This post is also available in: English
Apple ဟာ Macbook တွေမှာ Matte Black အရောင်ကို သုံးဖို့ အမေရိကန်နိုင်ငံ အမှတ်တံဆိပ်မှတ်ပုံတင်ရုံး (United States Patent and Trademark Office (USPTO))မှတ်ပုံတင်လိုက်ပါပြီ။ Apple ဟာ အနက်ရောင် Macbook တွေကို ၂၀၁၈ ခုနှစ်ကတည်းက မရောင်းတော့တာ ဖြစ်ပါတယ်။ အနက်ရောင်ဟာ တကယ့် Premium ဖြစ်တဲ့ အရောင်ဖြစ်ပေမယ့် လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ အနက်ရောင် အများစုဟာ အနက်ရောင် အစစ် မဟုတ်ကြပဲ မီးခိုးရောင်အရင့် ဒါမှမဟုတ် နက်ပြာရောင်တွေ များပါတယ်။
သတင်းတွေအရ Apple ရဲ့ Matte Black ဟာ အလင်းစုပ်နိုင်တဲ့ သတ္တုအမျိုးအစား ဖြစ်မှာ ဖြစ်ပြီး အနက်ရောင်ကို အမြင့်ဆုံးအဆင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ အလင်းကို စုပ်ယူနိုင်တာကြောင့် ပိုမိုလှပတဲ့ အနက်ရောင် ဖြစ်လာဖွယ်ရှိပါတယ်။
အလင်းကို စုပ်ယူနိုင်တာကြောင့် အလင်းပြန်တဲ့ ပြောင်လက်လက် အနက်ရောင်မျိုး ဖြစ်မှာ မဟုတ်ပဲ အနက်ရောင် အစစ်အမှန်ကို ရရှိမယ်လို့ Apple က ပြောပါတယ်။
မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းတွေအရ အလင်းစုပ်နိုင်တဲ့ Matte Black ဟာ အလူမီနီယံ၊ တိုက်တေနီယံ၊ စတီးတို့လို သတ္တု အများစုမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Macbook တွေမှာသာမက iPhone, iPad နဲ့ iWatch တို့မှာပါ Matte Black အရောင်နဲ့ ထွက်လာနိုင်ဖွယ်ရှိပါတယ်။