Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
  • mm Burmese
  • en English
No Result
View All Result
iDigital News
No Result
View All Result
Home Tech Companies Apple

Apple ရဲ့ iPad အသစ်များနဲ့ 4K TV Media Player အသစ်

idigital news by idigital news
October 20, 2022 - Updated on November 14, 2022
Reading Time: 2 mins read

Apple ဟာ ပြီးခဲ့တဲ့လတုန်းက iPhone 14 Series နဲ့ iwatch အသစ်တွေကို ချပြခဲ့ပြီး အောက်တိုဘာလထဲမှာတော့ iPad Series နှစ်ခုနဲ့ 4K TV Media player အသစ်တို့ကိုချပြခဲ့ပါတယ်။ iPad Pro 2022,iPad အသစ်တစ်ခုနဲ့ iOS16 4K TV တို့ပါ။

iPad Pros ကတော့ မနှစ်ကထက် သိသိသာသာပိုကောင်းလာတာတွေ အများကြီးရှိလာတယ်လို့ပြောနိုင်ပါတယ်။အပြင်အဆင်ပိုင်းကတော့ 2021 ကထွက်ခဲ့တဲ့ iPad Pro နဲ့အကုန်အတူတူပါပဲ။မတူတာက ခုထွက်တဲ့ iPad အသစ်မှာ M2 Chipset ကိုအသုံးပြုထားပြီး Camera ပိုင်း CPU ပိုင်းနဲ့ Graphic ပိုင်းတွေမှာလည်း ပိုကောင်းလာတဲ့အပြင် Feature အသစ်ဖြစ်တဲ့ Apple Pencil Hover Feature လည်းပါလာပါတယ်။ M2 Chip နဲ့အတူတူ 8-Core CPU ပါပါဝင်လာတဲ့အတွက် M1 iPad ထက် ၁၅ ဆပိုမြန်သွားပြီး Graphic Perfomance လည်း ၃၅ ဆလောက်ပိုသာသွားမယ်လို့သိရပါတယ်။ Camera မှာလည်း Res Video Camera ကြောင့် 4K Quality အထိပါရိုက်ကူးနိုင်ပြီး ဒီ iPad ထဲမှာပဲ Cinema-Grade Video တွေကို တစ်ခါတည်းရိုက်ကူး တည်းဖြတ် ဖြန့်ချီနိုင်မယ်လို့ပါ Apple ရဲ့ Press Release မှာရေးထားပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

Apple iPad Pro 2022

Pencil Hover Feature ကတော့ Second Gen Apple pencil နဲ့သာအသုံးပြုနိုင်မှာဖြစ်ပြီး Display နဲ့မထိခင် 12 mm လောက်မှာ Mark Preview ပေါ်ကာ Handwriting တွေကိုလည်း အရင်ကထက်မြန်မြန်ဆန်ဆန် Text အဖြစ်ပြောင်းလဲပေးနိုင်မယ်လို့သိရပါတယ်။ Mark Preview က Illustrator တွေအတွက် အရမ်းအရေးကြီးတဲ့ Feature တစ်ခုဖြစ်လာမှာပါ။Wifi 6 နဲ့မလို့အမြန်ဆုံးတစ်စက္ကန့်ကို 2.4 GB ထိ Download ဆွဲနိုင်ပြီး ဒါဟာ M1 ထက်နှစ်ဆပိုသာပါတယ်။ 5G လည်းအသုံးပြုနိုင်မယ်လို့သိရပါတယ်။

Pencil Hover Feature

iPad အသစ်ကတော့ iPad ဆိုတဲ့နာမည်နဲ့ပဲ ထွက်လာပါတယ်။စုစုပေါင်းအရောင် ၅ ရောင်ထိရွေးချယ်စရာရှိပြီး သုံးထားတဲ့ Chip က A14 Bionic Processor ပါ။၁၀.၉ လက်မထိပါဝင်ပြီး Touch ID ကိုလည်းအပေါ်ထောင့်မှာထည့်သွင်းပေးထားလို့ All Screen Design နဲ့ဖြစ်ပါတယ်။ ဒီ iPad မှာထူးခြားတာကတော့ Landscape မှာထည့်ပေးထားတဲ့ Ultrawide 12 megapixels Camera ပါ။အရင် iPad တွေမှာတုန်းက Camera ကိုဒီလိုမျိုး Landscape Mode မှာထည့်ပေးထားတာမျိုးမရှိသလို iPad Pro မှာလည်း Landscape Camera မပါသေးပါဘူး။ Wifi 6 ကိုပဲအသုံးပြုပေးထားပြီးတော့ Pro လိုပဲ 5G လည်းသုံးနိုင်ပါတယ်။

iPad 10th Gen

iPad နှစ်ခုလုံးမှာ iPadOS 16 ကိုအသုံးပြုထားတာကြောင့် Software Update ပုံစံ Feature အသေးလေးတွေလည်း အများကြီးပါပြီး App တွေပိုင်းကိုကြည့်ရင်လည်း Desktop like App တွေအများကြီးကိုတွေ့ရပါတယ်။ iPad Pro ကို $799 နဲ့ iPad ကိုတော့ $449 နဲ့ Pre-Order စတင်နိုင်နေပါပြီ။

4K TV အသစ်မှာကတော့ A15 Chip ကိုအသုံးပြုထားပါတယ်။အရင် Gen တွေမှာက A12 ကိုသုံးထားတာကြောင့် အရင်ဟာတွေထက် CPU ၅၀% ပိုကောင်းပြီး GPU က ၃၀% ပိုကောင်းသွားပါတယ်။ရှိပြီသား Dolby System အပြင် HDR10+ System ကိုပါ Support ပေးလာပါတယ်။ Remote မှာလည်း Lighting မဟုတ်တော့ပဲ Type-C ကိုအသုံးပြုထားပြီး Wifi 6 ပါဝင်လာကာ 64GB Version နဲ့ 128 GB Version နှစ်ခုရှိပါတယ်။ 128 GB Version မှာ Gigabit Ethernet လည်းပါဝင်တာကြောင့် ဒီ Apple TV ကနေတဆင့်တခြား Smart Home Device တွေကိုလည်း ထိန်းချုပ်နိုင်မှာပါ။ 64 GB Version ကို $129 နဲ့ 128 GB Version ကို $149 နဲ့ဈေးသတ်မှတ်ထားပြီး အရင် Version တွေကိုတော့ ထုတ်လုပ်မှုရပ်ဆိုင်းပစ်လိုက်ပါပြီ။

Tags: Apple 4K TVApple iPad 10th GenApple iPad Pro 2022Pencil Hover feature
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Next Post

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • English
  • Burmese
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Click to Copy

Add New Playlist

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.