This post is also available in:
Facebook ရဲ့ application တစ်ခုဖြစ်တဲ့ WhatsApp ကနေ ပိုက်ဆံအလွှဲအပြောင်း လုပ်နိုင်မယ့် feature ကို ဘရာဇီးနိုင်ငံမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးအတွက် မကြာခင် တိုးချဲ့အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
အဆိုပါ လုပ်ဆောင်ချက်ဟာ Facebook Pay ပေါ်မှာ အခြေခံထားပြီး ပိုက်ဆံအလွှဲအပြောင်းဟာလည်း ဓါတ်ပုံတစ်ပုံပို့သလောက် လွယ်ကူမယ်လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်က သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
WhatsApp Payment ဟာ တစ်ဦးနဲ့တစ်ဦး ငွေလွှဲနိုင်ရုံသာမကပဲ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူတို့ရဲ့ ထုတ်ကုန်တွေအတွက် ငွေပးချေမှုကို WhatsApp ကနေတစ်ဆင့် ရယူနိုင်တယ်လို့ ဆိုပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ငွေလွှဲဖို့အတွက် အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက်တော့ Transaction fee ပေးချေရမှာ ဖြစ်ပါတယ်။