This post is also available in:
Google က Google Play Music ကို ဒီဇင်ဘာလ ၄ ရက်နေ့က အပြီးတိုင် ပိတ်သိမ်းခဲ့ပြီ ဖြစ်ပါတယ်။ Google Play Music ရဲ့ app ကော website ကို ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး ဝင်ကြည့်မယ်ဆိုရင် “Google Play Music is no longer available” လို့ ပြသနေမှာ ဖြစ်ပါတယ်။
Google Play Music အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ သီချင်းတွေကို YouTube Music ကို လွှဲပြောင်းနိုင်မယ့် ခလုတ်တစ်ခု တွေ့ရမှာ ဖြစ်ပြီး Download ပြုလုပ်နိုင်မယ့် ခလုတ်ကိုလည်း ပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် Google အနေနဲ့ ဒီလုပ်ဆောင်ချက်တွေကို ဘယ်အချိန်ထိ ပေးထားမလဲဆိုတာတော့ မသေချာပါဘူး။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ဒေတာတွေကို အခုအချိန်မှာ download လုပ်တာ ဖြစ်ဖြစ်၊ YouTube Music ကို ရွှေ့ထားတာဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။