုးရက တရားဝင်တောင်းခံလာရင်၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေမဲ့လုပ်ရပ်တွေကို ကာကွယ်ဖို့ အစရှိတဲ့ ကိစ္စတွေအတွက် သက်ဆိုင်ရာ အစိုးရကို အချက်အလက်တွေ ပေးမှာ ဖြစ်ပါတယ်။

အချက်အလက်တွေကို ပြန်ဖျက်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။

မိမိရဲ့ အချက်အလက်တွေကို ပြန်ဖျက်ချင်တယ်ဆိုရင် FaceApp ရဲ့ Request form မှာ deletion request ကို ရွေးပြီး ပြန်ဖျက်ဖို့ တောင်းဆိုနိုင်ပါတယ်။

FaceApp’s Privacy Deletion Request Form

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Twitter

Twitter ဌက်ပြာလေးမှ X သို့

July 29, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Watch Apple WWDC 2020 LIVE

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version