This post is also available in:
Google Search ထဲမှာ Augmented Reality လို့ ခေါ်တဲ့ AR နည်းပညာနဲ့ တိရိစ္ဆာန်လေးတွေ၊ တချို့ အရာဝတ္ထုတွေကို 3D နဲ့ ကြည့်လို့ရအောင် မနှစ်က စတင် ထည့်သွင်းပေးခဲ့ပါတယ်။ AR နည်းပညာနဲ့ သင့်ရဲ့ ဖုန်းကင်မရာကနေတစ်ဆင့် တိရိစ္ဆာန်လေးတွေကို အပြင်လောကထဲကို ခေါ်ကြည့်လို့ ရတာ ဖြစ်ပါတယ်။
Google အနေနဲ့ 3D ကြည့်လို့ ရမယ့် တိရိစ္ဆာန်စာရင်းကို တဖြည်းဖြည်း တိုးချဲ့ပေးလာတာ အခုဆိုရင် ဒိုင်နိုဆောပါ ပါဝင်လာပါပြီ။ ဒိုင်နိုင်ဆောတစ်ကောင်ကို အပြင်လောကထဲ ခေါ်ကြည့်လို့ ရမှာ တော်တော်လည်း စိတ်ဝင်စားစရာပါ။ Google က လက်ရှိမှာ ဒိုင်နိုဆော အမျိုးအစား ၁၀ မျိုး ထည့်သွင်းပေးထားပါတယ်။
အသစ်ထည့်ပေးထားတဲ့ ဒိုင်နိုဆော ဆယ်မျိုးကတော့
yrannosaurus rex,
Velociraptor,
Triceratops,
Spinosaurus,
Stegosaurus,
Brachiosaurus,
Ankylosaurus,
Dilophosaurus,
Pteranodon, နဲ့
Parasaurolophus တို့ ဖြစ်ပါတယ်။ ဒီဆယ်မျိုးကို Google Search မှာ ရှာလိုက်ရင် 3D နဲ့ ကြည့်လို့ရမယ့် Option တစ်ခု ပေါ်လာမှာပါ။
3D animals တွေဟာ AR နည်းပညာကို အခြေခံထားတာကြောင့် ဖုန်းတိုင်းတော့ ကြည့်လို့ ရမှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်ဖုန်းဟာ Android ဆိုရင် ဒီ စာရင်းမှာ ရှာကြည့်ပါ။ ဒီစာရင်းထဲမှာ ပါတယ်ဆိုရင်တော့ ကြည့်လို့ ရမှာပါ။ iOS ဖြစ်ခဲ့ရင်တော့ iOS 11 နောက်ပိုင်း ဖြစ်ရပါမယ်။ iOS အတွက် ဒီစာရင်းမှာ ရှာကြည့်ပါ။