Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Burma Spring Revolution

တယ်လီကွန်းကုမ္ပဏီ အမှုဆောင်များကို ပြည်ပသို့ မထွက်ခွာစေရန် စစ်အုပ်စု တားမြစ်ထား

idigital news by idigital news
July 5, 2021 - Updated on March 3, 2022
Reading Time: 1 min read

မြန်မာနိုင်ငံရှိ အဓိက တယ်လီကွန်မြူနစ်ကေးရှင်း ကုမ္ပဏီများ၏ အကြီးတန်း နိုင်ငံခြားသားအမှုဆောင်အရာရှိများကို ခွင့်ပြုချက်မရဘဲ နိုင်ငံထဲကနေ ထွက်ခွာ၍ ရမည်မဟုတ်ဟု အာဏာသိမ်းစစ်အုပ်စုက ပြောကြားထားသည်ဟု ယင်းကိစ္စနှင့်ပတ်သက်ပြီး တိုက်ရိုက်သိရှိနေသူတစ်ဦးက ပြောသည်။

တယ်လီကွန်းလုပ်ငန်းများ၏ အကြီးတန်းအမှုဆောင်များ (နိုင်ငံခြားသားများရော၊ မြန်မာနိုင်ငံသားများရောပါ) အနေဖြင့် နိုင်ငံကနေ ပြည်ပသို့ ထွက်ခွာလိုပါက အထူးခွင့်ပြုချက်တစ်ရပ် တောင်းခံရလိမ့်မည်ဟု စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ လျှို့၀ှက်ညွှန်ကြားစာတစ်စောင် ဇွန်လလယ်က ထွက်ရှိထားခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းနောက် တစ်ပတ်အကြာတွင် တယ်လီကွန်းကုမ္ပဏီများကို ဒုတိယမြောက် စာတစ်စောင် ပေးပို့ခဲ့ပြီး ထိုစာထဲတွင် ၎င်းတို့ကို ယခင်ညွှန်ကြားထားခဲ့သည့် ကြားဖြတ်ထောက်လှမ်းမှုဆိုင်ရာ နည်းပညာ (intercept technology) ကို ဇူလိုင် ၅ ရက်မတိုင်မီ အပြည့်အ၀ ဖော်ဆောင်ရန် ပြောဆိုထားသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ နိုင်ငံတွင် ဖုန်းခေါ်ဆိုပြောဆိုမှုများ၊ မက်ဆေ့ချ်များ၊ ၀က်ဘ်ဆိုဒ် အသုံးပြုကြည့်ရှုမှုများကို အာဏာပိုင်များ ထောက်လှမ်းသိရှိစေနိုင်ရန်နှင့် အသုံးပြုသူများကို ကိုယ်တိုင်စောင့်ကြည့်ထောက်လှမ်းနိုင်ရန်အတွက် အထက်ပါ ကြားဖြတ်ထောက်လှမ်းမှု နည်းပညာ တပ်ဆင်ရန် တယ်လီကွန်းကုမ္ပဏီများကို အာဏာသိမ်းစစ်အုပ်စုက ခိုင်းစေထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်သူများထံမှ နေ့စဥ် ဆန္ဒပြမှုများနှင့် တော်လှန်မှုများ ကြီးထွား‌လာနေမှုနှင့် ရင်ဆိုင်နေရသော အာဏာသိမ်းစစ်အုပ်စုသည် တယ်လီကွန်းကုမ္ပဏီများကို စပိုင်၀ဲ နည်းပညာ (spyware technology) အသက်သွင်းရန် ဖိအားပေးခဲ့ပြီးနောက် အထက်ပါညွှန်ကြားချက်များ ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

ယင်းနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ပန်ကြားချက်များကို အဖြေပေးခဲ့ခြင်း မရှိပေ။

အာဏာသိမ်းစစ်အုပ်စုသည် အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းမှုဆိုင်ရာ အားထုတ်မှုများနှင့်ပတ်သက်ပြီး မည်သည့်အခါကမှ မှတ်ချက်ပေးခဲ့ခြင်း မရှိသော်လည်း အာဏာသိမ်းပြီးနောက် မကြာမီတွင် ယင်းအနေဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုရန် ရည်မှန်းနေကြောင်း၊ ယင်းမူကြမ်းအရ တယ်လီကွန်း၀န်ဆောင်မှုလုပ်ငန်းများအနေဖြင့် တောင်းဆိုခံရသည့်အချိန်တိုင်း ဒေတာအချက်အလက်များ ထောက်ပံ့ပေးရမည်ဖြစ်သလို “စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနှင့် အေးချမ်းမှု” ကို နှောင့်ယှက်ပျက်ပြားစေသည်ဟု ထင်မြင်ခံရသည့် အကြောင်းအရာတိုင်းကို ဖယ်ရှား သို့မဟုတ် ပိတ်ဆို့ပေးရမည်ဟု ပြဋ္ဌာန်းပါ၀င်မည်ဖြစ်သည်။

ထို့ပြင် အာဏာသိမ်းအုပ်စုသည် ယင်း၏ လက်အောက်ခံတပ်ဖွဲ့၀င်များဘက်က ဆက်သွယ်ချိတ်ဆက်မှုများအပေါ် ကြားဖြတ်ထောက်လှမ်းခြင်းကို ခွင့်ပြုရန် privacy ဥပဒေများကိုလည်း ပြင်ဆင်ခဲ့သည်။

စောင့်ကြည့်ထောက်လှမ်းမှု တပ်ဆင်ပစ္စည်းများကို ဖော်ဆောင်လုပ်ကိုင်မှု အပြီးသတ်ရန် စစ်အုပ်စုဘက်မှ ဖိအားပေးမှုများ တိုးလာခဲ့ပြီးနောက် ခရီးသွားလာမှုပိတ်ပင်ချက် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အမှုဆောင်များကို ခရီးသွားမှုပိတ်ပင်ခြင်းက တယ်လီကွန်းကုမ္ပဏီများကို spyware နည်းပညာ အသက်သွင်းမှု အပြီးသတ်စေရေး ဖိအားပေးရန် ရည်ရွယ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောခဲ့သည်။ သို့သော် ညွှန်ကြားချက်ကိုယ်၌က အကြောင်းပြချက်တစ်ခုကို တိတိကျကျ ထုတ်ဖော်မထားပေ။

အာဏာသိမ်းစစ်အုပ်စုသည် intercept နည်းပညာကို အကောင်အထည်ဖော်ရေး ကုမ္ပဏီများကို တိုးမြှင့်ဖိအားပေးနေခဲ့ကြောင်း အမည်မဖော်လိုသူ အခြားတယ်လီကွန်းသတင်းရင်းမြစ်သုံးဦးကလည်း ပြောသည်။ နောက်ထပ် အသေးစိတ်အချက်အလက်များကိုတော့ ၎င်းတို့က ပြောကြားခဲ့ခြင်း မရှိပေ။

ထို့ပြင် intercept နည်းပညာနှင့်ပတ်သက်၍ မီဒီယာများကို ပြောဆိုခြင်း မပြုရန် ကုမ္ပဏီများကို စစ်အုပ်စုတာ၀န်ရှိသူများက ထပ်တလဲလဲ သတိပေးထားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တယ်လီနောကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ပြင် အခြားလုပ်ငန်းများဖြစ်သည့် အူရီဒူး၊ နိုင်ငံပိုင် အမ်ပီတီ ၊ ဗီယက်နမ်၏ Viettle နှင့် မြန်မာစစ်တပ်ပိုင်လုပ်ငန်းစုအကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် မိုင်တဲလ် တို့ကနေ မှတ်ချက်ပေးရန် ပန်ကြားချက်များကို တုံ့ပြန်အဖြေပေးထားခြင်းမရှိပေ။

နိုင်ငံတွင် နိုင်ငံသားများ၏ ဆက်သွယ်ပြောဆိုမှုများကို စစ်တပ်က ခိုးနားထောင်နိုင်စေရန်အတွက် intercept spyware တပ်ဆင်ရေးကို တယ်လီကွန်းနှင့် အင်တာနက်၀န်ဆောင်မှု ထောက်ပံ့သူလုပ်ငန်းများကို ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုမတိုင်မီ လများကတည်းက ညွှန်ကြားထားကြောင်း ရိုက်တာက မေလက ဖော်ပြခဲ့သည်။

ထို စောင့်ကြည့်ထောက်လှမ်းမှုနည်းပညာကို မည်မျှထိ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ဖြန့်ကျက်ထားပြီးသလဲ ဆိုသည်ကို ရိုက်တာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။ သို့သော် သတင်းရင်းမြစ်လေးဦး၏ အဆိုအရ နော်ဝေ၏ တယ်လီနောနှင့် ကာတာ၏ အူရီဒူးတို့သည် ယင်းအတိုင်း အပြည့်အ၀ လိုက်နာထားခြင်း မရှိသေးဟု သိရသည်။

ဖေဖေါ်၀ါရီလ စစ်တပ်၏ ပထမဆုံးလုပ်ဆောင်ချက်များတွင် အင်တာနက် ဖြတ်တောက်မှု ပါ၀င်ခဲ့ပြီး ယခုအချိန်အထိ အပြည့်အ၀ မူလအတိုင်း ပြန်လည်ထားရှိသေးခြင်း မရှိပေ။ ထို့ပြင် ပိတ်ပင်ထားရန်အတွက် ၀က်ဘ်ဆိုဒ် စာရင်းများနှင့် တက်ကြွလှုပ်ရှားသူ ဖုန်းနံပါတ်များကို တယ်လီကွန်းလုပ်ငန်းများထံ ပေးအပ်ထားသည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်များက ကမ္ဘာတ၀န်း အမြန်ဆန်ဆုံး တိုးတက်နေသည့် ကဏ္ဍများအနက်တစ်ခု ဖြစ်ထားခဲ့သည့် မြန်မာ့တယ်လီကွန်းကဏ္ဍ၏ အနာဂတ်ကို မသေချာမရေရာမှုများ ဖြစ်စေခဲ့သည်။ တယ်လီနောက ပြီးခဲ့သည့် သောကြာနေ့က ပြောရာတွင် ယင်းအနေဖြင့် နိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများ၏ အနာဂတ်ကို ချင့်တွက်နေကြောင်း ပြောခဲ့သည်။ အလားတူ ယင်းအနေဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းကို ‌ရောင်းချရန် ကြံရွယ်နေကြောင်း သတင်းရင်းမြစ်တစ်ဦးကလည်း ရိုက်တာကို ပြောသည်။

Source: Mizzima
Tags: ooredootelecomtelenor
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Next Post

ရန်ကုန်တွင် အောက်စီဂျင်ပြတ်တောက်မှု ဆိုးရွားစွာကြုံနေ

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.