ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့မှူးရုံးမှာ ဇွန်လ နောက်ဆုံးပတ်ကစတင်ပြီး လက်ရှိချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ရှိလာပြီလို့ သိရပါတယ်။
ဦးစီး ၂ မှုခင်းဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ ဇနီးဖြစ်သူဟာ ဘဏ်မှာတာဝန်ထမ်းဆောင်ရင်း ရောဂါပိုး ကူးရာကနေ ခင်ပွန်းဖြစ်သူကို ရောဂါ ဆက်ကူးခဲ့တာလို့ သိရပါတယ်။
ဆက်စပ်လူနာတွေကို ကျန်းမာရေးဌာနက ကွာရန်တင်းထားဖို့ပြောဆိုပေမယ့် ရဲမှူး ဦးစီး ဆိုသူက ရဲချုပ်လာမှာ မလို့ပြောဆိုကာ ကိုဗစ်ဆက်စပ်လူနာတွေကို အလုပ်ခေါ်ခိုင်းနေတာလို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
“အများဆုံးကတော့ မှုခင်းဌာနက ဒါပေမဲ့ မဖြစ်မနေအလုပ်လုပ်ရတော့ ဆက်စပ်လူနာတွေကိုပါ ခေါ်ပြီး ဆင်းခိုင်းနေတာ၊ ရဲချုပ်က နက်ဖြန်ရောက်မှာဆိုတော့ ရုံးထဲ အားလုံးခေါ်ပြီး အလုပ်ခိုင်းနေတာ”
တိုင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦး
လက်ရှိအချိန်ထိ ရဲတိုင်းရုံးမှာ အရာရှိတပ်ဖွဲ့ဝင် ၃ ယောက် အပါဝင် ရဲဝန်ထမ်း ၁၅ ယောက် နီးပါးကူးစက်ခံထားရပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ သူတွေကို ဆေးရုံပို့ထားပေမယ့် ဆက်စပ် လူနာတွေကို ကွာရန်တင်းနဲ့ နေအိမ်တွေမှာ မနေခိုင်းဘဲ ရုံးမှာ အလုပ်ခေါ်ခိုင်းနေတာကြောင့် ကျန်တဲ့သူတွေက ရောဂါပိုးကူးစက်မှာကို စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။