Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Editors’ Picks

Instagram နဲ့ WhatsApp ကို ပြန်ရောင်းရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ Facebook

idigital news by idigital news
December 12, 2020 - Updated on October 14, 2022
Reading Time: 1 min read

Facebook အနေနဲ့ Instagram နဲ့ WhatsApp ကို ပြန်ရောင်းရမယ်လို့ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။

Facebook ဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ပြိုင်ဘက်တွေကို အလဲထိုးဖို့ တရားမဝင်နည်းလမ်းတွေ အသုံးပြုခဲ့တယ်လို့ ကုန်သွယ်ရေးကော်မရှင်က တရားစွဲဆိုထားပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါးလောက် Facebook ဟာ ဈေးကွက်အတွင်း သူ့ရဲ့ အင်အားကြီးမားမှုကို အသုံးချခဲ့ပြီး လုပ်ငန်းသေးတွေကို ဖြိုခွဲဖို့နဲ့ ပြိုင်ဘက်တွေကို အလဲထိုးဖို့ ပြုလုပ်ခဲ့တယ်လို့ နယူးယောက်မြို့ရဲ့ ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ်က ပြောပါတယ်။ သူတို့ရဲ့ များပြားလှတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေရယ်၊ ငွေကြေးရယ်ကို အသုံးချပြီး ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ ဂျိမ်းစ်က ပြောပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်တွေကြောင့် အသုံးပြုသူတွေဟာ ရွေးချယ်စရာ နည်းပါးလာပြီး အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်မှုမှာ အားနည်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

Twitter ဌက်ပြာလေးမှ X သို့

တရားစွဲဆိုရာမှာ Facebook အနေနဲ့ နောက်ထပ် လုပ်ငန်းတွေကိို ဝယ်ယူခွင့် ပိတ်ပင်ဖို့နဲ့ Instagram နဲ့ WhatsApp လို လက်ရှိ လုပ်ငန်းတွေကို ခွဲထုတ်ဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၀သန်းနဲ့အထက် တန်ကြေးရှိတဲ့ လုပ်ငန်းတွေ ဝယ်ယူရာမှာလည်း ခွင့်ပြုချက်ရယူဖို့ ရှေ့နေများ အဖွဲ့ချုပ်က တရားရုံးကို တောင်းဆိုထားပါတယ်။ နည်းပညာလောကမှာတော့ ဒေါ်လာ ၁၀ သန်း တန်ကြေးဟာ လုပ်ငန်းအားလုံးနီးပါးကို ဆိုလိုရာ ရောက်ပါတယ်။

Facebook က Instagram နဲ့ WhatsApp ကို ပြန်ရောင်းဖို့ ဖိအားပေးခံရနိုင်သလား

Facebook ရဲ့ ဥပဒေရေးရာ အထွေထွေ အတိုင်ပင်ခံ ဖြစ်သူ Jennifer Newstead က တရားစွဲဆိုမှုတွေဟာ ခေတ်နောက်ပြန်ဆွဲနေခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Instagram နဲ့ WhatsApp တို့ဟာ Facebook ရဲ့ ငွေကြေး ဘီလီယံပေါင်းများစွာနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်ချက် အသစ်တွေ ဆန်းသစ်ထည့်သွင်းထားတာကြောင့်သာ တန်ဖိုးကြီးတဲ့ ထုတ်ကုန်တွေ ဖြစ်လာတာလို့ ဆိုပါတယ်။ ဒီပြဿနာတွေရဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ကော်မရှင်ဘက်က မဖော်ပြပဲ ထားခဲ့တဲ့အချက်က Facebook ရဲ့ Instagram နဲ့ WhatsApp ကို ဝယ်ယူမှုတွေဟာ နှစ်တွေ ကြာခဲ့ပြီဖြစ်ပြီး အပြီးအပြတ် အရောင်းအဝယ်ဖြစ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ဘယ်အရောင်းအဝယ်မှ အပြီးသတ်မဖြစ်နိုင်ကြောင်း အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေသလို ဖြစ်တယ်လို့ ဆိုပါတယ်။

ShareTweetSharePin1Send

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
San Francisco, California, United States - 07.24.2023 -
Twitter

Twitter ဌက်ပြာလေးမှ X သို့

July 29, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Next Post

Google Services are down!!

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.