Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • 010221.org
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Uncategorized

Apple ရဲ့ WWDC 2020 မှာ ကြေညာသွားတဲ့ အချက်များ အနှစ်ချုပ်

idigital news by idigital news
June 23, 2020 - Updated on November 26, 2020
Reading Time: 3 mins read

မနေ့ညက ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC (Worldwide Developer Conference) မှာ iOS 14, macOS Sur, WatchOS နဲ့ အခြား products အသစ်တွေ၊ features အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။

Livestream ပြန်ကြည့်ချင်သူများ ဒီမှာ ပြန်ကြည့်လို့ ရပါတယ်။

ဆက်စပ်သတင်းများ

Radio NUG – Sep 6 – 8 AM

Radio NUG – Sep 5 – 8 AM

ညက မကြည့်လိုက်ရသူများနဲ့ အကုန်လုံး ပြန်မကြည့်ချင်သူများအတွက် အချက်အလက်တွေကို ပြန်လည် စုစည်းပေးလိုက်ပါတယ်။

iOS14

Image – Apple

ပထမဆုံးအနေနဲ့ iOS 14 ကို စတင်မိတ်ဆက်ခဲ့ပြီး iOS 14 အတွက် developer preview ကို ယနေ့ စတင်ထုတ်ပေးခဲ့ပါတယ်။ public beta ကို ဇူလိုင်လမှာ ရရှိမယ်လို့ မျှော်မှန်းရပါတယ်။

iOS 14 ရဲ့ ပြောင်းလဲမှုများ

App Library : Homescreen page အသစ်တစ်ခု ထပ်တိုးလာပြီး app တွေကို သက်ဆိုင်ရာခေါင်းစဉ် နဲ့ အလိုအလျောက် စုစည်းပေးမှာ ဖြစ်ပါတယ်။

Widgets : Widget တွေကို Homescreen ပေါ်ကို တင်နိုင်မှာ ဖြစ်ပြီး app icon တွေနဲ့ အတူတကွ ယှဉ်တွဲ​ထားနိုင်မှာ ဖြစ်ပါတယ်။

Picture-in-picture on iPhone: iPad တွေအတွက် Picture in Picture ကို iOS 9 မှာ ကတည်းက ရရှိခဲ့ပါတယ်။ အခုတော့ iOS မှာပါ PIP ကို သုံးနိုင်ပါပြီ။​ Picture in Picture ဆိုတာ ဗီဒီယိုတစ်ခု ကြည့်နေတဲ့အချိန်​ (သို့ ဗီဒီယိုကောလ် ပြောတဲ့အချိန်) မှာ အခြား app တွေကို ပြောင်းသုံးရင် video ကို box အသေးလေးနဲ့ ဆက်ပြပေးနေမှာ ဖြစ်ပါတယ်။

Siri: Siri ဟာ အရင်လို screen အပြည့်ယူတော့မှာ မဟုတ်ပဲ ဒီဇိုင်းအသစ်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် audio message တွေပို့ဖို့ ပြောနိုင်ပြီ ဖြစ်ပြီး ဘာသာစကားအသစ်တွေလည်း ဘာသာပြန်ဖို့ ထပ်ထည့်ထားပါတယ်။

Message: Message မှာ အရေးကြီးတဲ့ conversation တွေကို ထိပ်ဆုံးမှာ တင်ထားနိုင်ပြီ ဖြစ်ပြီး Group conversation တွေအတွက် mention လုပ်ခံရမှသာ noti တက်ဖို့ စီမံထားနိုင်ပါပြီ။ နောက်တစ်ခုက memoji မှာ face mask တပ်ထားတာတွေ ထပ်ထည့်ပေးထားပါသေးတယ်။

Maps: Apple Maps အသစ်ကို ယူကေ၊ အိုင်ယာလန် နဲ့ ကနေဒါတို့မှာ ဒီနှစ်ကုန်ပိုင်းလောက် အသုံးပြုနိုင်မှာပါ။ မကြာခင်မှာ စက်ဘီးလမ်းကြောင်းတွေ ပါဝင်လာမှာ ဖြစ်ပြီး လျှပ်စစ်ကားတွေအတွက်လည်း အားသွင်းလို့ ရမယ့်နေရာတွေ ပြသပေးထားမှာပါ။

CarKey: Credit card တွေ၊ Debit card တွေလို ကားသော့တွေကို ဖုန်းထဲ ထည့်ထားလို့ ရမယ်ဆိုရင် ဘယ်လိုနေမလဲ။ Apple ဟာ iOS 14 မှာ ဒစ်ဂျစ်တယ်ကားသော့ လုပ်ဆောင်ချက်ကို ထည့်ပေးထားပါတယ်။ အခုလောလောဆယ် BMW ကားတွေရဲ့ မော်ဒယ်အသစ်တွေမှာပဲ စတင်ထည့်ပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားမော်ဒယ်တွေ၊ ကားထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းဖို့ ရှိပါတယ်။

iPad OS

Image – Apple

iPad OS အတွက် အပေါ်က iOS 14 ရဲ့ features တွေ ရရှိမယ့်အပြင် iPad OS အတွက် သီးသန့်လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။

Universal Search: Apple ဟာ Search UI ကို အသစ်ပြန်လည် ပြင်ဆင်ထားပြီး အရင်လို full screen ဖြစ်မှာ မဟုတ်တော့ပါဘူး။ ပြီးတော့ Mail, Keynote, Message တို့လို apps တွေထဲထိ Search လုပ်လို့ရအောင် ပြင်ဆင်ပေးထားပါတယ်။

Apple Pencil / Scribble: လက်နဲ့ ရေးတဲ့ hand writing ကို iPad ရဲ့ text field တိုင်းအတွက် အသုံးပြုနိုင်ပါပြီ။ ဒါကြောင့် Pencil ကို ချပြီး typing လုပ်စရာ မလိုတော့ပဲ လက်နဲ့ တဆက်တည်း ချရေးနိုင်တော့မှာပါ။ နောက်တစ်ခုက လက််နဲ့ဆွဲတဲ့ shape တွေကိုလည်း ကွန်ပျူတာနဲ့ ဆွဲသလို အလိုအလျောက် ညီအောင် ပြင်ပေးမှာပါ။

AirPods

Automatic device switching: AirPods က အခုဆိုရင် device တစ်ခုနဲ့ တစ်ခုကြား အလိုအလျောက် ပြောင်းလဲပေးမှာပါ။ ဥပမာ။ ipad မှာ ဗီဒီယိုကြည့်နေတုန်း iPhone မှာ ဖုန်းလာရင် AirPods က iPhone ကို ပြောင်းလဲ ချိတ်ဆက်ပေးမှာပါ။

Spatial Audio: ဒီတစ်ခုကတော့ ဒီနှစ်ရဲ့ အကောင်းဆုံး feature တွေထဲက တစ်ခုပါ။ AirPods pro အတွက် surround sound system ပါဝင်လာမှာပါ။ ထူးခြားတာက ဗီဒီယိုကြည့်နေရင်း ခေါင်းနေရာရွေ့တာ၊ device နေရာရွေ့တာပေါ် မူတည်ပြီး အသံစနစ်ကို လိုက်လျောညီထွေ ပြုပြင်ပေးမှာမို့ အသံစနစ်ဟာ တသမတ်တည်း ဖြစ်နေမှာပါ။

Apple Watch

Image – Apple

Face Sharing: ကိုယ်လက်ရှိသုံးနေတဲ့ Watch Face ကို တခြားလူတွေဆီကို Messages, Mail, Safari ကနေတဆင့် မျှဝေနိုင်မှာပါ။

Cycling directions: Cycling လမ်းညွှန်ကို watch ကနေ ကြည့်လို့ ရပါမယ်။

Sleep tracking: အိပ်ပျော်နေတဲ့အချိန်မှာ အလိုအလျောက် မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။

Dance Workout

Handwashing detection: လက်ဆေးတဲ့အခါမှာ ရေကျသံရယ်၊ လက်ရဲ့ အနေအထားကို detect လုပ်ပြီး hand wash timer ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

Privacy Changes

ဒီနှစ်ပိုင်းမှာ အသံဆူဆူညံညံ ဖြစ်လာတဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွက်လည်း အပြောင်းအလဲတွေ ပြုလုပ်ထားပါတယ်။

Approximate location: App တွေက ပေးတဲ့ location နဲ့ ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရချင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တည်နေရာ အတိအကျကိုလည်း မပေးချင်ဘူးဆိုရင် Approximate location (အကြမ်းဖျဉ်း တည်နေရာ) ကိုပဲ ပေးလို့ရပါမယ်။

Simplified privacy polices: အက်ပလီကေးရှင်း ရေးသားသူတွေက ကိုယ်ရေးအချက်အလက်မူဝါဒတွေကို ရှင်းရှင်းလင်းလင်း တင်ပြဖို့ လိုမှာ ဖြစ်ပြီး ဒီမူဝါဒတွေကို အက်ပ် ဒေါင်းလုဒ်မလုပ်ခင်မှာ ပြသပေးမှာ ဖြစ်ပါတယ်။

MacOS Big Sur

Image – Apple

အသစ်ထွက်မယ့် MacOS ကို Big Sur လို့ နာမည်ပေးထားပြီး features အသစ်တွေ ထပ်ထည့်ပေးထားပါတယ်။

Control center: iOS ရဲ့ Control Center လိုမျိုးကို macOS ရဲ့ ညာဖက်အပေါ်မှာ ထည့်ပေးထားပြီး dark mode, brightness, volume အစရှိတာတွေကို အလွယ်တကူ ချိန်ညှိနိုင်မှာပါ။

Notification Center: Notifications ကို ပိုမိုရှင်းလင်းတဲ့ အသွင်အပြင်မျိုး ပြုပြင်ထားပြီး အလွယ်တကူ ရှင်းလင်းနိုင်မယ့် လုပ်ဆောင်ချက် ထည့်ပေးထားပါတယ်။

New maps: MacOS ရဲ့ Maps ကိုလည်း ဒီဇိုင်းအသစ် ပြန်လုပ်ထားပါတယ်။

Safari: Safari မှာ Tab Management ပါဝင်လာပြီး Tab တွေမှာ favicon တွေကို ပြသပေးမှာပါ။ Privacy tools ပါဝင်လာပြီး ကိုယ့်ရဲ့ ဘယ်အချက်အလက်တွေကို စောင့်ကြည့်နေလဲဆိုတာ သိရှိနိုင်မှာပါ။

New Processors on Macs

WWDC မတိုင်ခင် ထွက်ပေါ်နေတဲ့ ကောလဟလတွေအတိုင်းပဲ​ Apple ဟာ နောက်ထုတ်မယ့် Macs တွေမှာ Intel Processors အစား ကိုယ်တိုင် ပြုလုပ်ထားတဲ့ ARM based CPU တွေကို အသုံးပြုမှာပါ။ ဒီ processors ဟာ ပါဝါသုံးစွဲမှု နည်းပါးပြီး performance ပိုင်းမှာ သိသိသာသာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားစရာ ကောင်းတာက iOS apps တွေကိုပါ ARM CPU အသုံးပြုထားတဲ့ Mac တွေမှာ သုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Uncategorized

Radio NUG – Sep 6 – 8 AM

September 6, 2021 - Updated on March 3, 2022
Uncategorized

Radio NUG – Sep 5 – 8 AM

September 5, 2021 - Updated on March 3, 2022
Uncategorized

Radio NUG – Sep 4 – 8 AM

September 4, 2021 - Updated on March 3, 2022
Uncategorized

Radio NUG – Sep 3 – 8AM

September 3, 2021 - Updated on March 3, 2022
Uncategorized

Radio NUG – Sep 2 – 8 AM

September 2, 2021 - Updated on March 3, 2022
Uncategorized

Radio NUG – Sep 1, 2021 – 8 AM

September 1, 2021 - Updated on March 3, 2022
Next Post
Image - Apple

သင့်ရဲ့ iPhone က iOS 14 update လုပ်လို့ ရနိုင်မလား

  • Burmese
  • English
  • ဆက်သွယ်ရန်

© 2022 iDigital News - Latest Technology News.

No Result
View All Result
  • jnews-home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • mm Burmese
  • en English

© 2022 iDigital News - Latest Technology News.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist