Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • AI
  • More
    • Social Media
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • AI
  • More
    • Social Media
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home Featured

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

idigital news by idigital news
November 18, 2022 - Updated on March 3, 2026
Reading Time: 2 mins read

Smart phone camera တွေနဲ့ ဓာတ်ပုံရိုက်လို့ရတာဟာ ယနေ့‌ခေတ်မှာ တော်တော်လေးအသုံး၀င်တဲ့အချက်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့နေ့စဉ်အမှတ်တရတွေ ပျော်ရွှင်မှုတွေကို မှတ်တမ်းတင်ရတတ်တဲ့၊ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတွေမျှဝေရတတ်တဲ့ လူငယ်တွေအတွက် ဖုန်းကင်မရာတစ်လုံးရဲ အရည်အသွေးကောင်းမွန်မှုဟာ အတော်လေးအရေးပါပါတယ်။

ဒါ့ကြောင့် လူငယ်တွေဟာ smart phone ၀ယ်ယူတဲ့အခါမှာ cameraအရည်အသွေး ဘယ်လောက်ကောင်းမွန်လဲဆိုတဲ့အချက်ကို ထည့်သွင်း‌စဥ်းစားလာကြပါပြီ။အထူးသဖြင့် Selfileပုံ တွေအရိုက်များတဲ့၊ဘယ်နေရာရောက်ရောက် ဓာတ်ပုံမရိုက်ရရင်မနေနိုင်တဲ့ မိန်းကလေးတွေအတွက် ကင်မရာဆိုတာ အသက်လို့တောင် ဆိုနိုင်ပါတယ်။ Smart phone ထုတ်လုပ်ကြတဲ့ company တွေဟာလည်း ကင်မရာအရည်အသွေးပိုကောင်းမွန်လာအောင် အပြိုင်အဆိုင်ကို ကြိုးစားနေကြပါတယ်။

လူငယ်တော်တော်များများက smart phone တွေမှာပါတဲ့ camera တွေဟာ Megapixel များလေ၊ကင်မရာအလုံးအရေအတွက်များလေ ကောင်းလေလို့ အကြမ်းမျဉ်းအားဖြင့် သိထားကြပါတယ်။တကယ်တမ်မှာတော့ ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးကောင်းမွန်မှုဟာ ကင်မရာ မှန်ဘီလူးအရေအတွက်၊ Megapixel အနည်းအများနဲ့ တိုက်ရိုက် အချိုးကျနေတာ မဟုတ်ပါဘူး။ အခြားသော software, hardware ပိုင်းနဲ့လည်းဆိုင်နေပါသေးတယ်။

 Camera တွေမှာ Aperture ဆိုတာရှိပါတယ်။Aperture ဆိုတာကတော့ မြန်မာလိုဆိုရင်တော့ အလင်း၀င်ပေါက်ဖြစ်ပါတယ်။ အလင်း၀င်ပေါက်ကြီးလေ အလင်း‌ရောင် ကောင်းကောင်း ဖမ်းနိုင်ပြီးတော့ အမှောင်ထဲမှာပါ ဓာတ်ပုံကောင်းကောင်းရိုက်နိုင်လေပဲ ဖြစ်ပါတယ်။ ရှေ့ကြည်နောက်ဝါး portrait ပုံစံလေးတွေလည်း ရိုက်လို့ရလေပါပဲ။

Aperture သေးတာကြီးတာကို Aperture number နဲ့ဖော်ပြပြီးတော့ number သေးလေလေ အလင်း၀င်ပေါက်ကြီးလေလေ ဖြစ်ပြီး number ကြီးလေလေ အလင်း၀င်ပေါက်သေးလေလေပဲဖြစ်ပါတယ်။ Sensor လည်း ဒီလိုပါပဲ။Sensor size ကြီးလေလေ အလင်းပိုရလေဖြစ်ပြီး ပုံရိပ်ပိုကောင်းလေပါပဲ။ 

ကင်မရာတွေအကြောင်းပြောရင် Zoom တွေကို ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ကင်မရာမှာ optical zoom, digital zoom နဲ့ hybrid zoom ဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။ဒီတော့ ဒီ zoom တွေက တစ်ခုနဲ့တစ်ခု ဘာကွာလဲ၊ဘယ်လို အလုပ်လုပ်သလဲဆိုတာ တစ်ချက်လောက် ကြည့်ကြတာပေါ့။

Optical zoom ဆိုတာကဝောာ့ smart phone တစ်လုံးမှာပါတဲ့ lens ပေါ်မူတည်ပြီးတော့ ပုံရိပ် အကျယ်ချဲ့နိုင်စွမ်းမတူတာပါ။ နှစ်ဆချဲ့နိုင်တာလား သုံးဆချဲ့နိုင်တာလားဆိုတာ အသုံးပြုထားတဲ့ lens ပေါ်မှာပဲမူတည်ပြီး ပုံသေပဲသွားပါတယ်။

RelatedNews

Samsung Galaxy S26 Ultra vs iPhone 17 Pro Max: The 2026 Flagship Showdown

Xiaomi 17 and Xiaomi 17 Ultra Global Launch: MWC 2026 Recap

‌Digital zoom ကတော့ ကျွန်တော်တို့ရိုက်လိုက်တဲ့ပုံကို ဒီအတိုင်းပဲ အကျယ်ချဲ့ပြီး အနီကပ်ကြည့်တဲ့သဘောပါပဲ။ Digital zoom ဟာရိုက်ပြီးသားပုံကို အကျယ်ပြန်ချဲ့တာဖြစ်လို့ image quality ကျပါတယ်။ အဲ့ဒါကြောင့်မို့ Digital zoom ဟာ Optical zoom လောက်မကောင်းပါဘူး။

နောက်ဆုံးတစ်ခု Hybrid zoom ဆိုတာကတော့ အပေါ်က zoom နှစ်မျိုးလုံး ပေါင်းပြီးအလုပ်လုပ်တာပါ။ Hybrid zoom မှာ lens တစ်လုံးထက်ပိုပြီး အလုပ်လုပ်ပါတယ်။ ဥပမာ Hybrid zoom ပါတဲ့ဖုန်းတစ်လုံးဟာ သူ့မှာပါတဲ့ main camera နဲ့ အခြားအပိုပါတဲ့ lens ရဲ့ ပုံတွေက detail အသေးစိတ် ကို ယှဉ်လိုက်ပြီး အကောင်းဆုံးပုံ result ကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။

Photo – Tech Radar

Hybrid zoom ဟာ computational photography လို့ခေါ်တဲ့ AI ရဲ့တွက်ချက်မှုတွေနဲ့ ပြုလုပ်ထားတဲ့ ပုံဖြစ်တာကြောင့် AI မကောင်းရင် အလုပ်မလုပ်ပါဘူး။အမှောင်ထဲမှာ ဓာတ်ပုံတွေကောင်းကောင်းရိုက်နိုင်ဖို့အတွက်လည်း OIS နဲ့ EIS လိုအပ်ပါသေးတယ်။ အဲ့ဒါတွေကို Image stabilization လို့ခေါ်ပါတယ်။

Image stabilization ဟာ ဓာတ်ပုံရိုက်တာအပြင် ဗီဒီယိုရိုက်တဲ့နေရာမှာပါ ကူညီပေးပြီး လက်ငြိမ်အောင်လုပ်ပေးတဲ့အရာတွေပဲဖြစ်ပါတယ်။ OIS လို့ခေါ်တဲ့ optical image stabilization ကတော့ lens ကိုယ်တိုင်အလုပ်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ phone နဲ့ဓာတ်ပုံရိုက်တဲ့အခါ လက်မငြိမ်တာကြောင့် ဖြစ်သွားတဲ့ လှုပ်ရှားတဲ့အပေါ်မူတည်ပြီး lens က ဆန့်ကျင်ဘက်ကိုလိုက်ရွေ့ပြီး လှုပ်ရှားမှုကို ချေဖျက်ပေးတာပဲဖြစ်ပါတယ်။

OIS ပါတဲ့ camera တွေကိုလှုပ်ရှားကြည့်ရင် lens လေးတွေ လှုပ်စိလှုပ်စိဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ရဲ့လှုပ်ရှားမှုကို ချေဖျက်ပေးနေတာဖြစ်ပါတယ်။ EIS ကတော့ electrical image stabilization လို့ခေါ်ပြီး Digital zoom နဲ့အလုပ်လုပ်ပုံ တူညီပါတယ်။

EIS မှာကတော့ phone ရဲ့လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုကို AI ကနေ စစ်ဆေးပြီး ချေဖျက်ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် EIS မှာက လှုပ်ရှားမှုတွေ အရမ်းများသွားပြီး ချေဖျက်ပေးနိုင်တဲ့ ပမာဏထက်ကျော်လွန်သွားရင်တော့ အဆင်မပြေနိုင်ပါဘူး။ OIS နဲ့ EIS နှစ်မျိူးလုံးပါပြီး အလုပ်လုပ်တဲ့ဖုန်းကတော့ အကောင်းဆုံး သော ပုံရိပ်တွေကို ရရှိနိုင်မှာပါ။

Tags: Smartphones Camera
ShareTweetSharePinSend

OtherRelated

Samsung Galaxy S26 Ultra vs iPhone 17 Pro Max
Apple

Samsung Galaxy S26 Ultra vs iPhone 17 Pro Max: The 2026 Flagship Showdown

March 31, 2026
Xiaomi 17 and Xiaomi 17 Ultra
Mobile

Xiaomi 17 and Xiaomi 17 Ultra Global Launch: MWC 2026 Recap

March 28, 2026
Mobile App

Meta and YouTube Found Liable in First US Social Media Addiction Trial

March 27, 2026
Samsung Galaxy A57
Android

Samsung Galaxy A57 & A37, Vivo V70 FE: Unveiling the Latest Mid-Range Powerhouses

March 27, 2026
iPhone 17e vs Honor Magic V6
Gadgets

iPhone 17e vs Honor Magic V6: The Best Smartphones of March 2026 Compared

March 26, 2026
Samsung Galaxy S26 Ultra
Mobile

Samsung Galaxy S26 Ultra: A Deep Dive into Privacy, AI, and Camera Innovations

March 25, 2026
Next Post

Exploring the Rumours: What Could the iPhone 15 Flip Phone Bring?

Are You Eligible to Receive Money From the 725 Million Facebook Privacy Lawsuit Settlement?

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • AI
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.