မိမိရဲ့ Facebook အကောင့်ကို ကိုယ်မဟုတ်တဲ့ တစ်ယောက်ယောက်က ဝင်ရောက်ခဲ့တယ်ဆိုရင် Facebook က နည်းလမ်းသုံးမျိုးနဲ့ အကြောင်းကြားဖို့ သတ်မှတ်ထားနိုင်ပါတယ်။ ဒီနည်းလမ်းသုံးမျိုးကတော့ ကိုယ်သုံးနေတဲ့ device ကနေ Notification အနေနဲ့ ပို့တာ၊ Messenger ကနေ Login Alerts အကြောင်းကြားတာ၊ Email ကနေ အကြောင်းကြားတာ အစရှိသဖြင့် သတ်မှတ်ထားနိုင်ပါတယ်။
ဒီနည်းလမ်းသုံးမျိုးထဲကမှ ဒုတိယနည်းလမ်းဖြစ်တဲ့ Messenger ကနေ အကြောင်းကြားစာ ပေးပို့တာကို ရပ်တန့်တော့မယ်လို့ ယူဆရပါတယ်။ အခုလို ရပ်တန့်တော့မယ့်အကြောင်းကို Facebook အသုံးပြုသူ အများစု လက်ခံရရှိခဲ့ပြီး တစ်ချို့တွေကတော့ ရုတ်တရတ် ရရှိလာတဲ့ message ကြောင့် အကောင့်လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။
တစ်ချို့အသုံးပြုသူတွေအတွက်တော့ Messenger Login Alerts ကို ရွေးချယ်လို့ ရနေသေးပေမယ့် တစ်ချို့ အသုံးပြုသူတွေအတွက်တော့ Messenger Login Alerts ကို ရွေးချယ်ဖို့ မပါရှိတော့ဘူးလို့ သိရပါတယ်။ Facebook အနေနဲ့ Messenger Login Alerts ကို အပြီးတိုင် ရပ်တန့်လိုက်တော့မှာလား၊ ခဏတာ ရပ်တန့်ထားတာလားဆိုတာတော့ သေချာ မသိရသေးပါဘူး။