Xiaomi ဟာ လာမယ့် Xiaomi 14 Series တွေမှာ သူတို့ရဲ့ ပထမဆုံး Operating System Hyper OS ကို ထည့်သွင်း အသုံးပြုတော့မှာ ဖြစ်တယ်လို့ CEO Lei Jun က ထုတ်ဖော် ကြေညာလိုက်ပါပြီ။
Today marks a historic moment. After years of collective work, our new operating system, #XiaomiHyperOS, is set to make its official debut on #Xiaomi14Series. pic.twitter.com/bNJqIyD8y0
— Lei Jun (@leijun) October 17, 2023
Xiomi ဟာ ကိုယ်ပိုင် OS တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ကြာခဲ့ပါပြီ။ ကိုယ်ပိုင် OS အပြင် ကိုယ်ပိုင် SOC ကိုပါ ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Xiaomi ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Hyper OS က တရားဝင် ပေါ်ပေါက် လာခဲ့ပါပြီ။

Hyper OS ကို China ရော Global မှာပါ ရရှိနိုင်မှာ ဖြစ်ပြီး အသစ်ထွက်ရှိမယ့် Xiaomi 14 Series တွေမှာ တပါတည်း ပါရှိလာမှာ ဖြစ်ပါတယ်။
ဒီ Hyper OS ဟာ အရင်က MiUi တွေနေရာမှာလည်း အစားထိုးသွားနိုင်ဖွယ် ရှိပါတယ်။ အရင်ဖုန်းအဟောင်းတွေလည်း OTA Update နဲ့ Hyper OS ကို အသုံးပြုနိုင်ဖွယ်ရှိပေမယ့် ဘယ် device တွေ အသုံးပြုလို့ ရမလဲဆိုတာတော့ မသိရသေးပါဘူး။ အလားတူပဲ Redmi နဲ့ Poco ဖုန်းတွေအတွက်ရော ရရှိနိုင်မလားဆိုတာလည်း မသိရသေးပါဘူး။