Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Lifestyle

Facebook Introduces Messenger Rooms

by idigital news
April 25, 2020 - Updated on March 6, 2022
Reading Time: 2 mins read

ထိပ်တန်း Social Media ဖြစ်တဲ့ facebook ဟာ Messenger Rooms ကို စတင်မိတ်ဆက်ပြီး Video Conferencing platform ကို စတင်လိုက်ပါပြီ။ Facebook ဟာ Messenger Rooms အပြင် Live Streaming features အသစ်များကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် facebook က ပိုင်ဆိုင်တဲ့ Whatapps မှာလည်း Group Video Call ကို မူလ လေးယောက်ကနေ ရှစ်ယောက်အထိ ပြောနိုင်အောင် တိုးချဲ့ခဲ့ပါတယ်။

Facebook Messenger Room Demo
Photo – Facebook

Messenger Rooms ကို အသုံးပြုဖို့ Facebook သို့မဟုတ် Messenger ကနေ Room တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Room Link ကို ရှဲပြီး သူငယ်ချင်း အယောက် ၅၀ အထိ ပါဝင်ဖို့ ဖိတ်ခေါ်နိုင်ပါမယ်။ Room ကို ပါဝင်နိုင်ဖို့ Facebook account ရှိဖို့ မလိုအပ်ပါဘူး။ Room ကို စတင်ဖန်တီးသူအနေနဲ့ ဖန်တီးထားတဲ့ Room ကို စိတ််ကြိုက်စီမံနိုင်မှာပါ။

Photo – Facebook

Facebook အနေနဲ့ Messenger Rooms အပြင် Live features အသစ်များကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

  • ‘Live with’ feature ကို ပြန်လည်ထည့်သွင်းပေးခဲ့ပြီး Live Video မှာ သူငယ်ချင်းတွေပါ ပါဝင်နိုင်မည်
  • Facebook event တွေကို online only သတ်မှတ်လို့ ရမှာဖြစ်ပြီး live လွှင့်လို့ ရတဲ့ feature ပါဝင်မည်
  • Fundraiser တွေအတွက် Live မှာ Donate button ထည့်လို့ ရမည်
  • Live Videos တွေအတွက် connection မကောင်းခဲ့လျှင် အသံပဲ နားထောင်လိုက နားထောင်နိုင်မည်
  • Public Live Videos များကြည့်ရန် facebook account ရှိရန် မလိုပဲ အလွယ်တကူ ကြည့်နိုင်မည်

Pandemic ကာလအတွင်းမှာ လူတွေဟာ အိမ်မှာနေပြီး အလုပ်၊ ကျောင်း၊ ဂိမ်း အပြင် အချင်းချင်းဆက်သွယ်ဖို့ Digital နည်းပညာတွေကို မဖြစ်မနေ အသုံးချဖို့ လိုလာတာဖြစ်ပါတယ်။ Video Conferencing app တစ်ခုဖြစ်တဲ့ Zoom ဟာ အသုံးပြုသူ ၁၀ သန်း ရှိရာကနေ သန်း ၃၀၀ အထိ အသုံးပြုသူ ရှိလာခဲ့ပါတယ်။

Facebook အနေနဲ့ ကပ်ရောဂါကာလအတွင်း လူတွေရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ facebook အနေနဲ့ မကြာသေးခင်ကလည်း Facebook Gaming app ကို ဖြန့်ချီပေးခဲ့ပြီး Gaming app မှတစ်ဆင့် Games Live Streaming တွေကို ကြည့်ရှုနိုင်မယ့်အပြင် instant games တွေကိုလည်း ကစားနိုင်မှာဖြစ်ပါတယ်။

 

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Twitter

Twitter ဌက်ပြာလေးမှ X သို့

July 29, 2023
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Twitter

Elon Musk လက်ထက် Twitter ရဲ့ ပြောင်းလဲမှုများ

November 14, 2022
Future Tech

သင့်ရဲ့ဖုန်းနဲ့ Small Gadget တွေကို အားသွင်းပေးနိုင်မယ့် အဝတ်စ

November 14, 2022
Social Media

Facebook Mobile App ပေါ်က Instant Article လုပ်ဆောင်ချက်ကို ဖျက်သိမ်းပစ်တော့မယ့် Meta

October 30, 2022
Next Post

COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကို MOHS ထုတ်ပြန်

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version