Buy Me a Coffee
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
  • Mobile
  • Blockchain & Crypto
  • Tips & Tricks
  • Social Media
  • More
    • Gadgets
    • Gaming
    • Future Tech
    • Lifestyle
    • Tech Companies
    • Web
No Result
View All Result
iDigital News
No Result
View All Result
Home နွေဦးတော်လှန်ရေး ပြည်တွင်းသတင်း

စစ်ကောင်စီမီဒီယာ အလိမ်အညာသတင်းများထုတ်လွှင့်နေဟု ကင်းမရွာသားများပြော

idigital news by idigital news
June 19, 2021 - Updated on March 3, 2022
Reading Time: 1 min read

ကင်းမရွာ တစ်ရွာလုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး  စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ထုတ်လွှင့်နေတဲ့သတင်းတွေဟာ အလိမ်အညာတွေပဲဖြစ်တယ်လို့ ကင်းမရွာသားတွေက တုံ့ပြန် ပြောကြားလိုက်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၅ ရက်နေ့မှာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာပါ။

ကင်းမရွာ မီးလောင်ပြီး မြင်ကွင်း

စစ်ကောင်စီရဲ့ မီဒီယာတွေဖြစ်တဲ့ မြဝတီနဲ့  MRTV ရုပ်မြင်သံကြားကနေ ကင်းမရွာရွာသားတွေက ကိုယ့်ရွာကိုယ်မီးရှို့ခဲ့တာလို့  အကြိမ်ကြိမ်ထုတ်ပြန် ကြေညာနေတာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့သတင်း ထုတ်ပြန်ချက်ဟာ အလိမ်အညာတွေဖြစ်ပြီး စစ်သားတွေမီးရှို့တာကို ရွာသားတွေက မျက်မြင်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အမှန်တကယ်က ဒီကောင်တွေက လိမ်နေတာဗျ။ စစ်တပ်ကမီးရှို့တာဗျ။ အကုန်လုံးလည်းမြင်နေတာပဲ။  ရွာသားတွေက ပုန်းပြီးကြည့်နေတာ။ တစ်အိမ်ပြီး တစ်အိမ်မီးရှို့တယ်။ မလောင်တဲ့အိမ်တွေပါ ထပ်ရှို့တာဗျ။ အာဏာသိမ်းပြီးကတည်းက သူတို့လုပ်တာက လူသတ်တယ်၊ မုဒိန်းကျင့်တယ်၊ မီးရှို့တယ်၊ ဒါပဲ လုပ်တတ်တာဗျ။

ကင်းမ ရွာသားတစ်ဦး

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကင်းမရွာကို မီးရှို့ခဲ့တဲ့အပြင်  ရွာကိုမှာ မီးလောင်နေတာကို ငြှိမ်းသတ်ဖို့ သွားမယ့် မီးသတ်တပ်ဖွဲ့ရဲ့ ကားတွေကိုလည်း ထွက်ခွာခွင့်မပေးခဲ့ဘူးလို့  မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ကင်းမရွာ မီးလောင်ပြီး မြင်ကွင်း

တပ်ကရှို့တာပါဗျ။ သေချာပါတယ်။ လိုင်းပေါ်မှာတင်ထားတာတွေက ဖန်တီးထားတာပါ။ တပ်ကမီးရှို့တယ်ဆိုတာထင်ထင်ရှားရှားပဲ၊ ရွာသားတွေကဒီလိုပဲပြောကြမှာပါ။ ပြည်သူလူထုကို ဒီလိုကြီးလုပ်ရက်လောက်အောင်စိတ်ထားမျိုး မထားသင့်ဘူး။ အိုးမဲ့အိမ်မဲ့ဖြစ်သွားလောက်အောင်စိတ်ထားမျိုးတွေနဲ့ မလုပ်စေချင်ဘူးပေါ့။ အိုးမဲ့အိမ်မဲ့ဖြစ်သွား လောက်အောင်တိုက်တာကြတော့ မကောင်းဘူးပေါ့ဗျာ

ကင်းမ ရွာသားတစ်ဦး

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကင်းမရွာမှာ လူဦးရေ ၁၀၀၀ လောက် နေထိုင်နေတာဖြစ်ပြီး အိမ်ခြေ ၂၄၀ လောက်မှာ အိမ် ၃၀ လောက်ပဲ မီးမလောင်ဘဲကျန်ရစ်တယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။ စစ်တပ်ဝင်လာတဲ့အချိန်မမှာ ရွာသားတွေက ထွက်ပြေးပေမယ့် ထွက်မပြေးနိုင်တဲ့ အသက် ၈၀ ကျော်အရွယ် အဘိုးအဘွား နှစ်ယောက် မီးလောင်သေဆုံးသွားခဲ့ပါတယ်။

ကင်းမရွာသားတွေဟာ လတ်တလောမှာ နေစရာမရှိဘဲ တောထဲမှာ တိမ်းရှောင် ပုန်းနေကြရပါတယ်။ တချို့ကတော့  အနီးအနားရွာတွေမှာ ခိုလှုံနေကြရပါတယ်။ ရွာသားတွေဟာ ပိုင်ဆိုင်မှုအကုန်လုံး မီးထဲပါသွားတဲ့အတွက် စားဝတ်နေရေးခက်ခဲနေပြီး လတ်တလောစားဖို့အတွက်က အနီးအနားရွာတွေကလှူတယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။

ဆက်စပ်သတင်းများ

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

စစ်တပ်ရဲ့ ရွာလုံးကျွတ်မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုတွေကို နိုင်ငံတကာသံရုံးတွေကလည်း အပြင်းအထန် ရှုတ်ချကန့်ကွက်ထားပြီး ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ခိုင်လုံတဲ့ သက်သေတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။  

ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းမှာလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ မကြာခဏကျူးလွန်ခဲ့ဖူးပါတယ်။  

Source: DVB
Tags: ကင်းမရွာမီးလောင်မှု
ShareTweetSharePinSend

တခြား စိတ်ဝင်စားစရာ

Blockchain & Crypto

မြန်မာ့ပထမဆုံး Neobank အဖြစ် Spring Development Bank ကို NUG စတင်မိတ်ဆက်

June 21, 2023 - Updated on September 5, 2025
Blockchain & Crypto

NUGPay ကို Playstore တွင် ဒေါင်းလုဒ်ရယူနိုင်ပြီ

June 30, 2022
Blockchain & Crypto

NUGPay အကောင့် ဘယ်လို ဖွင့်မလဲ

June 26, 2022
Blockchain & Crypto

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်ပိုက်ဆံ – DMMK ကို စတင်မိတ်ဆက်

June 20, 2022 - Updated on June 21, 2022
Gaming

နာမည်ကြီး Minecraft ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ The PDF Game

June 14, 2022 - Updated on October 13, 2022
Burma Spring Revolution

မူတြော်ခရိုင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

March 27, 2022
Next Post

ပန်ကူ စစ်ရှောင်စခန်းရောက် လွယ်ကန် ရွာခံတွေ ‌နေရပ်ပြန်၊ ရွာမှာ စစ်ကောင်စီတပ်သားရဲ့ အလောင်းတွေ မီးရှို့ထား

  • About
  • Privacy Policy
  • Terms and Conditions
  • Contact Us

© 2022 iDigital News - Latest Technology News.

Click to Copy
No Result
View All Result
  • Home
  • Mobile
  • Social Media
  • Tips & Tricks
  • Gaming
  • Play Wordle

© 2022 iDigital News - Latest Technology News.