Social Media Giant ကြီးဖြစ်တဲ့ Facebook ဟာ သူရဲ့ F8 ပွဲမှာ facebook ကို ဒီဇိုင်းအသစ် ပြုလုပ်နေကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း တချို့သောသုံးစွဲသူတွေကို တဖြည်းဖြည်းချင်း စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အခုဆိုရင် တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီဇိုင်းအသစ်ကို သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
Facebook ဟာ ဒီဇိုင်းအသစ် (Redesign) ကို လူအနည်းငယ်ကို စတင်စမ်းသပ်အသုံးပြုခွင့် ပေးခဲ့ပြီး တဖြည်းဖြည်း အသုံးပြုခွင့် ရရှိသူ အရေအတွက်ကို တိုးမြှင့်ပေးခဲ့သည်။ ယခုအခါမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဒီဇိုင်းအသစ်ဟာ ပိုမိုရှင်းလင်းတဲ့ အသွင်အပြင်မျိုး ဖြစ်ပြီး Dark Mode ပါ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Navigation Menu များဟာလည်း ပိုမို ရှင်းလင်းလွယ်ကူလာပြီး အသုံးပြုရ ပိုမို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Groups တွေ၊ Pages တွေကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်လာမှာ ဖြစ်သလို ရှာဖွေရတာလည်း ပိုပြီး အဆင်ပြေလာမယ်လို့ ဆိုပါတယ်။