This post is also available in: English
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရန်ပုံငွေ ရရှိရန် ရည်ရွယ်ထုတ်လုပ်ထားတဲ့ War of Heroes – The PDF Game ဟာ Paid Game အဖြစ် စတင်ဖြန့်ချီတဲ့ ပထမရက်မှာပင် Apple App Store (Singapore Region) မှာ Top Paid Game အဖြစ် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
The PDF Game ဟာ Minecraft, Angry Birds ရဲ့ Rovio Classics:AB, Bloons TD 6 အစရှိတဲ့ နာမည်ကြီးဂိမ်းများကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
The PDF Game ဟာ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးအဖြစ် ပါဝင်ကစားရမှာဖြစ်ပြီး စစ်အာဏာရှင် ကြင်စိုးနှင့် အပေါင်းအပါများကို သုတ်သင်ရမယ့် ဂိမ်း ဖြစ်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ထိပ်ဆုံးမှာ Top Paid Game အဖြစ် ရပ်တည်နိုင်ဖို့ ရည်မှန်းထားပြီး တော်လှန်ရေးဝင်ငွေ ရရှိနိုင်တဲ့အပြင် နိုင်ငံတကာမှ အာရုံစိုက်မှုကိုလည်း ရရှိနိုင်မယ်လို့ ဂိမ်းထုတ်လုပ်သူများက ဆိုပါတယ်။
တစ်ကမ္ဘာ လုံးက iOS paid app မှာ number 1 ရဖို့ဆိုတာ အရမ်းကျော်ကြား တဲ့ ဂိမ်းထုတ်လုပ်ရေး တွေရဲ့ အိပ်မက်ပါ။ သူတို့တောင် ဂိမ်းတိုင်း အမြဲ မရပါဖူး။ ကျွန်တော်တို့ ရောက်နိုင်ပါတယ်။ paid app မို့ ဂူဂူ လဲရစ်မရဖူး။ ဇူဇူလဲ ရစ်မရဖူး။ လုံးဝ ဘုရင် ပဲ။ ကျွန်တော် တို့ ဂိမ်းက ပိုကောင်း လို့ မဟုတ်ပါဖူး။ ကျွန်တော်တို့ မြန်မာ တွေ စည်းလုံး လို့ပါ။ ကျွန်တော်တို့ ၁ ပတ်လောက် number 1 ချိတ်နေရင် ကမ္ဘာ့ သတင်းဌာန တွေ interview တာတို့ သတင်းရေးတာ တို့ ဖြစ်လာ နိုင်ပါတယ်။ အဲတာဆို ကျော်ကြားမှုနဲ့ ငွေသဲ့ယူ ရုံပဲ။ flappy bird မှတ်မိတယ်ဟုတ်? ကျော်ကြားမှုကြောင့် ဂိမ်းရိုးရိုးလေးက တစ်နေ့ တစ်နေ့ ပိုက်ပိုက် တွေ လှိမ့်ဝင် ခဲ့တာ။ အခုတောင် အတော် ခရီးရောက် နေပါပြီ။ ဆက်လက်ချီတက်ကြရအောင်။ အရေးတော်ပုံ အောင်ရမည်။
The PDF Game
The PDF Game အခပေးဂိမ်းကို စင်ကာပူစတိုးမှာ 1.48 SGD နဲ့ ဝယ်ယူနိုင်ပြီး ယူအက်စ်စတိုးမှာ 0.99 USD နဲ့ ဝယ်ယူ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းအတွင်းမှာလည်း စစ်ခွေးတွေကို သုတ်သင်ဖို့ ကျည်ဆန်များ ဝယ်ယူကစားနိုင်ပြီး ကျည် ၅၀၀၀ အတွက် 1.48 SGD၊ ကျည် ၇၀,၀၀၀ အတွက် 14.98 SGD၊ ကျည် ၈၀၀,၀၀၀ အတွက် 148.98 SGD နဲ့ ဝယ်ယူဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။