Buy Me a Coffee
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
No Result
View All Result
Home Editors’ Picks

Unlimited Storage အခမဲ့ ပေးခြင်းကို ရပ်ဆိုင်းတော့မယ့် Google Photos

by idigital news
November 28, 2020 - Updated on October 14, 2022
Reading Time: 1 min read

Google Photos က နောက်နှစ် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့က စပြီး unlimited storage ပေးခြင်းကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Gmail အကောင့်ဖွင့်စဉ်က ရရှိတဲ့ ၁၅ ဂစ်ကိုသာ ရရှိတော့မှာ ဖြစ်ပြီး အဆိုပါ ၁၅ ဂစ်ကိုသာ Google Photos အနေနဲ့ မျှဝေသုံးစွဲရမှာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့မတိုင်ခင် upload ပြုလုပ်ထားတဲ့ storage ကိုတော့ ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။ ဆိုလိုတာက ဇွန်လ ၁ ရက်နေ့ မတိုင်ခင် တင်ထားတဲ့ ဓါတ်ပုံတွေအပြင်ကို 15GB သက်သက် ရရှိမှာ ဖြစ်ပါတယ်။

ဂူးဂဲအနေနဲ့ high quality ဓါတ်ပုံများအတွက် အကန့်အသတ်မဲ့ ဖိုင်သိမ်းဆည်းမှုကို ၅ နှစ်ကြာ အခမဲ့ ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အခမဲ့ပေးခြင်းကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ၁၅ ဂစ်ထက် ပိုသုံးတဲ့ အကောင့်တွေအတွက် အခကြေးငွေ စတင်ကောက်ခံတော့မှာ ဖြစ်ပါတယ်။

Google Photos အပြင် Google ရဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Docs, Sheets, Slides အစရှိတဲ့ ဝန်ဆောင်မှုတွေအတွက်လည်း Google Drive ရဲ့ ၁၅ ဂစ် ကိုသာ မျှဝေသုံးစွဲရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အနည်းဆုံး နှစ်နှစ်အထိ အသုံးမပြုတော့တဲ့ အကောင့်တွေရဲ့ ဒေတာတွေကိုလည်း ဖျက်ပစ်မှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Drive ရဲ့ အခမဲ့ ၁၅ ဂစ်ဟာ အခြားသော ပြိုင်ဘက်တွေထက် ပိုများနေသေးတာ ဖြစ်ပါတယ်။ Apple က icloud ကို 5GB အထိသာ အခမဲ့ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Google Photos အသုံးပြုသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နောက်သုံးနှစ်အထိ 15 GB limit ကို မရောက်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဒီ ဖိုင်အကန့်အသတ် ပြောင်းလဲမှုဟာ Google Pixel ဖုန်းတွေကလွဲပြီး ဖုန်းအားလုံးအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။ Google Pixel 1-5 ကတော့ ပုံမှန်အတိုင်း unlimited storage က ဆက်လက် ရရှိနေဦးမှာ ဖြစ်ပါတယ်။

ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Xiaomi

Xiaomi ရဲ့ MiUi တွေ အဆုံးသတ်ချိန် ရောက်ပြီလား။

October 17, 2023 - Updated on September 8, 2025
Social Media

Twitter ကို ယှဉ်ဖိုက်မယ့် ” ခြ ” သို့မဟုတ် Meta ရဲ့ Threads

July 6, 2023
Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Tips & Tricks

သိန်း ၁၅၀ ဖိုး Email Marketing Service ကို အခမဲ့ ဘယ်လိုယူမလဲ

June 16, 2023 - Updated on September 5, 2025
Facebook

ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုအတွက် Facebook က အသုံးပြုသူတွေကို ဒေါ်လာ ၇၂၅ သန်း လျော်ကြေးငွေ ပေးမည်

April 21, 2023
Mobile

ကင်မရာတွေမှာ ပါ၀င်နေတဲ့ software တွေအကြောင်း 

November 18, 2022 - Updated on September 11, 2025
Next Post

Xiaomi's New Flagship Phone may come earlier than before

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.

Exit mobile version