Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး

မတရားဖမ်းဆီးခြင်းခံထားရသော လေးနှစ်အရွယ်ကလေးငယ်၏ မွေးနေ့

idigital news by idigital news
June 28, 2021 - Updated on March 3, 2022
Reading Time: 1 min read

အာဏာသိမ်းစစ်ကောင်စီ၏ လက်ပါးစေများက မန္တလေးတိုင်း မိုးကုတ်မြို့တွင် ဒီမိုကရေစီ အရေးတောင်းဆိုနေသည့် တစ်ဦးအား ဖမ်းမရသေးသည့်အတွက် ၎င်း၏ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ လေး နှစ်အရွယ် သမီးကို ဇွန်လ ၁၃ ရက်က ဖမ်းဆီးသွားခဲ့သည်။

ယနေ့ ဇွန်လ ၂၈ ရက်သည် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် ကလေးငယ်၏ ငါးနှစ်ပြည့်မွေးနေ့ဖြစ်ကြောင်း သိရသည်။ လေးနှစ်အရွယ်ကလေးငယ်မှာ မိခင်ဖြစ်သူနှင့်အတူ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည်။

“အကျဉ်းစံ အချုပ်ထဲက ‘စုထက်ဝိုင်း’ သမီးလေး.ဒီနေ့ (28.7.2021) ငါးနှစ်ပြည့်တဲ့နေ့.၊ မွေးနေ့မှစပြီး အမှန်တရားမြတ်နိုးသူအဖြစ် လောကကိုကောင်းကျိုးပြုနိုင်ပါစေ။ အရေးတော်ပုံ အောင်ရမည်.” ဟု တိမ်းရှောင်နေရသည့် ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏ လူမှုကွန်ယက်မှ တဆင့် ဆုတောင်းပေးထားသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

ဖမ်းဆီးထိန်းသိမ်းခြင်း မခံရမီ ၂၀၂၀ ခုနှစ် ဇွန်လ ၂၈ က ရိုက်ကူးထားသည့် ကလေးငယ်၏ မွေးနေ့ပုံဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညနေပိုင်းက မိုးကုတ်မြို့မှ ကိုစိုးဌေးဆိုသူ၏နေအိမ်သို့ စစ်ကောင်စီက ဝရမ်းလာရောက်ကပ်ခဲ့ပြီးနောက် ၎င်းကိုမတွေ့သည့်အတွက် ဇနီးနှင့် သမီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစိုးဌေးကို မိုးကုတ်မြို့တွင် အာဏာသိမ်းစစ်တပ်အား ကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့်ဟုဆိုကာ မတရားပုဒ်မများတပ်ပြီး တရားစွဲဆိုထားကြောင်း ဒေသခံများကပြောသည်။မိုးကုတ်မြို့တွင် ပြီးခဲ့သော လပိုင်းများအတွင်းကလည်း CDM လုပ်နေသည့် ကျောင်းဆရာမတဦးအား ဖမ်းဆီးမရသည့်အတွက် အမေဖြစ်သူနဲ့ အကိုဖြစ်သူအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများလည်းပြုလုပ်ခဲ့သည်။

Tags: child arrestကလေးသူငယ် အကျဉ်းသားမတရား ဖမ်းဆီးခံ
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

ဧရာဝတီတိုင်း ရဲရုံးတွင် ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ကူးစက်

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.