Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Mobile

Android လား IOS လား

idigital news by idigital news
October 17, 2022
Reading Time: 2 mins read
Android vs iOS

ခုခေတ်ကာလမှာ လူတိုင်း အနည်းဆုံး smart phone တစ်လုံးဆီပိုင်ဆိုင်ထားကြပါတယ်။‌မြောက်များစွာသော Brand အမျိုးမျိုးနဲ့အတူ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီနဲ့ပါပဲ။ Smart phone company တွေကလည်း တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တွေနဲ့ ကောင်းသထက်ကောင်းအောင် ထုတ်လုပ်လာကြပါတယ်။ Android လား iOS လား ဆိုတဲ့ ရွေးချယ်မှုဟာလည်း စဉ်းစားရမယ့် အချက်တစ်ချက်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

Smart phone လို့ပြောလိုက်ပြီဆိုတာနဲ့ Android လား iOS လား ဘယ် platform ကိုပိုရွေးချယ်သင့်လဲဆိုတဲ့ မေးခွန်းဟာ စမတ်ဖုန်းအသုံးပြုသူတွေကြား အတော်လေးအငြင်းပွားကြရပါတယ်။Android smart phone company တွေနဲ့ iPhone company တို့ကိုယ်တိုင်ကလည်း အချင်းချင်း နည်းပညာကူးယူမှုတွေ၊ဒီဇိုင်း ပုံတူကူးမှုတွေ အခြားသောပြဿနာတွေနဲ့ တရားရင်ဆိုင်တာတွေတောင်ရှိကြပါသေးတယ်။(Appleကတော့ ကိုယ်ပိုင်နည်းပညာ၊ကိုယ်ပိုင်မူဝါဒတွေနဲ့သွားတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်)

ဒီတော့ Android နဲ့ iOS တို့ရဲ့ ကိုယ်စီအားသာချက်အားနည်းချက်တွေဟာ ဘာတွေများဖြစ်မလဲ

၁. Ratings ပိုင်းမှာတော့ Android က 3944 ratings ရှိပြီး IOS ကတော့ 3637 ratings ရှိပါတယ်။တစ်ကမ္ဘာလုံးမှာ Android ကိုအသုံးပြုသူများပြားတာကြောင့် ratingsပိုများနေတာလို့လည်း ဆိုနိုင်ပါတယ်။

၂. Developer အပိုင်းအနေနဲ့ကတော့ iOS ကို Apple company တစ်ခုထဲကသာအသုံးပြုထုတ်လုပ်တာဖြစ်ပြီး  Android ကိုများပြားလှတဲ့ company တွေထုတ်လုပ်ကြတာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုအပိုင်းမှာ Android ကနည်းနည်းသာသလိုရှိနေပါတယ်။ ဥပမာ Android ဖုန်းတွေမှာ USB type C အသုံးပြုနေကြချိန်မှာ iPhone မှာ lightning cable charger ပဲဖြစ်နေသေးတာတို့ always on display ကို Android မှာလွန်ခဲ့တဲ့နှစ်နှစ်ထဲကရနေပေမယ့် iPhone မှာတော့ လတ်တလောမှာမှထွက်ရှိထားတဲ့ iPhone 14မှာ စပါလာတာမျိုးပေါ့။ 

တစ်ဖက်က ကြည့်မယ်ဆိုလည်း Appleက အသုံးပြုသူတွေလိုချင်တဲ့ features တွေကို အလိုလိုက်ပြီးထည့်ပေးတဲ့ အကျင့်လည်းမရှိပြန်ပါဘူး။Notchတွေကိုတောင် ခေါင်းမာမာနဲ့နှစ်တွေအကြာကြီဆက်သုံးခဲ့ပြီး iPhone 14 seriesမှသာ dynamic islandဆိုပြီး pill shaped cutout notch ကို အသုံးပြုလာခဲ့ပါတယ်။Dyammic Islandလိုဆန်းသစ်တီထွင်မှုမျိုးကျ‌တော့လည်း အခြားဘယ်သူနဲ့မှမတူတဲ့၊အထင်ကြီးလောက်တဲ့ ဆန်းစစ်မှူတစ်ခုဖြစ်လာခဲ့ပါတယ်။

၃. ဘာသာစကားအနေနဲ့ကတော့ Androidကို  ဘာသာစကားပေါင်း ၁၀၀ကျော်နဲ့အသုံးပြုနိုင်ပြီး IOS မှာတော့ ဘာသာစကား ၄၀ကျော်နဲ့ပဲအသုံးပြုနိုင်ပါသေးတယ်။ Virtual assistant အနေနဲ့ကတော့  Android မှာက google assist အသုံးပြုနိုင်ပြီး IOS မှာကတော့ Siriကို အသုံးပြုနိုင်ပါတယ်။

၄. Android မှာ File တွေကို ကူးတဲ့အခါ USB တွေအသုံးပြုပြီးတော့ပဲဖြစ်ဖြစ် App တွေကိုပဲအသုံးပြုပြီးတော့ပဲ ဖြစ်ဖြစ် device တစ်ခုနဲ့တစ်ခု အလွယ်တကူလွဲပြောင်းနိုင်ပါတယ်။ ဓာတ်ပုံတွေ၊ဗီဒီယိုတွေကိုလည်း app အသုံးမပြုဘဲ USB port တွေနဲ့လည်း ကူးယူအသုံးပြုနိုင်ပါတယ်။ IOS မှ ကြတော့ File တွေကို Android တွေလိုမဟုတ်ပဲ  itunes တို့ Mac Os ဗားရှင်းအသစ်မှာဆို Finder စတဲ့ ဟာတွေနဲ့ အသုံးပြုလို့ရပါတယ်။ ဓာတ်ပုံတွေကို App အသုံးမပြုဘဲနဲ့ USB နဲ့လည်းလွဲပြောင်းနိုင်ပါတယ်။

ဆက်စပ်သတင်းများ

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

၅. Application တွေအတွက်ကတော့ Android မှာဆို Google play store ကနေ download ရယူနိုင်ပြီး  App ပေါင်း ၂၅၀၀၀၀၀ ကျော်ရှိပါတယ်။ အများအားဖြင့်တော့ App တွေကို free download ရယူနိုင်ပြီး တစ်ချို့ premium app တွေလောက်ပဲ ၀ယ်သုံးရတာပါ။

 iOS မှာကတော့ Apple App Store ကနေ download ရယူနိုင်ပြီး  App ပေါင်း ၁၈၀၀၀၀၀ ကျော်ရှိပါတယ်။Free သုံးလို့ရတဲ့ app တွေလည်းရှိပေမယ့် ၀ယ်သုံးရတဲ့ app တွေပိုများပါတယ်။ အားသာချက်ကတော့ app တွေကနေတစ်ဆင့် virous ၀င်ရောက်နိုင်မှု မရှိသလောက် ရှားပါတယ်။

Android ‌ဖုန်းတွေမှာ Google play store အပြင် အခြားသော third party app(ဥပမာ APK pure, App Gallery စသဖြင့်) တွေကနေတစ်ဆင့် အလွယ်တစ်ကူ download ရယူနိုင်ပါတယ်။iOS မှာတော့ third party App တွေနဲ့ အခြား ဆိုက်တွေကနေ download ရယူလို့မရပါဘူး။ အကယ်၍ download ရယူချင်ရင် jailbreak လုပ်မှရပါလိမ့်မယ်။ 

Security ပိုင်းအရဆိုရင် iOSဟာ Android ကို အပြတ်အသတ်အသာရထားပါတယ်။

၆. Android ဖုန်းတွေဟာ များပြားလှတဲ့ company တွေကနေ ဖုန်းbrand တွေအလိုက် model အမျိုးမျိုးထုတ်လုပ်ထားကြပါတယ်။Entry, midrange, flagship  သုံးမျိုးခွဲခြားထားပြီး level အလိုက် SOC တွေနဲ့ hardware ရော software ပါခွဲခြားထုတ်လုပ်ထားပါသေးတယ်။ အဲ့ဒါကြောင့်မို့ ဈေးနှုန်းအစားအလိုက် မိမိစိတ်ကြိုက်ရွေးချယ်စရာများပါတယ်။

 iOS ကိုတော့ Apple company တစ်ခုထဲကပဲထုတ်လုပ်ပြီးရွေးချယ်စရာ model သုံးမျိုးကနေ လေးမျိုးအထိသာရှိသလို တစ်နှစ်မှတစ်ခါသာ ထုတ်လုပ်ပေးပါတယ်။Hardware ပိုင်းနဲ့ software ပိုင်းမှာလည်းအကောင်းဆုံးတွေပဲသုံးပေးထားတဲ့အတွက် iPhone model အားလုံးဟာ သိပ်ကွာခြားလေ့မရှိကြပဲ အားလုံးဟာ flagship level တွေပဲဖြစ်ကြပါတယ်။

Android နှင့် iOS အနှစ်ချုပ် နှိုင်းယှဉ်ချက်

AndroidiOS
DeveloperGoogle အပါအဝင် နေရာအသီးသီးမှ Developer များApple Inc
ထောက်ပံ့ထားသည့်ဘာသာစကားများဘာသာစကားပေါင်း ၁၀၀ ကျော်ဘာသာစကားပေါင်း ၄၀ ကျော်
File managerအလွန်အသုံးဝင်Files App ပါဝင်ပြီး သာမန်သာ အသုံးပြုနိုင်
Applications Google Play Store တွင် Apps ပေါင်း နှစ်သိန်းခွဲကျော် ရှိပြီး အများအားဖြင့် အခမဲ့ အက်ပ်များဖြစ်App Store တွင် Apps ပေါင်း တစ်သိန်း ရှစ်သောင်းကျော်ရှိပြီး အခမဲ့ထက် အခပေး အက်ပ်က ပိုများ
ပြင်ပမှ အက်ပ်များနှင့် လုံခြုံရေးအက်ပ်များကို ပြင်ပမှ ရယူအသုံးပြုနိုင်ပြီး လုံခြုံရေးအားနည်းချက်ရှိအက်ပ်များကို ပြင်ပမှ ရယူနိုင်ခြင်း မရှိပဲ လုံခြုံရေးပိုကောင်း
Tags: AndroidiOS
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Apple ရဲ့ iPad အသစ်များနဲ့ 4K TV Media Player အသစ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.