Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

by idigital news
December 14, 2022
Reading Time: 2 mins read


ဖုန်းအသစ်တစ်လုံး၀ယ်တော့မယ်ဆိုရင် အရင်ဆုံးပြေးကြည့်မိမှာက ဒီဖုန်းမှာ ဘာ SoC အသုံးပြုထားလဲဆိုတာပဲ ဖြစ်ပါလိမ့်မယ် ။ SoC ဆိုတာ mobile phone တစ်လုံးရဲ့အသည်းနှလုံး ဖြစ်ပြီး smartphone တွေရဲ့ performance အပေါ် အဓိက‌သက်ရောက်မှု ရှိနေတဲ့ အရာလို့ ဆိုနိုင်ပါတယ်။

SoC ရဲ့ အရှည်ကတော့ system on a chip ဖြစ်ပါတယ်။
SoC တစ်ခုမှာ Central Processing Unit (CPU) ၊ Graphics Processing Unit (GPU) ၊ Image Processing Unit (ISP) ၊ Digital Signal Processor (DSP) ၊ Neural Processing Unit (NPU) ၊ Video encoder/decode နဲ့ Modems စတဲ့အစိတ်အပိုင်များစွာ ပါ၀င်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေ ၊ အစိတ်အပိုင်းတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာကြောင့် SoC ဟာ ဖုန်းတစ်လုံးရဲ့ ဦးနှောက်ဆိုလည်း မမှားပါဘူး။

Snapdragon, Exynos, Dimensity စတဲ့ SoC နာမည်တွေကို မိုဘိုင်းဖုန်းအသုံးပြုသူတွေ နဲ့ နည်းပညာကို စိတ်၀င်စားသူတွေဟာ ရင်းနှီးကျွမ်း၀င်ပြီးသား ဖြစ်ကြမှာပါ။ဒီတော့ ဒီ SoC တွေကိုအဓိက ထုတ်လုပ်နေတဲ့၊ mobile processor ဈေးကွက်ကို ဦးဆောင်နေလဲတဲ့ ကုမ္ပဏီကြီးတွေကို ဖော်ပြရမယ်ဆိုရင်

(၁)Qualcomm

Android OS ဖုန်းတွေမှာတော့ Qualcomm ရဲ့ Snapdragon SoC တွေကို ကျော်လွန်နိုင်သူ မရှိပါဘူး။ အမေရိကန် အခြေစိုက် Qualcomm company ဟာ ၂၀၀၇ ဒီဇင်ဘာမှာ မိုဘိုင်ဖုန်းတွေအတွက်  1 GHz processor ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

Qualcommဟာ သူတို့ရဲ့ SoC‌ တွေထဲမှာ ARM Cortex CPU တွေကို အစွမ်းထက် Kryp coresတွေနဲ့အတူ အသုံးပြုထားပါတယ်။။ Adreno GPCတွေကို အသုံးပြုထားတယ်ဆိုတဲ့ အချက်ဟာလည်း အခြားသော chips တွေနဲ့ ယှဉ်ရင် Snapdragon processorsတွေထက် ခြေတစ်လှမ်းသာ စေခဲ့ပါတယ်။

Qualcomm ရဲ့နောက်ဆုံးထွက် Snapdragon 8+ Gen 1 ဟာ လက်ရှိမှာ ကမ္ဘာပေါ်က ဒုတိယမြောက်အမြန်ဆုံး mobile processor ဖြစ်ပါတယ်။

(၂)Apple

Appleဟာ သူတို့ရဲ့ iPhones တွေကို ကိုယ်ပိုင် iOS ပေါ်မှာပဲ အခြေခံထားပါတယ်၊ ဒါ့အပြင် Apple ဟာ သူတို့ရဲ့ iPhones နဲ့ iPad တွေမှာ ကိုယ်ပိုင် processor တွေကိုသာ အသုံးပြုတာ ဖြစ်ပါတယ်။

Apple ဟာ အစောပိုင်းမှာ သူတို့ရဲ့ ထုတ်ကုန်တွေမှာ တပ်ဆင်ရမယ့် processor အတွက် Intel နဲ့ Samsungတို့ကို အားကိုးခဲ့ရပါတယ်။ A series SoC တွေကို အစောပိုင်းမှာ Samsung က Apple အတွက် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပေမယ်ြ နောက်ပိုင်းမှာတော့ TSMC (Taiwan Semiconductor Manufacturing Company, Limited )က လွှဲပြောင်းရယူခဲ့ပါတယ်။

Appleဟာ သူတို့ရဲ့ SoC တွေကို Bionic A-series နဲ့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ဒီ Bionic A-series chips တွေဟာ မိုဘိုင်းဖုန်းလောကမှာ စွမ်းဆောင်ရည်အမြင့်ဆုံး chips တွေလို့ ဆိုနိုင်ပါတယ်။ ဒီ Processors တွေမှာ ARMရဲ့ Cortex CPU cores တွေကို အသုံးပြုထားပါတယ်။( ARM ဟာ coresတွေကို ထုတ်လုပ်တဲ့နေရာမှာ ထိပ်ဆုံးကနေ ဦးဆောင်နေသူဖြစ်ပါတယ်။)

လက်ရှိကမ္ဘာပေါ်မှာ အမြန်ဆုံး SoC ကတော့ iPhone 14 Pro Max မှာ အသုံးပြုထားတဲ့ A16 Bionic Chip ပဒ ဖြစ်ပါတယ်။

(၃) Mediatek

တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Mediatek ရဲ့ processers တွေဟာ Apple ရဲ့ Bionic Chips တွေနဲ့ Qualcomm ရဲ့ Snapdragon chips တွေကို စွမ်းဆောင်ရည်ပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိပါဘူး ။ ဒါပေမယ့် သက်သာတဲ့ ဈေးနှုန်းနဲ့ အစွမ်းထက် SoC တွေကို ထုတ်လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်က Mediatekကို နာမည်ကြီးပါတယ်။

Mid-range phone‌ တွေ lower Mid-range phone တွေနဲ့ budget ဖုန်းတွေမှာ Mediatek ရဲ့ Dimensity နဲ့ Helio series chips တွေကို အများဆုံး အသုံးပြုထားပါတယ် ။ လက်ရှိမှာ Dimensity 9000 Plus ဟာ ကမ္ဘာပေါ်မှာ တတိယမြောက်အမြန်ဆုံး Mobile Processor ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် Xiaomi , One Plus , Oppo , Vivo စတဲ့ အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေမှာ Dimensity နဲ့ Helio chips တွေ အများဆုံးအသုံးပြုထားပါတယ်။

(၄)Huawei

Huawei ဟာ Huawei နဲ့ Honor mobile တွေမှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Kirin SoC တွေကို အသုံးပြုထားတယ်။ Huawei ပိုင် Shenzhen HiSilicon Semiconductor Co., Ltd က Kirin SoC တွေကိုထုတ်လုပ်တာဖြစ်ပါတယ်။

Kirin SoC တွေမှာ ARM Cortex-based CPU နဲ့ စွမ်းရည်မြင့်မားတဲ့ cores ‌တွေ၊ Mali GPU ကိုအသုံးပြုထားပါတယ်။ Kirin SoC တွေဟာ GPU performance မှာ Qualcomကိုမယှဉ်ပြိုင်နိုင်တဲ့ အားနည်းချက်လေးတစ်ခု‌ေတာ့ ရှိပါတယ်။ ဒီအချက်ကို ဖယ်လိုက်မယ်ဆိုရင်တော့ Kirin ဟာ အတော်လေး Performance ကောင်းတဲ့ SoCတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အမြန်ဆုံး mobile processor စာရင်းမှာတော့ Kiri 9000 ဟာ နံပါတ် ၁၆နေရာမှာသာ ရှိနေပါတယ် ။ Hisilicon ရဲ့ Kirin 9000 ဟာ ကမ္ဘာ့ပထမဆုံး 5G support လုပ်တဲ့ 5nm chipset ဖြစ်ပါတယ်။

(၅)Samsung

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ Samsung ဟာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုဖို့ Samsung Electronics ကနေ Exynos လို့ အမည်ပေးထားတဲ့ Processors တွေ ထုတ်လုပ်နေပါတယ်။

Saumsung ရဲ့ Exynos SoC တွေဟာ Qualcomm ရဲ့ Snapdragon, Mediatek ရဲ့ Dimensity SoC တွေရဲ့ စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်စွမ်းတော့ မရှိပါဘူး။ Samsung ရဲ့ နောက်ဆုံးထွက် Exynos 2200 ဟာ ကမ္ဘာ့အမြန်ဆုံး mobile processor စာရင်းရဲ့ နံပါတ် ၁၀နေရာမှာသာ ရှိနေပါတယ်။

Samsung ဟာ သူတို့ဟာ ဖုန်းတွေမှာ အမြဲတမ်း Exynos SoCကိုပဲ အသုံးပြုတတ်တာတော့ မဟုတ်ပါဘူး။ Flagship S seriesတွေမှာ regionပေါ်မူတည်ပြီး Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon SoC အသုံးပြုထားတဲ့ မော်ဒယ်နဲ့ သူတို့ရဲ့ နောက်ဆုံးထွက် Exymos Soc အသုံးပြုထားတဲ့ မော်ဒယ်ဆိုပြီး နှစ်မျိုး ရှိတတ်ပါတယ်။

နောက်လာမယ့်နှစ်တွေမှာတော့ Samsung ဟာ Apple ကို ကျော်ဖြတ်နိုင်ဖို့အတွက် သူတို့ရဲ့ Flagship ဖုန်းတွေမှာ Qualcomm ရဲ့ Snapdragon SoC တွေကို အသုံးပြုလာဖို့ ရှိနေပါတယ် ။

Tags: Bionic AMediatekQualcommSnapdragonSoCSystem on Chip
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Apple

iPhone 15 Series ရဲ့ ဖြစ်နိုင်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာ

November 14, 2022
Next Post

Exploring the Rumours: What Could the iPhone 15 Flip Phone Bring?

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version