Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Mobile

OPPO A12 now available in Myanmar

by idigital news
May 5, 2020 - Updated on March 6, 2022
Reading Time: 2 mins read

OPPO A12 Price in Myanmar

မြန်မာနိုင်ငံအတွင်း သုံးစွဲသူအများစု ရရှိထားသည့် OPPO မှ တန်ဖိုးသင့် ဖုန်း OPPO A12ကို  ယနေ့တွင် မြန်မာနိုင်ငံစျေးကွက်သို့  စတင်မိတ်ဆက်လိုက်သည်။ OPPO A12 တွင် Storage အနေဖြင့်  4 GB RAM + 64 GB ROM ပါရှိပြီး Display အနေဖြင့် 6.22″ Water Drop Screen ဖြစ်သည်။ 3D စိန်ကွက်ပုံစံ ဒီဇိုင်းနှင့် အတူ ခြစ်ရာမထင် အကြမ်းခံနိုင်ပြီး ထူးခြားလှပပေါ့ပါးသော အသွင်အပြင်နှင့် ထွက်ရှိလာပြီး အနက်ရောင်နှင့် အပြာရောင် နှစ်ရောင် ရွေးချယ်နိုင်မည်ဖြစ်သည်။ OPPO A12 ကို  မြန်မာ‌ကျပ်ငွေ ၂၂၉,၉၀၀ ကျပ် ဖြင့် မေလ ၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

oppo introduces a12 in myanmar

OPPO A12  ၏ ကျောဘက်ကင်မရာတွင်  13MP Main Camera + 2MP Depth Camera  တို့ကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာအဖြစ် 5MP Camera ပါဝင်သည်။  ပုံရိပ်များ၏ အရောင်အသွေးများကို Pixel-mapping Algorithm နှင့်အတူ ပိုမို စိုပြည် တောက်ပစေသည့် Dazzle Color Mode၊ မည်သည့် နောက်ခံ background တွင် မဆို လှပသော ရှေ့ကြည် နောက်ဝါး  ပုံရိပ်များ ရရှိစေမည့် Portrait Bokeh နှင့် ကျား ၊မ၊ အသက်၊ အသားအရောင်၊ မျက်နှာ ထူးခြားချက်တို့ကို AI နည်းပညာတို့ဖြင့် စနစ်တကျ တွက်ချက်ပေးပြီး သဘာဝဆန်ဆန်ဖြင့် ပိုမိုလှပသော ပုံရိပ်များ ရိုက်ကူးပေးသော AI Beautification စသည့် Functions များ ပါရှိသဖြင့် မည်သည့် အချိန်တွင်မဆို အမှတ်တရများကို လှပသော ပုံရိပ်များအဖြစ် ပြောင်းလဲသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ဗီဒီယိုတိုများ၊ Vlog များ ရိုက်ကူးတည်းဖြတ်ရာတွင် Material များ၊ Template များ အစုံအလင်ဖြင့် စက္ကန့် ၂၀ အတွင်း လွယ်ကူလျင်မြန်စွာ တည်းဖြတ်ပြီး စိတ်ဝင်စားဖွယ် အရည်အသွေး ကောင်းမွန်သော Vlog များကို ဖန်တီးနိုင်သော Soloop Editor ကိုလည်း ထည့်သွင်း ပေးထားသည်။

OPPO A12 သည် အထူ 8.3 mm နှင့် အလေးချိန် 165 g သာ ရှိသည့်အတွက် ပါးလွှာ ပေါ့ပါးသည့် ခံစားမှုမျိုး ရရှိနိုင်မည်ဖြစ်သည်။ Screen to Body Ratio မှာ 88.3% ဖြစ်ပြီး OPPO ၏ အဆင့်မြင့် Facial Recognition နည်းပညာကို အသုံးပြုထားသောကြောင့် မျက်နှာကို တိကျသေချာစွာ ဖတ်ပြီး 0.08s အတွင်း ဖုန်းကို Unlock ပေးနိုင်သော AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍  Unlock စနစ်(၂) မျိုး ပါရှိသည်။

ထို့ပြင် Max CPU Frequency: 2.3 GHz ပါရှိသော Octa-core processor P35 အပြင် 4230mAh Battery ကို ထည့်သွင်း အသုံးပြုထားသည့်အတွက် ဗီဒီယိုကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်းတို့သာမက ဖုန်းကို အချိန်ကြာမြင့်စွာ ချောချောမွေ့မွေ့ အသုံးပြုနိုင်မည်ဖြစ် သည်။ OPPO A12  တွင် ColorOS 6.1 System ကို အသုံးပြုထားခြင်းကြောင့် Color OS 6.1 ၏ feature များဖြစ်သည့် စက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူး အဆင်ပြေစေသော RidingMode ၊ ကွဲပြား ခြားနားသော ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ ဂိမ်းကစားရာတွင် မိမိ စိတ်ကြိုက် စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှု ပမာဏကို ဖန်တီးနိုင်သည့် Game Space စသည့် အသစ် သစ်သော လုပ်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

Dimension155.9 x 75.5 x 8.3 mm
Weight165g
DisplayIPS LCD capacitive touchscreen, 16M colors (6.22 in)
OSAndroid, Color OS 6.1
Main Camera13 MP (Main), 2 MP (Depth)
Selfie Camera5 MP
ColorBlue, Black
Price229,900 MMK
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Apple

First Look: Apple Unveils iPhone 17, iPhone Air, and a Smarter AirPods Pro 3

September 10, 2025
Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Mobile

ကမ္ဘာ့ထိပ်တန်း SoC ထုတ်လုပ်တဲ့ company များ

December 14, 2022
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Future Tech

စမတ်ဖုန်းမှာတင် DSLR Camera Lens တပ်ဆင်အသုံးပြုလို့ရမယ့် Xiaomi ရဲ့ S12 Ultra Concept Phone

November 14, 2022
Next Post

4 Offline Games to spend your time in stay-home period

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version